Episode(19)-2

2.1K 267 8
                                    

(U)

"အစ်မနဲ့ သူနဲ့က အထက်တန်းနှစ်လောက်မှာ စခင်တာ။ ခင်တယ်ဆိုတာထက် လူငယ်သဘာဝ ချစ်ကြိုက်ခဲ့ကြတာပေါ့။ အထက်တန်းပြီးတော့ သူကဒီမှာပဲကျောင်းဆက်တက်တယ်။ အစ်မကတော့ ဒယ်ဒီရှိတဲ့ဘိလပ်ကိုလိုက်ပြီး ပညာသင်ယူဖို့ဆုံးဖြတ်တယ်။ သူကဒါကို မကြိုက်ချင်ဘူးလေ အခြားတိုင်းတစ်ပါးမှာ ပညာကျွန်မခံစေချင်ဘူးတဲ့။ သူကဒီမှာပဲ ပညာသင် ဒီမှာပဲ ရာထူးခပ်ကြီးကြီးတစ်ခုယူမယ်ဆိုပြီး တကဲကဲလုပ်နေတာ။ အဲ့တော့အစ်မကပြန်ပြောလိုက်တယ် တိုင်းတစ်ပါးမှာ ပညာကျွန်မခံရင်တောင် ဒီနိုင်ငံမှာသူတို့ကျွန်ခံနေရတာပဲမလားလို့။ ဒီနိုင်ငံက ပညာရေးကမှ တကယ့်ကျွန်ပညာရေးစနစ် မောင်လေးရဲ့သိလား။ အစ်မက သူများနိုင်ငံမှာသွားနေတယ် ကိုယ့်မြန်မာနာမည်ကိုဖုံးပြီး ဂျက်စမင်ဆိုတဲ့ တိုင်းတစ်ပါးနာမည်ခံယူတယ် အခေါ်အဝေါ်တွေကအစ မြန်မာမှုပျောက်တယ် မှန်တယ်။ ဒါပေမယ့် အစ်မတို့နိုင်ငံမှာသင်ရတဲ့
စာတွေကြည့်ကြည့်စမ်း။ သမိုင်းစာအုပ်တွေမှာဆို ရှေးမြန်မာမင်းတွေ အုပ်ချုပ်မှုညံ့ဖျင်းကြောင်း အင်္ဂလိပ် မြန်မာစစ်ဖြစ်ရတာဟာ
မြန်မာမင်းတွေက စတင်ရန်ရှာလို့ ဖြစ်ရတာပါဆိုပြီးလုပ်ကြံရေးထားတဲ့
စာကြီးတွေကို အစ်မက ထိုင်ကျက်ပြီး ကျွန်မ ပညာတက်ပါဆိုပြီး ဂုဏ်ယူနေရမှာလား။ အစ်မခံယူချက်နဲ့ အစ်မကျောင်းသွားတက်တာ သူ့အတွက်စိတ်နာစရာလို့ သတ်မှတ်ချင်လည်း သူ့သဘောပါပဲ။ အစ်မ မတားလိုပါဘူး။ ဒါပေမယ့် နှစ်ရှည်လများ ချစ်ကြိုက်ခဲ့ကြပြီးမှ ဒီအကြောင်းအရာလေးကြောင့် ဝေးခဲ့ရတာကိုတော့ အစ်မရင်နာလို့မဆုံးဘူးကွယ်"
အစ်မဂျက်စမင်​ရဲ့ မာထန်ထန်အသံကနေ တစ်စတစ်စအက်ကွဲသံပါလာတဲ့ ထိုစကားတွေကို အပြန်လမ်းတစ်လျှောက်ကနေ အခန်းထဲဝင်တဲ့ တစ်ဆုံး နားထဲပါမက ခေါင်းထဲမှာပါ ပြည့်နှပ်ပါလာခဲ့သည်။

အိမ်ပြန်ရောက်တော့ သမီးလေးကလည်း မရှိနှင့် အတော်ပင်ဖြစ်သွားသည်။ အခန်းတံခါးပိတ်ပြီး ကိုရောင်နီထိုင်နေတဲ့ ခုံရဲ့အရှေ့တည့်တည့်က
စာကြည့်စားပွဲပေါ်သို့ လွယ်ထားတဲ့အိတ်ကို တင်လိုက်သည်။
"အဲ့လိုငူငိုင်မနေနဲ့ ကိုရောင်နီ ။ အစ်မဂျက်စမင်ပြောပြလို့ ကျုပ်အားလုံးသိပြီးပြီ။ အခုလိုငိုင်တိုင်တိုင်ဖြစ်နေပုံထောက်ရင်တော့
ဘာလဲ ခင်ဗျားက အဲ့အစ်မကိုပြန်တွေ့ပြီး ငယ်ကျွမ်းဆွေတွေ ဘာတွေလုပ်ချင်နေသေးတာလား"

မောင်ရောင်နီ မောင်ရောင်နီ(Completed)Where stories live. Discover now