(2)

6.8K 847 267
                                    

ကြုံဖူးကျလား ။
ဗလာကျင်းနေခဲ့ပါသော ဦးနှောက်နှင့်အတူ အသက်ရှုကျပ်စဖွယ် နိုးထမှုမျိုးကို။

နှာခေါင်းဝမှာ တပ်ဆင်ထားခဲ့သည့်
အရာတစ်ခုအား ဂျောင်ကုတစ်ယောက် သူ့ရဲ့မျက်ဝန်းတွေကို ဖွင့်ဟလိုက်ပီဆိုသည်နှင့် တစ်စုံတစ်ယောက်က ဖြုတ်ယူသွားခဲ့သည်။

ပြီးသည်နှင့်
အပြည့်အဝမပွင့်ဟနိုင်သေးတဲ့ သူ့ရဲ့မျက်ဝန်းတွေကို စူးရဲနေခဲ့သည့် အလင်းဓာတ်တစ်ခုဖြင့် တစ်ဖက်စီ ထိုးကြည့်နေခဲ့သည့် လူတစ်ဦးကြောင့် ဂျောင်ကု၏ မျက်စံလေးတွေဟာ အနည်းငယ်တော့ လှုပ်ရှားသွားခဲ့လေသည်။

" မေမေ... "

သတိပြန်ရလာခဲ့ပြီဆိုသည်နှင့်
သူ့ရဲ့နှုတ်ခမ်းဝဆီကနေမှ ပထမဦးဆုံးထွက်ကျလာခဲ့သည့် စကားလုံးလေးဟာ " မေမေ " ဆိုသည့် ဝေါဟာရလေး တစ်ခုပင်။

လေသံမျှသာ တိုးညှင်းစွာဖြင့်
ထွက်ကျလာခဲ့တဲ့ စကားလုံးလေးဖြစ်ပါသော်လဲပဲ လိုလားမှုကတော့ ပြည့်လျှံနေခဲ့လျက်။

လှုပ်ရှားဖို့ရာအတွက် ခက်ခဲနေခဲ့
သည့် ကိုယ်ခန္ဓာနှင့်အတူ ထုံထိုင်းနေခဲ့ပါသော ခြေထောက်နှစ်ဖက်​ကြောင့်နှင့် ရုတ်တရတ်တော့ ဂျောင်ကု၏ လည်ပင်းတွေဟာ တင်းကျပ်သွားခဲ့ပါသည်။

ဆေးရုံလား.... ။

မျက်စံလေးနှစ်ဖက်ကို ခနတာ အလုပ်ပေးလိုက်ပြီး ခေါင်းကိုပါ အားယူကာဖြင့် ဘေးဘက်ဆီသို့အသာ လှည့်ကြည့်လိုက်မိလေတော့ သူအခုရောက်ရှိနေခဲ့တဲ့နေရာကို ဂျောင်ကု အတည်ပြုနိုင်သွားခဲ့သည်။

ဟုတ်ပါသည် ။ သူတကယ်ကို ဆေးရုံကိုရောက်ရှိနေခဲ့တာပင်။

လှဲအိပ်နေခဲ့ရာကနေ တစ်စုံတစ်ယောက်၏ အထူအထပြုပေးခြင်းကြောင့် ကုတင်ထက်၌ ထိုင်နိုင်ခဲ့သည့်အချိန်အထိ ဂျောင်ကုတစ်ယောက် သူ့ရဲ့ယခုအခြေအနေအား မယုံကြည်နိုင်ဘူး ဖြစ်နေခဲ့ဆဲဖြစ်သည်။

သူ့ရဲ့ ပုံစံကလေ
ရေမြေခြားတစ်နေရာ၌ အိမ်ပြန်မယ့်လမ်း
ပျောက်ရှနေခဲ့ပါသော လမ်းလျှောက်တတ်ခါစ ကလေးတစ်ယောက်လိုသာ။

ဝိုးတစ်ဝါးပုံရိပ်များဖြင့် ပြည့်နှက်နေခဲ့ပါသော ဂျောင်ကု၏ ယောင်ဝါးဝါး မှတ်ဉာဏ်များဟာလဲ ပျော်ပွဲစားတစ်ခုအား မိသားစုနှင့်အတူတူထွက်နေခဲ့ကျချိန်၌ ဖေဖေ့ရဲ့ကားရှေ့သို့ တိုးဝင်လာခဲ့သည့် ကုန်တင်ကားတစ်စီး၌သာ ရပ်တန့်နေခဲ့သည်။

ညှို့ (JIKOOK<Completed>)Onde histórias criam vida. Descubra agora