The Thief (Part 11)

453 43 3
                                    

The Thief ( Part 11 )

(◔‿◔) (◔‿◔) (◔‿◔)

MEW  ကား ခြံရှေ့ရောက်တာနဲ့ 
ကောင်လေးတယောက်  အပြေးလာပြီး
တံခါးဖွင့်ပေးလိုက်တယ် ..

" ကိုပြည့်   ဦးသိန်း ဘယ်ရောက်နေလည်း "

" ထမင်းစားနေတယ်  အစ်ကို "

" အော် အေးအေး "

ကားမောင်းဝင်လိုက်တဲ့ ခြံကြီးကို
Gulf  ကားပြတင်းပေါက်ကနေ
လှမ်းငေးလိုက်တယ် . 

ခြံအကျယ်အဝန်း အနေအထားကို
မြင်လိုက်ရုံနဲ့MEWတို့ရဲ့ ကြွယ်ဝမှု့ကို 
Gulf မှန်းမိလိုက်တယ်

" Gulf ရောက်ပြီး ဆင်တော့လေ "

အိမ်ရှေ့ရောက်တဲ့အထိ သူ့အိမ်ကို ငေးနေတဲ့
Gulf ပုခုံးကို MEW ပုတ်လိုက်တယ်  ..

" အော် ! အဟီး ဟုတ်ကဲ့ "

MEW ပြောမှပဲ Gulf အဟောင်းသား
ဖြစ်နေတဲ့သူ့ပါးစပ်ကို ပိတ်ဖို့ သတိရ
တော့တယ် ..

ကားပေါ်ကဆင်းဖို့လုပ်နေတုန်း ခုနက
ကောင်လေး ရောက်လာပြီး Gulf ကို
တဲခါးဖွင့်ပေးဖို့ လုပ်လိုက်တယ် ..

" နေနေ ညီလေ အစ်က်ို့ ဘာသာ ဖွင့်မယ် "

MEW ကတော့ ဒီလိုနေထိုင်လာခဲ့လို့
ဒါတွေကအသားကျနေပေမယ့် ..
Gulf ကတော့ လူတယောက် ဒီလို
လုပ်ပေးတာကိုရှက်သလို ဖြစ်သွားရတယ် ..

MEW ကားပေါ်က ဆင်းပြီး Gulf ပုခုံးကို
သိုင်းဖက်လိုက်တယ် ..

"လာ  Gulf အိမ်ထဲဝင်ရအောင် "

MEWတို့ အိမ်ထဲဝင်လိုက်တာနဲ့ အိမ်ရဲ့ အလုပ်သမားတွေ သူ့တို့အနား ရောက်လာ
ကြတယ် ..

" Gulf ဒါက  အိမ်ရဲ့ စားဖိုမှုး ပြီးတော့
ကိုယ့်ကိုငယ်ငယ်ထဲက စောင့်ရှောက်
လာတဲ့ ဒေါ်စီ ..

ကိုယ့်မိဘတွေက နိုင်ငံခြားမှာ ဒီ အဒေါ်ကပဲ
ကိုယ့်ကို  ထိန်းကျောင်းလာခဲ့တာ "

" ဒေါ်စီ သူ့က Gulf ကျတော့်ကောင်လေး  "

MEW မိတ်ဆက်ပေးတဲ့ အမျိုးသမီးကြီးကို
Gulf ခေါင်းညိတ်ပြလိုက်တယ် ..

MEW ဆိုတာ ကိုယ့်လက်ထဲမှာ ကြီးပြင်း
အရွယ်ရောက်လာတဲ့ ကောင်လေး ..

The ThiefWhere stories live. Discover now