❄︎ Chapter-8 ❄︎

1.6K 135 8
                                    

Unicode Version

"စစ်ဝမ်ပွဲတော်ကျရင် ...ကျွန်တော်နဲ့အတူ သွားကြည့်ချင်လား "

"အဲ့သလို ရလား "

လင်းလက်လာသော မျက်လုံးတွေနဲ့အတူ မော့ကြည့်လာတဲ့ကြင်ယာတော်ကို မဝံ့မရဲ ခေါင်းငြိမ့်ပြမယ့်အချိန်တွင် အခန်းထဲကိုဝင်လာသောငွေရောင်ဆံနွယ်တွေနဲ့ အမျိုးသားဆီမှ အလွန်ခက်ထန်လှသောအသံကိုကြားလိုက်ရ၏။

"မရဘူး ..."

ထိုလူသည်ကား အလွန်ချောမောခန့်ညားသော မျက်နှာအားပိုင်ဆိုင်ထားပါသော်လည်း ခက်ထန်နေတဲ့အသံနဲ့ အေးစက်စက်အပြုအမူကြောင့် လူရှိန်ဖို့ရာကောင်းလှပါပေသည်။ အရှင်ဧကရာဇ်ရောက်လာတယ်ဆိုတဲ့ အသိကြောင့် ကျန်းကျယ်ဟန့်အလိုလို မတ်တပ်ရပ်မိလျက်သား။

ကျင့်ချင်အန်းကတော့ အလွန်ရင်းနှီးကျွမ်းဝင်လှသောအခြေအနေတွေဖြစ်ဟန်တူပါသည်။ ပေါ့ပေါ့ပါးပါးပဲ အရိုအသေပြုလို့ နှုတ်ဆက်လေ၏။

"ဦးရီတော် ... "

အရှင်ကုန်းကျွင်းဟာ ကျန်းကျယ်ဟန့်ကို ခေတ္တငဲ့ကြည့်ပြီးနောက် မသိချင်ယောင်ပြုကာ ချင်အန်းကို ခေါင်းငြိမ့်ပြသည်။

"ဦးရီးတော် ကြင်ယာတော်က အခုမှဒီရောက်ကာစဆိုတော့ နေရာသိပ်မရင်းနှီးသေးဘူးမလား.. စစ်ဝမ်ပွဲတော်ကျရင် ကျွန်တော်လိုက်ပြပေးချင်လို့ပါ "

"မလိုဘူး ချင်အန်း သူသွားလို့မရဘူး .."

"........"

ကျန်းကျယ်ဟန့် အလိုမကျမှုကြောင့် ခေါင်းငုံ့နေပြီး လက်သည်းတွေကိုသာ ဆိတ်၍နေလေသည်။ ဘယ်လိုလုပ်ရမှာလဲ သူမှ ဒီဧကရာဇ်ခေါင်းမာတဲ့ကောင်စုတ်လေးကို ပြန်ခံမပြောရဲတာပဲ။

"သူက ဒီကလူမဟုတ်ဘူး သူစိမ်းတစ်ယောက်ပဲ .. အချိန်မရွေးထွက်ပြေးသွားနိုင်တယ် ဘာရလဒ်မှမကောင်းဘူး ပြီးတော့ ကြင်ယာတော်တစ်ယောက်က နန်းဆောင်ထဲမှာပဲရှိနေ‌သင့်တယ် .. အပြင်ထွက်ပြီးဘာအရှုပ်ထုပ်တွေလုပ်မလဲ မသိနိုင်ဘူး "

ဗွင်းဗွင်းရှင်းရှင်းဗြောင်ကျလှသော အရှင်ကုန်းကျွင်းစကားကိုနားထောင်ရုံနဲ့ ထိုလူအခုထိကျန်းကျယ်ဟန့်ကို မယုံသေးမှန်းသိသာလှသည်။စိတ်အလိုမကျမှုပိုတိုးလာသော ကြင်ယာတော်မျက်နှာက ပိုမိုဝမ်းနည်းလာသည်နှင့်တူလျက် ခပ်တိုးတိုးရေရွတ်လိုက်သည်။

Red Spider Lily's Lord Where stories live. Discover now