Ep(23)Tiger Lady's Roar

2.5K 260 3
                                    

(U)

'ချလပ်'
အသံကြားလို့ ကျွန်တော်တို့ သားအဖ သုံးယောက်လုံး အနောက်ကို ပြိုင်တူ လှည့်ကြည့်မိတော့ အနောက်မှာ ကင်မရာ ကိုင်ဆောင်ထားသော လူငယ်လေးတစ်ယောက်သည် အားနာသယောင်နှင့် သဘောတကျပြုံးပြကာ ကျွန်တော်တို့ဆီ လမ်းလျှောက်လာသည်။

"အားနာလိုက်တာဗျာ ကျွန်တော်က အနောက်ကနေ လှမ်းကြည့်နေတာ ဦးလေးတို့ သုံးယောက်က ကြည့်ရတာ အရမ်းကြည်နူးဖို့ကောင်းလို့ မထင်မှတ်ဘဲ ရိုက်လိုက်မိတာပါ"

ဆယ်ကျော်သက်အရွယ် ကောင်ငယ်လေးသည် ကင်မရာလေး လက်ကကိုင်ပြီး အပြုံးမပြတ် ကြည့်နေသည်။

"ရပါတယ်ကွာ ဒါနဲ့ ပုံကလှရဲ့လား"
ကျွန်တော်က ပေါ့ပေါ့ပါးပါးနဲ့ ပြန်လည်မေးလိုက်တော့ သူကလည်း တက်ကြွစွာ ပြန်ဖြေသည်။
"လှတာပေါ့ဗျ ပုံရရင် ဦးလေးတို့အိမ်ကို လာပို့မယ်လေ
ဦးလေးတို့က ဒီနားမှာနေတာလား"

"ဟုတ်တယ် ဦးလေးက မောင်ရောင်နီဆန်စက်ပိုင်ရှင်ပါ"

"အိုး ဒါဆို ဒီဘက်က ဦးဇဥ်းက မောင်ရောင်နီ ပန်းဆိုင်ကပေါ့ ဟုတ်တယ်မလား"

"ဟုတ်ပါတယ် ဒကာလေးက သိတယ်ပေါ့"

"သိတာပေါ့....။ ကျွန်တော့်ဦးလေးက ဦးသိန်းစံလေ။ မောင်ရောင်နီ ဆန်စက်မန်နေဂျာ"

"ဪ ကိုသိန်းစံ တူလေးလား။ ဟိုနိုင်ငံခြားရောက်နေတဲ့ ကိုသိန်းစံရဲ့ အစ်မသားလေးလား"

"ဟုတ်တယ်ဗျ ကျွန်တော် ဒီကို အလည်လာတာ"

အဲ့နောက်မှာ ကောင်လေးက သမီးလေးအရှေ့ကို
ခါးလေးကိုင်းလာကာ ပါးကိုလက်နှင့် ဖျစ်လိုက်သည်။
"ညီမလေးက ချစ်စရာလေး နာမည်ဘယ်လိုခေါ်လဲကွ"

သမီးလေးက တင်းနေအောင်ဆုပ်ကိုင်ထားတဲ့ ကျွန်တော့်လက်တွေနဲ့ သူ့မျက်နှာတစ်ခြမ်းကို ဖုံးကွယ်ကာ မရဲတရဲလေး ပြန်ဖြေလိုက်သည်။
"သဇင်ပါ"
ထိုအခါကောင်လေးက ဟက်ဟက်ပတ်ပတ်ဖြင့် ပြန်ရယ်မောပြသည်။
"ဒါဆို Tiger ladyလေးပေါ့ ကိုကြီးနာမည်က ဟိန်းတဲ့ တစ်လုံးတည်းပဲ"

"ဟုတ်...ကဲ့"

ကောင်လေးရဲ့ အမူအရာတွေနှင့် သမီးလေးရှက်နေတဲ့ပုံစံတွေကိုကြည့်ရင်း ကျွန်တော်နဲ့ သင်္ကန်းဝတ်ကြီးနဲ့မောင်က တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းမိတ်ဆက်ကာ အရှေ့က ကောင်လေးကို စိတ်ထဲကနေ မသင်္ကာကင်းဖြစ်လာကြသည်။

မောင်ရောင်နီ မောင်ရောင်နီ(Completed)Where stories live. Discover now