Episode(7)

2.4K 376 22
                                    

(U)

နောက်နှစ်ရက်လောက်ကြာတဲ့အထိ စိတ်က
တနုံ့နုံ့ဖြင့် အထိမခံဖြစ်ကာ ရင်ထဲလောင်ကျွမ်းနေသည်။
အကြောင်းအရင်းကြီးကြီးရှိသလားလို့ မေးပြန်လျှင်လည်း
အကြောင်းကား ကိုတင်မောင် ကိုရင်ပြန်ဝတ်မည့်ကိစ္စပင်ဖြစ်သည်။

ထပ်မံတားမြစ်လျှင်လည်း ဒေဝဒတ်ရဲ့သားတော် မာရ်နတ်ရဲ့ယောက်ဖအဖြစ် နတ်တို့သည် ကျွန်တော့်ကို ခေါ်ဆိုသမုတ်ကြတော့မည်။

မနက်အစောပိုင်းတည်းက အိပ်ယာထပြီး
မောင်မြဝင်းနှင့်အတူ စခန်းလိုက်ရန်ပြင်ဆင်နေရသည်။
ခရီးလမ်းကား လှည်းဖြင့်သွားလျှင် ဟိုအပင်ငြိဒီအပင်ငြိနှင့်
အဆင်မပြေသောကြောင့် ခြေလျင်ဖြင့်သာသွားရသည်။
တောင်ပေါ်မကျတကျလည်းဖြစ်သောကြောင့် တက်ရတဲ့တစ်လျှောက်
မောတစ်ဝက် မမောတစ်ဝက်။

မိနစ်အနည်းငယ်ကြာတော့ တောင်ပေါ်နေရာရဲ့ သစ်ပင်အကွယ်တွေကြားမှ လူတစ်ယောက်စနှစ်ယောက်စ ထွက်လာသည့်
အရိပ်အား လှမ်းတွေ့နေရပြီ။

"ကိုမြဝင်းလာပြီလား ဒီနေ့နည်းနည်းနောက်ကျတယ်နော်"

"အေးကွာ ဒီကစာရေးဆရာက ပျော့တော့
သူ့စောင့်ရင်း တက်လာရတာ နည်းနည်းနောက်ကျသွားတယ်"

ကိုရောင်နီက လှမ်းမေးလာသော လူကောင်ခပ်သေးသေးနဲ့
ကောင်လေးအား တစ်ချက်ပြုံးပြလိုက်သည်။
သစ်ပင်ကြီးတွေနဲ့ နွယ်ပင်တွေရဲ့နောက်ဘက်ကို
ဖြတ်ကျော်သွားတော့ အထဲမှာ ဖြူဖွေးနေတဲ့ မြေဆီမြေနှစ်တို့ဖြင့်
အလယ်မှာ ဝါးအိမ်ပုလေးတစ်လုံး
ပတ်ပတ်လယ် မြေပြင်ကွက်လပ်ကြီးမှာတော့
တပ်ဖွဲ့ဝင်တို့သည် အတန်းလိုက် အတန်းလိုက်ဖြင့်
စီတန်းလေ့ကျင့်နေကြသည်။
အရှေ့ကဖြတ်သွားတဲ့ လူငယ်လေးရဲ့ လက်ထဲက ပစ္စည်းတွေကို ကျွန်တော်ကူသယ်ပေးလိုက်ရင်း ဘေးက မြဝင်းကို တစ်ချက်ပေးလိုက်သည်။
"ဒီကိုတစ်ရက်ခြားတစ်ခါလာပြီး လေ့ကျင့်ကြတာ
အချိန်လောက်လို့လားဗျ"

"လောက်တယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ
တစ်ချို့ကတော့ဒီမှာအိပ်ကြတာပေါ့ ကျုပ်ကသာ
သူကြီးကိုစိတ်မချလို့ အချိန်မှန်ပြန်ပြန်လာတာ
နောက်ပိုင်းဟိုကောင်တွေ ရွာထဲဝင်လာရင်တော့
ဒီမှာပဲ အခြေတကျနေရမယ်
တစ်ချို့က ဒီမှာပဲ အမြဲနေပြီး
တစ်ချို့ကတော့ ရွာမှာအတည်တကျနေပြီး ရွာကသတင်းမှန်သမျှ လှမ်းပို့ပေးရမယ်လို့ တိုင်ပင်ထားတယ်"

မောင်ရောင်နီ မောင်ရောင်နီ(Completed)Tahanan ng mga kuwento. Tumuklas ngayon