!1!

4.4K 86 1
                                    

ဘယ်လို...
ကလေးမွေးစားမယ် ဟုတ်လား...လင်းသန့်
ဟုတ်တယ် ...ကိုကြီး
ရုတ်တရတ်ကြီးပါလားကွ...
ကျွန်တော်တို့နှစ်ယောက်ထဲကျတော့အိမ်ကတိတ်ဆိတ်ခြောက်ကပ်နေတယ်လေ နောက်ထပ်လူပိုတစ်ယောက်လောက်ရှိတော့ အိမ်မှာသာယာဖွယ်ဆည်းလည်းသံလေးကြားရတာပေါ့ဗျာ ပိုလဲနွေးထွေးသွားမယ်
ကောင်းပီလေ...
မင်းအဆင်ပြေသလိုစီစဥ်လိုက်ပါကွာ အရှုပ်အရှင်းကင်းတော့ကင်းပစေနော်...
ဟုတ်ကဲ့...ကိုကြီး
.
.
.
.
.
.
.
''မျှော်လင့်ခြင်းရောင်ခြည်မိဘမဲ့ဂေဟာ '' ဝန်းထဲသို့ အနက်ရောင် '' Alphard '' ကားကိုရပ်လိုက်တာနဲ့ မာမီကြီး ကထွက်ကြိုတယ်....
မာမီကြီး...ကျွန်တော်လာတယ်
သားလေး...ဟန်လင်းသန့်ပါလား......
မလာတာတောင်ကြာပီကွယ်...
ဟုတ်ကဲ့...မာမီကြီးရယ် အခုတလော အလုပ်များနေလို့ပါ...
ဟုတ်ပါပီ...
အခုရော အလှူငွေထည့်ဖို့ သက်သက်လာတာပဲလား သား...
အလှူငွေထည်ဖို့ရော ကလေးတစ်ယောက်လောက်မွေးစားဖို့ကိစွရော.... မာမီကြီး
ဟုတ်ပီ....အထဲမှာသွားဆွေးနွေးကြတာပေါ့
ဟုတ်ကဲ့...မာမီကြီး
.
.
.
ဂေဟာမှူးနဲ့စကားပြောဆိုဆွေးနွေးပီးတော့ ဂေဟာဝန်းထဲမှာ လျှောက်ကြည့်ဖြစ်တော့ ကလေးတိုင်းကတော့ မျှော်လင့်ချက်နဲ့ လိုက်ကြည့်နေကြရှာတယ်...
'ဟူး '
ပူလိုက်တာ ရာသီဥတုကလဲ...
​ကလေးတိုင်းကအပြစ်ကင်းဖြုစင်နေပါလား မင်းတို့တွေဘဝတွေကဆိုးလိုက်တာကွာ မိဘအစုံအလင်နဲ့ နေရမဲ့အရွယ်လေးတွေ...
ကလေးတွေဆော့နေတာ ကြည့်ပီး ကွစ်ပျစ်ပေါ်မှာ စိတ်ထဲရေရွတ်နေတုန်း မိန်းကလေးတေကြားထဲမှာ​ သေး​သေးဖြူဖြူ ကောင်လေး တစ်​ယောက် ဝင်ဆော့နေတာ တွေ့ရတော့ စိတ်ဝင်စားသွားပီး ကြည့်နေမိတယ် ...
''ကြည့်စမ်းပါဦး ချစ်စရာကောင်းလိုက်တာ မျက်လုံးဝိုင်းဝိုင်း နှာခေါင်းလုံးလုံး ပါးဖောင်းဖာင်း လေးနဲ့ ခြေလက်တွေကလဲ တုတ်တုတ်ဖြူဖြူလေး''
ဒါနဲ့ ဒီကလေး ကဘာလို့ မိန်းကလေးတေ ကြားရောဆော့နေတာပါလိမ့်...?
ဟော..... အခုငါ့ဆီကို ပြေးလာနေပါလား...
ဟောဟဲ...
ဟောဟဲ...
ဟောဟဲ...မောလိုက်တာ ဆော့ရတာ
ကွစ်ပျစ်နားရောက်လာတဲ့ကောင်လေးကဆော့ရတာ မောလို့ရေလာသောက်ပုံပဲ....
ဘယ်လောက်တောင်ဆော့ထားလဲမသိ တစ်ကိုယ်လုံးချွေးတွေချည်းပဲ...
ဦးဦး ' သုသု  ' ကိုရေလေးခပ်တိုက်ပါလားဟင်!

