(27)

4K 533 180
                                    

အပိုစကားများဖြစ်နေခဲ့သည်ဟု
ထင်မှတ်လာခဲ့ကျလျှင်တောင်မှ
မပိုသာသည့် အပြင် လိုပါလိုနေ
ခဲ့သေးပါသော အမှန်တရားလေး
တစ်ခုအား မောင့်ရဲ့ဘက်က ဝန်ခံ
ချင်မိပါသည်.............. ။

ဒါဟာ Candyတွေချိုသည် ဆိုသည်မှာ
ခင်ဗျားလေးရဲ့ နူတ်ခမ်းလေးကိုတော့
မမှီသာနိုင်လေဘူး ဆိုတာပင်........... ။

-------------- ---------------- ----------- -------

စိတ်ကူးယဥ်အိမ်မက်တွေဟာ လက်တွေ့မဆန်လှသည်အထိပင် အံ့သြစဖွယ်ကောင်းလောက်အောင်ကို အမှန်တကယ်တမ်းဖြစ်မြောက်လာခဲ့လေတော့ ထိုနေ့၊ထိုရက်၊ထိုနေ့စွဲလေးအား ဂျွန်ဂျောင်ကု၏နှလုံးသားထက်ဆီ၌ တစ်သက်လုံးစာအတွက် သူကမ္ဗျည်းရေးထိုးထားလိုက်မိလေသည် ။

ပက်ဂျီမင်၏ နူတ်ခမ်းဖျားလေးဆီကနေ
မှ ထွက်ပေါ်လာခဲ့ပါသည့် " ချစ်တယ် " ဆို
သည့် စကားလုံးလေးနှစ်လုံးဟာ ဂျွန်ဂျောင်ကုရဲ့ဘဝမှာ အနှစ်ခြိုက်ဆုံးသော တေးသွားများဖြင့်တောင်မှ တန်ဖိုးချင်းမယဥ်ပြိုင်နိုင်ပါသည့် အမြတ်တနိုးထားရာလေးသာ ဖြစ်ပါသည် ။ ဘယ်ပန်းချီရေးလို့မမှီနိုင်သည်အထိကိုပင် လှပကျော့ရှင်းလွန်းလှပါသော သက်ရှိပန်းချီကားလေးအား ဂျွန်ဂျောင်ကုဆိုသည့် သူဟာလည်း ဘယ်စာဆိုမှဖွဲ့နွဲ့၍မရရှိနိုင်တော့သည်အထိကိုပင် ချစ်မြတ်နိုးပေးနေခဲ့မည် ဖြစ်လေသည် ။

မောင်ဟာ ပက်ဂျီမင်အား အသက်ထက်
မက ချစ်နေခဲ့မိပါသည် ။ မောင်ဟာ ပက်ဂျီမင်အား ဘဝတစ်ခုလုံးနှင့်ရင်းရသည်အထိ မြတ်နိုးနေခဲ့မိပါသည် ။ ဤမှန်သော သစ္စာစကားလေးများကြောင့်နှင့် ပက်ဂျီမင် ဆိုသည့်လူသားလေးဟာ မောင့်ရဲ့ရင်ခွင်ငယ်အား ဘယ်သောအခါမှ မငြီးငွေ့သွားခဲ့ပါစေနှင့်....။

ဂျီမင်တစ်ယောက် တရွေ့ရွေ့ဖြင့်
ထွက်ခွာနေခဲ့ပါသော သူ၏ အဖြူရောင်
ကားလေးပေါ်တွင် ထိုင်နေခဲ့မိလေပြီး အပြင်ဘက်ဆီ၌ တဖွဲဖွဲနှင့်ရွာသွန်းစပြုနေခဲ့ပါသည့် မိုးရေစက်ကလေးများအား ကားရဲ့ပြတင်းပေါက်ဆီကနေမှတစ်ဆင့် ငေးကြည့်နေခဲ့မိလေသည် ။ မိုးသားများဖြင့် မှိုင်းအုံ့နေခဲ့ပါသည့် မိုးကောင်းကင်ကြီးကြောင့်နှင့် အပြင်ဘက်တွင်ရှိနေခဲ့ပါသော ပတ်ဝန်းကျင်တစ်ခုလုံးဟာ မနက်ခင်းအချိန်အခါမှာတောင်မှ သိသိသာသာ မှောင်မှိုင်းနေခဲ့လေပြီး မိုးရွာထဲ၌ အသီးသီးပြေးလွှားနေခဲ့ကျပါသော လူသားများကိုလည်း ဂျီမင်ဟာ တွေ့မြင်နေခဲ့ရပါသည် ။

ညှို့ (JIKOOK<Completed>)Où les histoires vivent. Découvrez maintenant