!2!

2.5K 81 8
                                    

ထမင်းစားသောက်ပီးတော့ ကလေးငယ်နဲ့ပက်သက်ပီး​ ဆွေးနွေးဖြစ်ကြတယ် ။
ကဲ........ဒီနေ့ကစပီး မင်းက ငါတို့မိသားစုဝင် ဖြစ်သွားပီဆိုတော့ဒီအိမ်က စည်းကမ်းတွေ လိုက်နာရမယ် မင်းဖြစ်ချင်တာတွေ လိုချင်တာတွေ စားချင်တာတွေ ပြောလို့ရတယ် ပွင့်ပွင့်လင်းလင်းပြော .....
ဟုတ်ပီလား ....

မနက်ဖြန်ကစပီး ကျောင်းလိုက်အပ်ပေးမယ်  တစ်နေ့စာ တစ်နေ့ပုံမှန်လုပ်ရမယ် ကျောင်းမ​ပြေးရဘူး ကျောင်းပုံမှန်တက်ရမယ်  အဆင့်နဲ့ပက်သက်လို့ကတော့ 1 to 10 အထိပဲလက်ခံမယ်
စည်းကမ်းနဲ့ပက်သက်ပီးတော့ မလိမ်ရဘူး မဆဲရဘူး တစ်ခုခုလုပ်ချင်တာရှိရင် လူကြီးတွေကိုခွင့်တောင်းရမယ် ရိုင်းစိုင်းတဲ့အပြုအမှုတွေလက်မခံဘူး လူကြီးကိုမလေးမစားမလုပ်ရဘူး ...ည၉နာရီဆိုအိပ်ယာဝင်ရမယ် မနက်၇နာရီထရမယ် ကျောင်းက ၈နာရီတက်တာဆိုတော့ ကျောင်းမသွားခင် အကုန်အဆင့်ဆင့်ဖြစ်နေရမယ်......ဒီအိမ်မှာနေရင်ဒီအိမ်စည်းကမ်းတွေကိုလိုက်နာရမယ် စည်းကမ်းတွေကိုမလိုက်ရင် အပြစ်ပေးခံရမယ်....
နားလည်လား......ကောင်လေး
'' ဟုတ်ကဲ့ ''
ငါ့ကို ' ဒယ်ဒီ ' လို့ခေါ်လို့ရတယ် ' လင်းသန့် ' ကိုတော့
ဖေငယ် လို့ခေါ်ရမယ် မင်းကိုတော့ 'သုသု  'လို့ခေါ်မယ် ......ဟုတ်ပီလား ။
ဟုတ်ကဲ့ ဒယ်........ 'ဒယ်ဒီ '
အခုသွားနားတော့ ဖေငယ် ကအခန်းလိုက်ပြပေးလိမ့်မယ် ။
ဟုတ်ကဲ့......... ' ဒယ်ဒီ '

လင်းသန့်နဲ့အတူအပေါ်ထပ်ကိုတက်သွားတဲ့ကောင်လေးကအသက်အရွယ်အားဖြင့် ၇နှစ်လောက်ပဲရှိသေးတယ် ကလေးက ကြည့်ရတာ ကိုယ်ကိုယ့်ကြောက်နေပုံရတယ် စကားပြော ဆွေးနွေးကြည့်တော့လဲ ငြိမ်ကုပ်ပီး နုားထောင်နေသားပဲ ။
!အင်း! ........
လိမ်မာပီးအနေအေးမဲ့ပုံလို့ထင်ရတာပဲ ?...

ကဲ!....... ဒါက 'သုသု  ' အခန်း ။ 'သုသု 'ကြိိုက်တဲ့ မိုးပြာရောင်လေးသုတ်ထားတဲ့ အခန်းလေး ဒီလိုကိုယ်ပိုင်အခန်းမျိုးကိုလိုချင်နေခဲ့တာ ပီးတော့ အရုပ်တွေ အသုံးအဆောင်တွေ... ဒါတွေကို ' ဒယ်ဒီ ' က 'ဖေငယ် 'နဲ့တိုင်ပင်ပီး 'သုသု 'အတွက် ပြင်ဆင်ပေးထားတာတဲ့... 
ဂေဟာမှာဆို ဒီလိုကိုယ်ပိုင် အခန်းမပေးဘူး ဖိုးဇော် တို့နဲ့ရောနေရတာ သူတို့ကအနိုင်လဲကျင့်သေးတယ် အာ​ကြောင့် မိန်းကလေးတွေနဲ့ပဲပေါင်းတာ ...
ခုတော့ကိုယ်ပိုင်အခန်းလေးရလာပီ.. ..' ဒယ်ဒီ ' နဲ့ဖေငယ် ' ကို 'သုသု ' ကျေးဇူးတင်ပါတယ် 'သုသု ' ကိုဒီလိုမျိူးနွေးထွေးတဲ့ မိသားစု ဘဝလေးကို ပေးလို့ ....'သုသု 'လိမ်လိမ်မာမာနေပါ့မယ်......