' သုသု  ' တဲ့လား ကလေးနာမည်က ...
'ဟုတ်ကဲ ' ဦးဦး
ရော့သောက်.....ကလေး ဖြည်းဖြည်းသောက်ဦး ...
ဒါနဲ့နာမည်အပြည့်အစုံကရော ကလေး..
သူ့နာမည်အပြည့်အစုံက '' သုတငယ် '' ' သုသု'  လို့လဲခေါ်ကြတယ်...
အော်.... မာမီကြီး
အေး ...သားလေး တွေ့ပီလားကွယ်
ဟုတ်ကဲ့ မာမီကြီး အခုပဲ တွေ့တယ်...
'သုသု  ' များလားကွယ်
ဟုတ်ပါတယ်...မာမီကြီး
ဒါဆို ' သုသု  ' ကိုမေးကြည့်ပေးမယ်
'​သုသု ' ရေ  သားကို ဟောဒီက ကိုကိုက မွေးစားချင်လို့တဲ့ '
'သုသု  'ဒီက ကိုကို နဲ့လိုက်သွားမလား...
မာမီကြီးက မေးလိုက်တာနဲ့ ထိုကလေးဟာ ငိုပါလေရော ဘာလို့လဲ 'သုသု  ' မငိုပါနဲ့ကွယ်' သုသု  ' သဘောပါ မာမီကြီးတို့အတင်းမတောင်းဆိုပါဘူးကွယ် ...
တိတ်ပါတော့ကွာ....ဘာလို့ငိုတာလဲ မလိုက်ချင်ဘူးလား ဦးဦးနဲ့ ...............ဟင်
' သုသု  ' ကို ဒီတစ်သက်မွေးစားမဲ့လူမရှိတော့ဘူးထင်ထားတာ အဲ့တာကြောင့် အင့်...အင့်....ရွတ်..
ကလေးငယ်လေးဟာ အဲ့တာကိုတွေးကြောက်ပီး ဝမ်းနည်းနေတာကိုး...
ခု ဦးဦး ရှိပီလေ လိုက်ခဲ့နော် ကလေးစိတ်ချမ်းသာအောင်ထားမှာပါကွယ်...
တကယ်နော်...
တကယ်ပါဗျာ....ရယ်ပြပါဦး....ဟီးဟီး..
ကားမောင်းနေရင်းဘေးခုံကို တစ်ချက်ကြည့်မိတော့ ကလေးငယ်ဟာ အိပ်ပျော်နေရှာတယ် ပြန်ခါနီးမာမီကြီးနဲ့ဂေဟာမှူး ကိုကန်တော့တော့လဲ ငိုပြန်တယ် အငိုသန်လေးဟာ.အခုတော ငိုရတာမောပီး အိပ်သွားပီ...
ကိုကြီးလဲချစ်ပေးမှာပဲ.... တစ်ကိုယ်လုံးကိုချစ်စရာကောင်းနေတာပဲ...
.
.
.
တီ...တီ...တီ...
ဦးချစ် ဘယ်ရောက်နေပါလိမ့်
ဟွန်းထပ်တီးလိုက်တော့ ဦးချစ်တစ်ယောက်ပြေးထွက်လာတယ်...
တောင်းပန်ပါတယ် အကိုလေးရယ် မင်း ကိုကြီးကားရေဆေးနေလို့ ချက်ချင်း လာမဖွင့်နိုင်တာ...
ရပါတယ် ဦးချစ်ရာ....
ဟော....ဒီကောင်လေး အခုထိမနိုးသေးပါလား...
'သုသု  ' သုသု  ' ရောက်ပီ ထတော့လေ...
ဝှားးးးးးးးးးးရောက်ပီလား ဦးဦး
အင်း ဦးဦးတို့ အိမ်ရောက်ပီ ....
ဝါး.....အိမ်ကြီးကအကြီးကြီးပဲ ဒါ '' သုသု  '' နေရမဲ့အိမ်လားဟင် ။
''ဟုတ်ပဗျာ ''
လာ!. .......အထဲဝင်ကြရအောင် ။
ဟုတ်ကဲ့....... ဦးဦး
'ကိုကြီးရေ '
ကျွန်တော်တို့ရောက်ပါပီ  ။
သားတို့ပြန်လာကြပီကိုး မောင် 'လင်းယံ ' ကရေချိုးနေတယ်..... ကလေးလေးကချစ်စရာကောင်းလိုက်တာကွယ်
ဟုတ်ကဲ့...... ကြီးမြ ။
ကျွန်တော်ကိုလူစုထားပေးပါ ကျွန်တော် ဒီကလေးနဲ့ပက်သက်ပီး အားလုံးကိုအသိပေးထားချင်လို့.....
' အေးပါကွယ် '
ပြန်ရောက်နေပီကိုး ....
လင်းသန့်  ဘေးက ကလေးငယ် ကိုတစ်ချက်ကြည့်လိုက်တော့ မျက်လုံးအဝိုင်းသားနဲ့တစ်အိမ်လုံးကို လိုက်ကြည့်နေတယ် ။
ကလေးကို ရေချိုးပေးပီး မင်းရော နားလိုက်ဦး ပီးရင် ထမင်းစားခန်းထဲ လာခဲ့ စားပီးမှ ဆွေးနွေးကြတာပေါ့ ။
ဟုတ်ကဲ့........ကိုကြီး
.
.
.
.!T.B.C!

Cheerleader حيث تعيش القصص. اكتشف الآن