(26)

4.5K 622 268
                                    

ကိုယ်တို့နှစ်ဦးသားလုံးရဲ့ နှလုံးသား
လမ်းကြောင်းမှာ ကျွန်းကြီး ခံနေခဲ့
လျှင်တောင်မှ အဲဒီ့ကျွန်းကြီးရဲ့အပေါ်
၌ ပန်းပွင့်၊ပန်းခက်လေးတွေ ဝေစာလာ
စေခဲ့ကျရအောင်လား............. ။

----------------- ------------ -------------- ----

ဘယ်လောက်အထိ ချစ်ဖို့ရှိနေခဲ့သလဲ ။
ဘယ်အချိန်အထိများ ချစ်နေခဲ့မှာလဲ ။ ပ
က်ဂျီမင်ဆိုသည့် လူသားလေးတစ်ဦး၏ အရာခပ်သိမ်းတိုင်းအား လက်ခံပေးနိုင်ဖို့ရာအတွက် အကြောင်းပြချက်ကောင်းကောင်းတွေ မင်းရဲ့ဆီမှာ တစ်သက်တာလုံး မပြောင်းမလဲစတမ်း ရှိနေနိုင်မှာလား ဂျွန်ဂျောင်ကု ။

ပက်ဂျီမင်သည် ယောင်္ကျားသားတစ်ဦးဖြစ်သည် ။ ဂျွန်ဂျောင်ကုအား ကိုယ့်ရဲ့အပေါ်မှာသာ တစ်သက်တာလုံး စွဲလမ်းနေစေခဲ့ဖို့ရာအတွက် ညှို့ငင်ဖျားယောင်းနိုင်စွမ်းနေခဲ့ပါသည့် အလှအပတရားများနှင့် ခန္ဓာကိုယ်ပေါ်တွင် တည်ရှိနေခဲ့ရပါမည့် ဆွဲဆောင်မှုများစွာဟာ ပက်ဂျီမင်ရဲ့ဆီတွင် လုံးဝဧကန် ရှိမနေခဲ့ပါ ။

ထို့အပြင် ပက်ဂျီမင်ဆိုသည်မှာ ဂျွန်ဂျောင်ကုအတွက် နွေးထွေးသာယာလှပသော မိသားစုဘဝလေးတစ်ခုအား သားသမီးရတနာလေးများနှင့်အတူတကွ ဖန်တီးပေးနိုင်စွမ်းလည်း ရှိနိုင်လိမ့်မည်မဟုတ်ပေ ။ ထိုသို့သော အကြောင်းအရင်းများကို ဂျွန်ဂျောင်ကုရဲ့ဘက်က တစ်သက်တာလုံး ပက်ဂျီမင်အား နားလည်သည်းခံပေးနိုင်ပါလိမ့်မည်လား ။

ယွန်းဂီဟျောင်း၏ အိမ်ပြန်လိုက်ပို့
ပေးမှုကြောင့်နှင့် ဂျီမင်တစ်ယောက်
သူ့ရဲ့အဖြူရောင်တိုက်အိမ်လေးဆီသို့ ပြန်လည်ကာဖြင့် ရောက်ရှိသွားခဲ့လေတော့ ဂျီမင့်၏ အခန်းလေးအတွင်း၌ ရှိနေခဲ့ပါသည့် ဂျွန်ဂျောင်ကုအား အံ့သြစရာကောင်းလောက်အောင်ကို ဂျီမင်ဟာတွေ့မြင်လိုက်ရလေသည် ။ သို့ရာတွင်တော့ ဂျီမင့်ရဲ့ဘက်က တစ်နေကုန်လုံးနီးပါးဆိုသလိုပင် အရက်တွေကိုသာ အဆတ်မပြတ်စတမ်းသောက်ထားခဲ့မိတာကြောင့်နှင့် ညအချိန်အခါကို ရောက်ရှိလာခဲ့လေတော့ အမူးပြေစပြုလာခဲ့လေပြီး ဂျီမင့်ရဲ့ခေါင်းတွေဟာ စတင်ကာဖြင့် တစစ်စစ်နှင့် ကိုက်ခဲလာခဲ့ပါသည် ။

ညှို့ (JIKOOK<Completed>)Where stories live. Discover now