❄︎Chapter-5❄︎

1.8K 161 5
                                    

(Unicode Version)

မရဏတိုင်းပြည်ဟုခေါ်သော စစ်ဝမ်နယ်နိမိတ် ။
တစ်နည်းအားဖြင့် ထိုနေရာသည်ကား လွန်စွာအုံ့မှိုင်းသော တောနက်ဒေသတစ်ခုဖြစ်၍ အဆိပ်ရှိသတ္တဝါများပေါများလှသည်။
နေ့ဆိုသည်ကား နေ့အလင်းရောင်ကောင်းမမြင်ရသလို ညဆိုလျှင်လည်း ကြယ်ရောင်လရောင်ကားကင်းမဲ့လျက်သာ။

အလွန်ကြာရှည်လှသောညတာရှည်ကြီးကိုဖြတ်သန်းပြီး မနက်စင်စင်လင်းတော့ ကျန်းကျယ်ဟန့် ခက်ခက်ခဲခဲထယူရသည်။အရှင်က ငြင်သာပါတယ်လို့ ပြောလို့သာပဲ မဟုတ်ရင်တော့ သူဒီကနေဆယ်ရက်လောက်ထနိုင်မယ်မထင်ပါလေ။

နိုးလာတော့ ခန္ဓာကိုယ်က စေးကပ်ခြင်းမရှိသလို၊အနံ့သက်မကောင်းတာမျိုးလည်း မရှိပါ၊အရှင်က သူ့စကားအတိုင်းပဲ သန့်စင်ပေးသွားတာပဲ။ကျန်းကျယ်ဟန့် ပါးတွေနဲ့နားရွက်တွေက အလွန်ပူရှိန်းတက်လာပြီး အငွေ့ပျံ့ချင်သလိုဖြစ်လာသည်။ဒါပေမယ့် စိတ်မကောင်းစရာက အရှင်ကအစောကြီးထဲကထွက်သွားခဲ့ပြီ။

အဆောင်သစ်သားတံခါးကြီးခေါက်သံကြောင့် ကျန်းကျယ်ဟန့် အိပ်ရာပေါ်က မနည်းကုန်းရုန်းထလာရသည်။

"ဘယ်သူလဲ "

"ကြင်ယာတော် ..ကျွန်တော်ပါ .."

ခပ်အေးအေးရှင်းလင်းလှသောအသံနှင့်အတူ ထိုအသံက ကျင့်ချင်အန်းမှန်း ကျန်းကျယ်ဟန့် အတပ်သိလေသည်။

"အင်း ဝင်ခဲ့ "

ချင်အန်းအခန်းထဲဝင်ဝင်လာခြင်းမှာ ခန္ဓာကိုယ်က ယိုင်လုနီးပါးဖြစ်နေတဲ့ ကျန်းကျယ်ဟန့်ကို ဆွဲထိန်းပေးလိုက်သည်။ ပေါက်ပြဲနေသော နှုတ်ခမ်းဖြူတွေနဲ့ ကြင်ယာတော်က တကယ်ကို ဒုက္ခများခဲ့ပုံပဲ။

"အဆင်ပြေရဲ့လား .."

"ဟမ် ? "

ကျန်းကျယ်ဟန့် ချင်အန်းသိနေတာလားဆိုတဲ့ အတွေးနဲ့ပိုပြီးအရှက်သည်းရပြန်သည်။

"ကြင်ယာတော် အခုတလော မအိပ်ပျော်ဘူးလား ..နေရာအကူးအပြောင်းဆိုတော့ ခက်ခဲမှာပဲ မျက်နှာသိပ်မကောင်းဘူး "

ထိုအခါမှ ကျန်းကျယ်ဟန့်သက်ပြင်းချနိုင်တော့သည်။ချင်အန်းက ရိုးရိုးသားသားပြောလိုက်တာကို သူကသာမရိုးမသားတွေးနေမိတာပဲ။

Red Spider Lily's Lord Where stories live. Discover now