The Thief ( END )

911 57 4
                                    

The Thief (   ဇာတ်သိမ်းပိုင်း  )

(◔‿◔) (◔‿◔) (◔‿◔)

" P'MEW  ကျတော်လည်း နေကောင်းလာပြီ
ဆိုတော့ အိမ်ပြန်နေလိုက်တော့မယ် "

Gulf အရှေ့က ပန်းကန်ပြားထဲ
ဟင်းထည့်ပေးရင်း MEW ကြည့်လိုက်တယ်

" ဘာလို့ ပြန်မှာလည်း
ဆရာဝန်ပြောထားတယ်မဟုတ်လား အနားယူရမယ်တဲ့လေ "

" ကြားပါတယ်  ကျတော် နားမှာပါ "

" မပြန်ပါနဲ့အုန်းကွာ ဆရာဝန်ပြောသလို
ကိုယ့်အိမ်မှာ  နှစ်လ သုံးလ လောက်နေပြီးမှ
အိမ်ပြန်ပေါ့ ..
ဟိုမှာက Gulf မဲ့ ပဲ အိမ်မှာရှိတာ  မဟုတ်လား
ဖောကလည်း အလုပ်လုပ်နေရတာ ..
ပြီးတော့ လူကြီးတွေလေ . 
မင်းကို ဂရုစိုက်နေရတာ ပင်ပန်းတာပေါ့ ..

ဒီမှာက လူတွေအများကြီးရှိတယ် ပြီးတော့
ဒေါ်ယုကလွဲရင် အားလုံးက လူငယ်တွေ "

MEW ပြောတာလည်း မှားတော့မမှား
ဒါပေမယ့် သူ ဘာမှသတိမရချိန်
MEW အိမ်မှာနေတာ ဘာမဖြစ်ပေမယ့် ..

သူ အားလုံးကို ပြန်ပြီး သတိရ
နေကောင်းလာတော့ နေရမှာ Gulf တမျိုး
ဖြစ်မိတယ် .  ..

Gulf စိတ်ထဲက အတွေးကို
MEW ရိပ်မိလိုက်တယ် ..

" Gulf ဒီမှာ ကိုယ်ပြောတာနားထောင် ..
မင်းအခုနေတာ ဘယ်သူအိမ်လည်း "

" P'MEW အိမ်လေ  "

" အင်း ဟုတ်ပီ "

" မင်းကရော ကိုယ့်ရဲ့ ဘာလည်း "

" ချစ်သူ "

" အဲဒါကို မင်းစိတ်ထဲမှာ အမြဲမှတ်ထား ..

MEW Suppasit ရဲ့ အိမ်မှာ သူ့ချစ်သူနေတာ
ဘယ်သူ့ကိုမှ မင်း အားနာနေစရာမလိုဘူး
ဘယ်သူ့မျက်နှာကိုမှလည်း အရိပ်ကြည့်
နေစရာမလိုဘူး ကြားလား "

အရေးထဲ မဏ္ဌပ်တိုင်တက်ပြနေတဲ့MEW ကို
Gulf ပြုံးရင်း မျက်စောင်းထိုးလိုက်တယ် ..

" အဲဒါဆိုလည်း
မဲ့တို့ကိုတော့ ခွင့်တောင်းအုန်းမှဖြစ်မှာပေါ့ "

" ရတယ် အခုတခါတည်း ဝင်ပြောလိုက်မယ်

" ဟွန်း ဇွတ်ကြီးပဲ"

The ThiefWhere stories live. Discover now