Episode(15)🚫

4.6K 347 89
                                    

(U)

Age warning🚨
(18+မဟုတ်သော်ငြားလည်း အသက်မပြည့်သေးသူများအတွက်
ဝတ္တရားရှိတဲ့အတိုင်း ကြိုတင် အသိပေးတာပါ
ခင်ဗျားတို့က မဖတ်ဘဲနေကြမှာလည်း မဟုတ်ပါဘူး😾)
-
-
-
ညကအဖြစ်အပျက်တွေအားလုံးက
အိပ်ပျော်နေတဲ့အချိန်မှာတောင် ရင်ထဲတလှပ်လှပ်ဖြစ်ကာ
အိပ်ယာကနိုးထချိန်၌ အလိုအလျောက်ပြုံးမိလိုက်တဲ့
နှုတ်ခမ်းသားတို့က တွန့်ဆုပ်ဆုပ်နှင့် ရှက်ရွံ့နေမိသေးသည်။

မျက်လုံးဖွင့်လိုက်တာနဲ့ ညကမအိပ်ခင်ကအတိုင်း
သူ့ရဲ့ရင်ခွင်ထဲ ပုန်းဝှက်နေမိတဲ့ ကိုယ့်ရဲ့မျက်နှာကိုလည်း
မထုတ်ပစ်ချင်သေးပေ။
မထချင်ပေမယ့် နေ့စဥ်ဝတ္တရားအရ သူဘုရားရှိခိုးရန်
ဆွမ်းတွေဆွမ်းဟင်းတွေ ပြင်ဆင်ပေးရဦးမည်။
သူနိုးမှာစိုးလို့ ကျွန်တော်ဖြည်းဖြည်းချင်း ထလိုက်သည်နှင့် သူပါတစ်ပါတည်း လိုက်ထလာတဲ့ ကိုတင်မောင်ကြောင့်
ကျွန်တော်ကြောင်တောင်လေးဖြစ်ကာ မျက်လုံးတို့ဝိုင်းလျက် မေးလိုက်သည်။
"ကိုတင်မောင်နိုးနေတာလား"

"ဟုတ်တယ် ကိုရောင်နီနိုးမှာစိုးလို့ မထဘဲနေနေတာ"

အား......ကျွန်တော့်မျက်နှာကြီးဘယ်နားသွားထားရမှန်းမသိ ဖြစ်သွားသည်။ အဲ့ဒါတင်ပဲမဟုတ် ခေါင်းတစ်ခုလုံးကပါ ပူရှိန်းတက်နေတာဖြစ်သည်။ သေချာသည်။ အခုလောက်ဆို မျက်နှာကြီးရဲလို့ နေတော့မှာ....။
"မျက်နှာသွားမသစ်သေးဘူးလား"

"အမ်...သစ်မယ်လေ ကိုတင်မောင်ပဲ အရင်သစ်လိုက်ပါ"

"အမ်းအမ်း"

သူ့ကြည့်ရတာတော့ ဘယ်လိုမှမနေသလိုပါပဲ။
ကျွန်တော်ပဲ တစ်ယောက်တည်းဖြစ်နေတာ ရှက်ဖို့ကောင်းလွန်းသည်.....။

ကျွန်တော်ထမင်းချက်ဟင်းချက်နေစဥ်
ကိုတင်မောင်က ပန်းတွေကိုကပ်ကြေးနှင့်ညှပ်ကာ
ရောင်းဖို့သွားတော့မယ့် မိနုအား စည်းနှောင်ပေးနေသည်။ ထို့နောက် အိမ်ဘုရား၌ ကပ်ရန် ပန်းရောင်နှင်းဆီ(၁၅)ပွင့်ကိုခူးကာ ပန်းအိုးသုံးလုံးတွင် မျှ၍ထိုးပေးနေ၏။ ဆွမ်းနဲ့ဆွမ်းဟင်းကို ဘုရားကျောင်းဆောင်ပေါ် တင်ပြီး ထွက်သွားမည်အလုပ် ကျွန်တော်ရဲ့ လက်မောင်းကို လှမ်းကိုင်လိုက်သော
ကိုတင်မောင်ကြောင့် ကျွန်တော် တစ်ကိုယ်လုံးတုန်တက်သွားသည်။ ကျွန်တော်တစ်ချက်ပြန်လှည့်ကြည့်တော့ သူက ပြောသည်။
"ဒီနေ့ ဘုရားအတူရှိခိုးရအောင်"

မောင်ရောင်နီ မောင်ရောင်နီ(Completed)Wo Geschichten leben. Entdecke jetzt