❄︎ Chapter 3❄︎

1.9K 165 14
                                    

Unicode version

အရှင်ပြောခဲ့သည်မှာတော့ ဒီအတိုင်းစောင့်ကြည့်ချင်တယ်ဆိုပေမယ့် ရှီဟွမ်ရှင်းကတော့ အရှင့်ရဲ့ခံစားချက်တွေကို သံသယဝင်မိသည်။ဒါကြောင့် အရှင့်ဆီကပြန်လာသည်နှင့် ကြင်ယာတော်အဆောင်ဘက်ကို ထွက်လာခဲ့တော့သည်။
သစ်ဆွေးရောင်နန်းဆောင်ကျယ်ကြီးက ဒီတိုင်းပြည်ရဲ့ ကြင်ယာတော်တစ်ပါးအနေနဲ့ နေထိုင်ဖို့ တင့်တယ်လှသည်။ဒါပေမယ့် ကြင်ယာတော်က အမျိုးသမီးတစ်ယောက်မဟုတ်ဘူးဆိုတဲ့ စကားကတော့အလွန်အမင်းကို မသင့်တော်လှလေဘူးဟု သူထင်မိသည်။

နန်းဆောင်ထဲရေနွေးကြမ်း‌သောက်ရင်း စောင့်ဆိုင်းနေရာ မကြာခင်မှာ ကျွန်းတံခါးကြီးဖွင့်လာပြီး ကျင့်ချင်အန်းနှင့်အတူ အဖြူရောင်ပိုးထည်ဝတ်ဆင်ထား‌၍ ဆံနွယ်ကပိုကရိုနှင့်အမျိုးသားတစ်ဦးဝင်ရောက်လာသည်။ထိုသူရောက်လာတာနှင့် စန္ဒကူးပန်းရနံ့လိုလို အလွန်မွှေးသော အနံ့တစ်ခုက တိုးဝင်လာသည်။ကြည်လင်ဖြူ‌ဖွေးနေသော အသားအရည်နှင့် မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီက အလွန်လှပပါသည်။ထို့သော်လည်းထိုအလှမှာ အမျိုးသမီးတွေလို နူးညံ့သောအလှအပမျိုးလည်း မဟုတ်ပေပြန်ဘူး။

ရှီဟွမ်ရှင်းသောက်လက်စ ရေ‌နွေးခွက်ကိုပင် လွှတ်ချမိလိုက်တော့ ကျင့်ချင်အန်းမှာ မျက်ရိုးတွေကို လက်နဲ့ကိုင်မိပြီး စိတ်ပျက်စွာနှင့် စိတ်ထဲကတွေးလိုက်သည်။

//ဒီလူကတော့ တွေ့သမျှ အလှအပတိုင်းကို လိုက်ပြီးကြည့်တတ်တာပဲ //

ကျန်းကျယ်ဟန်ဒီအထဲမဝင်ခင်ကတည်းက အစေခံတစ်ချို့ရဲ့ပြောပြချက်အရ ရှီဟွမ်ရှင်းဆိုသည့်လူရောက်နေတာကို သိခဲ့သည်။ထိုသူက အရှင်ရဲ့ ငယ်ပေါင်းသူငယ်ချင်းတစ်ဦးဖြစ်၍ အခုချိန်မှာ ဘယ်လက်ရုံး ရံခြွေတော်တစ်ယောက်ဖြစ်လေ၏။

"သခင်လေးရှီကို ဂါဝရပြုပါတယ် "

"မ...မလိုပါဘူး ကြင်ယာတော် ..ကျွန်တော်..ကျွန်တော်က ဂါဝရပြုရမှာပါ...ရိုင်း..ရိုင်းစိုင်းသလို ဖြစ်..ဖြစ်သွားပြီ "

ထိုသူရဲ့ စိတ်မသက်မသာအပြုအမူကြောင့် ကျန်းကျယ်ဟန် ကြောင်အသွားမိသည်။ကျင့်ချင်အန်းကတော့ အသံတိုးတိုးဖြင့် လှောင်ရယ်လို့နေသည်။

Red Spider Lily's Lord Where stories live. Discover now