The Thief ( Part 1)

1.1K 58 6
                                    

The Thief (Part 1)

(◔‿◔) (◔‿◔) (◔‿◔)

အိမ်ခြေ လေးငါးဆယ်လောက်သာ
ရှိတဲ့ ရွာလေးတစ်ရွာ ..

အချိန်အားဖြင့် ညသန်းခေါင် အချိန် ..

တစ်ရွာလုံး ညဘက် အစာရှာ ထွက်တဲ့
ဇီးကွက်ငှက်သံ နဲ့ ပုဇင်းရင်ကွဲသံ တို့ကလွဲပြီး
တိတ်ဆိတ်လို့နေတယ် ..

လမိုက်ည ဖြစ်တာကြောင့် ကောင်းကင်မှာ
ကြယ် အလင်းရောင်သာ တဖျတ်ဖျတ်
မှိတ်တုတ်နဲ့ ..

အဲလို တိတ်ဆိတ်နေတဲ့ ရွာလေးထဲက
အိမ်လေးတစ်အိမ်မှာတော့ မီးခွက်ရောင်
မှိတ်တုတ်က မလင်း တလင်း ဖြစ်နေတယ် .

" အူးးးးး .....

" ဝုတ် ဝုတ် ...

" အူ ~~~~ အူ

" ဟယ် ခွေးကလည်း
ဒီညမှ အူ‌ နေလိုက်တာ လွန်ပါရော "

လမ်းမဘက်ကို လှမ်းကြည့်ပြီး
လက်သည်ဖြစ်တဲ့ဒေါ်ဂျာမိုင်ပြောလိုက်တယ်

" ကျုပ် ကြက်သီးတောင် ထောင်တယ် "

အကူဖြစ်တဲ့ ဒေါ်လှကပါ စကား
လှမ်းထောက်လိုက်တယ် ..

" အားး ကျွတ် ကျွတ် .. "

" ဗိုက်က ပိုနာလာတယ် ကြီးတော်ရယ် "

ဖျာကြမ်းပေါ်မှာ သူ့ဗိုက်ကို အသာကိုင်ပြီး
လှဲနေတဲ့ ‌ မနန်းဆိုင် ညည်းလိုက်တယ် ..

" ညည်းဗိုက်က သားဦးဆိုတော့ ကြာနေတာ .
ဗိုက်နာတာ စိတ်လာရင် မွေးတော့မှာပါ " ..

ဘယ်တော့ ဗိုက်က မွေးမလည်း မသိ ..
မနန်းဆိုင် နာကျင်လွန်းလို့ အံ့ကြိတ်ပြီး
လက်သီးဆုပ်ထားမိတယ် . ..

မနန်းဆိုင်ဆိုတာ ဒီရွာသား ကိုအိုက်လျန်နဲ့
အိမ်ထောင်ကျပြီး ရောက်လာတဲ့
တစ်နယ်တစ်ကျေးသူ ..

အိုက်လျန်ဆိုတာ ဒီရွာလေးရဲ့
ဘုန်းကြီးကျောင်းမှာ ကြီးပြင်းလာရတဲ့
မိဘမဲ့တစ်ယောက် ..

ကိုအိုက်လျန်က ကုန်ကားမောင်းသမား ..

အနယ်နယ်က ကုန်းစိမ်း ကုန်ခြောက် အကုန်လုံးအရပ်ရပ်ကို လိုက်ပို့နေတဲ့သူ ..

The ThiefWhere stories live. Discover now