The Thief (Part 6)

432 46 1
                                    

The Thief ( Part 6 )

(◔‿◔) (◔‿◔) (◔‿◔)

MEWရုံးခန်းထဲ ဝင်လိုက်တာနဲ့ မြင်လိုက်ရတဲ့
မြင်ကွင်းက Gulf ကို မျက်လုံးထဲ
ဆံပင်စူးသွားတယ်

တစ်ဦးထဲမွေးချင်းမောင်နှမ မရှိတော့
Gulf ငယ်ဘဝထဲက သူများအတွက်ဆိုပြီး
တွေးပေးတတ်တာ မရှိခဲ့ .. တွေးလဲမတွေးခဲ့

တစ်နည်းပြောရင် တစ်ကိုယ်ကောင်းစိတ်
နဲနဲတော့ဆန်ခဲ့တယ် . 
အရွယ်ရောက်လာတော့လည်း ဒီလိုပဲ
ကိုယ့်အတွက်ပဲ အရင် ကိုယ်စဉ်းစားတယ် .

Gulf သူများအတွက်ဆိုပြီး တွေးမိတာ
MEW ကပထမဆုံးသော သူပဲ ..

သူ MEW အတွက်ရယ်ဆိုပြီး သေချာ
ယူလာတာ
ဒါကို တစ်ခြားတစ်ယောက်က ဒီလို
လုပ်နေတာတွေ့လိုက်ရတော့
Gulf စိတ်တိုသွားမိတယ် . 

" MEW ဒီ သရက်သီး ဘယ်က
ဝယ်တာလည်းကောင်းလိုက်တာကွာ ..
လုံးဝကို သဘာဝအသီး အစစ်ပဲ "

သရက်သီးဗူး တစ်ဗူးလုံး ကုန်အောင်စားပြီး
Sam လှမ်းမေးလိုက်တယ် ..

" ခင်ဗျား စားတဲ့ အသီးက
ကျုပ် P'MEWအတွက် ယူလာပေးတာ "

"  အွန့် !!  "

" Gulf "

ကျွဲမြီးတိုတိုနဲ့ ပြောလိုက်တဲ့  Gulf စကားကို MEW ရော Sam ပါ  ပါးစပ်အဟောင်းသာ
ဖြစ်သွားကြတယ် .. .

" MEW ဘယ်လို !! "

တအံ့တဩနဲ့ သူ့ကို လှည့်မေးလိုက်တဲ့
Sam ကို MEW ပြုံးပြီး ပုခုံးတွန့် လက်မြှောက်ပြလိုက်တယ်

ကိုယ့်အလုပ်ရှင်ရဲ့ ဧည့်သည်ဖြစ်နေလို့
Gulf ကိုယ့်စိတ်ကို ကိုယ်ထိန်းပြီး
MEW အခန်းထဲ ထွက်လာပေမယ့်
သူ့နှုတ်က ထိန်းမရပဲ စကားတခွန်းတော့
ပြောဖြစ်အောင် ပြောခဲ့တော့တယ် . 

" ကိုလွင် ဒီမှာ "

" အော် အေး Gulf , thank you "

သူ့လက်ထဲက ဖိုင်တွဲ ကိုလွင်ကို လှမ်းပေးပြီး
Gulf ကိုယ့်စားပွဲမှာ ပြန်ထိုင်လိုက်တယ် ..

Gulf မျက်နှာ ပုံစံကို ကြည့်ပြီး ကိုလွင်တောင်
ကြောင်အမ်းအမ်း ဖြစ်သွားတယ် . 

MEW နဲ့ ဘာများပြောလိုက်လို့ပါလိမ့် !!

MEW ကတော့ ဝန်ထမ်းတွေကို ဒီလို
အရမ်းဆူတတ်တဲ့ သူဌေးမျိုးတော့ မဟုတ် ..

The ThiefМесто, где живут истории. Откройте их для себя