(31)

4.1K 482 107
                                    

​စည်းစိမ်ဥစ္စာတွေနှင့် ရင်းရဲရသည်
အထိတောင်မှ ထိုကောင်လေးအား သူချစ်
ခဲ့မိသည် ။ အဘယ့်ကြောင့်ဆိုသော်...... ထိုကောင်လေးဟာ သူပိုင်ဆိုင်ဖူးခဲ့ရသမျှ အရာများအားလုံးထဲမှာ တန်ဖိုးအကြီးမားဆုံးဖြစ်နေခဲ့လို့သာ........... ။

------------ -------------- ---------------

ဂျီမင်တစ်ယောက် Dawn၏
နှစ်၄၀ပြည့်အခန်းအနားပွဲကြီးဆီကနေ
မှ သူ၏နေအိမ်ဆီသို့ ပြန်ရောက်သွားခဲ့ပြီဆိုသည်နှင့် သူ့ရဲ့စိတ်အာရုံအတွင်းတွင် စိုးမိုးနေခဲ့ဆဲဖြစ်နေခဲ့သည့် ကြောက်ရွံ့တုန်လူပ်စိတ်များအား အေးစက်စက်ရေတစ်ချို့ဖြင့်သာ ဆေးကြောချနေခဲ့မိလေသည် ။

ပက်ဂျီမင်၏ လုပ်ရက်ဟာ မိုက်ရူးရဲဆန်နေခဲ့သည်ဟု ထင်မှတ်ကောင်း ထင်မှတ်သွားနိုင်ကျပါသော်လည်းပဲ သူ၏အချစ်ကိုသက်သေပြခဲ့မိပါသော ထိုလုပ်ရက်လေးအတွက် ဂျီမင့်ရဲ့ဘက်က ပြန်လည်ပြီးတော့ရရှိခဲ့ရသည်က မျက်ရည်ကြည်လေးတွေဝေ့သီနေခဲ့တဲ့ မျက်ဝန်းလေးတွေနှင့်အတူ ပျော်ရွှင်စွာဖြင့် ပြုံးရီပြနေခဲ့ပါသော ဂျောင်ကု၏ အပြုံးလေးတစ်ပွင့်ကိုသာ ဖြစ်လေသည် ။

ထို့အတွက်ကြောင့် ကိုယ့်ရဲ့လုပ်ရက်အတွက် ဂျီမင်ဟာ ဘယ်သောအခါမှ နောင်တရနေခဲ့လိမ့်မည် မဟုတ်တော့ဘူးဖြစ်သည် ။

အတွေးတစ်ချို့နှင့်အတူ ကျဆင်းနေခဲ့ပါသော ရေပန်းလေးအတွင်းဆီကနေမှ ခပ်အေးအေးရေမှုန်ရေမွှားလေးများဖြင့် ဂျီမင်ဟာ သူ့၏ ခန္ဓာကိုယ်လေးအား ရေချိုးသန့်စင်ပြီးသွားခဲ့ပြီဆိုသည်နှင့် အဖြူရောင် bathrobeလေးကိုသာ ကိုယ်ငယ်လေးရဲ့ပေါ်၌ ဝတ်ဆင်လိုက်ပြီး ရေချိုးခန်း၏ အပြင်ဘက်ဆီသို့ ထွက်လိုက်မိပါသည် ။လွန်ခဲ့သော နာရီပိုင်းလောက်က ဂျီမင့်ရဲ့စိတ်အာရုံအတွင်းတွင် လွှမ်းမိုးနေခဲ့ပါသော ပူလောင်မှုများဟာလည်း ယခုအချိန်တွင်တော့ အနည်းငယ်မျှ လျော့ပါးသွားခဲ့သည် ။

" အခန်းတံခါးကို မခေါက်ပြန်ဘူးလား......ကိုယ်မင်းကို ကိုယ့်ရဲ့အခန်းထဲ
ကို ဝင်မယ်ဆိုရင် အခန်းတံခါးကို ခေါက်
ဖို့အတွက် မှာထားတယ်လေ...... "

ဂျီမင်တစ်ယောက် bathrobeအဖြူရောင်လေးနှင့်အတူ ရေချိုးခန်းအတွင်းဆီကနေမှ ထွက်ခွာလာခဲ့မိသည့်အချိန်တွင် ဂျောင်ကုဟာ ဂျီမင့်၏ ကုတင်လေးရဲ့ထက်ဆီ၌ ထိုင်လျက်သားလေး ရှိနေခဲ့သည်ကို ဂျီမင်ဟာ တွေ့မြင်လာခဲ့ရလေသည် ။ ထို့ကြောင့်နှင့် ထိုကောင်လေးအား သူ၏မျက်မှောင်နှစ်ဖက်ကိုသာ အသာအယာ စုကြုံ့ထားလိုက်မိကာဖြင့်ပင် ဂျီမင်ဟာဆူပူလိုက်မိပါ၏ ။

ညှို့ (JIKOOK<Completed>)Where stories live. Discover now