ဟုတ်ပါပီကွာ....
သုသု ရဲ့ ' ဒယ်ဒီ ' က စည်းကမ်းတော့ကြီးတယ်နော် စကားနားထောင်ပီး ' ဒယ်ဒီ ' မကြိုက်တဲ့ဟာတွေ ကိုမလုပ်ရဘူးနော်.....
ဟုတ် !
'ဖေငယ် '
လာပါဦးကွာ...... ဖေငယ် ဖက်ထားချင်လို့......
နွေးထွေးတဲ့ဒီရင်ခွင်ထဲမှာအမြဲတမ်းခိုဝင်ပေးပါ.....'ဖေငယ် 'ရဲ့ ''ဆည်းလည်းလေး ''

!(3) months Later !
ဘာလိုလိုနဲ့ သုသု တောင် ဒယ်ဒီ နဲ့ ဖေငယ် တို့ဆီရောက်တာ ၃လတောင်ပြည့်သွားပီ.... ဒီအိမ်မှာနေရင်းနဲ့သိလာတာက ဖေငယ် က သုသု ကိုအရမ်းချစ်ပီး အလိုလိုက်တာပါပဲ... အဲ့တာကြောင့် သုသု ကဆိုးချင်တိုင်းဆိုးနေတာ.....ဟီးဟီး.....
'ဒယ်ဒီ ' ကတော့အရမ်းအလိုမလိုက်ဘူး စာနဲ့ပက်သက်ရင်ပိုဆ်ိုးတယ်........
သုသု ဆို အိမ်ကလူတွေအကုန်လုံးကလဲ ချစ်ကြတယ် ..
ဒယ်ဒီ ကအိမ်မှာ မရှိတာတဲ့ရက်က များတယ် အခုလဲ ခရီးထွက်သွားတယ် တဲ့ ဖေငယ် ပြောတာတော့....

အချိန်အားဖြင့် ည ၉နာရီထိုးနေပီ သုသု တစ်ယောက် game ဆော့ကောင်းနေတုန်းပဲ သူ့ 'ဒယ်ဒီ 'မရှိတော့ လွပ်လပ်ရေး ကိုအပြည့်အဝ ရနေတာ ...

သုသု လေးရေ အိပ်တော့လေ....
မနက်ကျောင်းတက်ရဦးမယ်လေ ...
နာရီဝက်ထပ်ဆော့လိုက်ဦးမယ်နော် ဖေငယ် ။
အင်းပါကွာ !
အိမ်စာရောလုပ်ပီးပီးလား ' သုသု '
လုပ်ပီပီး........ဖေငယ်

ဟုတ်ပီ
ဒါဆို နာရီဝက်ပဲဆော့ပီးရင် အိပ်ရမယ်နော်....
ဟုတ် ဖေငယ်
အဲ့တာ့ကြောင့် ဖေငယ် ကို သုသု က အရမ်းချစ်တာ
မွ!  မွ!
သားရေတွေပေကုန်ပီကွာ..... ဖေငယ် ပါးမှာ သုသု ညစ်ပတ်အိုး လေး.....
ဟီးဟီး.......

game ဆက်ဆော့ခိုင်းလို့ ဆော့နေရာက ထလာပီးအာဘွားလာပေးပီးလာဖားနေတဲ့ 'အဆိုးလေး '

သူ့ ဒယ်ဒီ ဆိုရမှာမဟုတ်ပါ ......ကြက်မွှေး လား ဂျယ်လီပေတံ လား ပဲ.....အခုထိတော့ အပြစ်ပေးမခံရသေးပါ....သူ့ ဒယ်ဒီ ရှေ့ဆို အရမ်းတွေလိမ်မာပြနေတာကိုး..... ငလည်လေး..... ။

.သွား တွေစိပီးရယ်ပြနေတဲ့ကောင်လေးက အခုဆိုဒီအိမ်မှာအပူအပင်မရှိ တော်တော်ပျော်နေပီ ဒီကလေး ကိုဒီလိုမြင်ရတာ စိတ်ချမ်းသာလိုက်တာ ဖေဖေနဲ့မေမေက သုသု ကိုအရမ်းချစ်ကြတယ် ဆွေမျိုးတွေအကုန်လုံးရော.... တကယ့်ချစ်မွှေးလေး.....။

တကယ်တော့ 'သုသု ' အိမ်စာ  မလုပ်ရသေးပါဘူး game ဆော့ချင်လို့  ဖေငယ် ကိုညာလိုက်တာ
game ဆော့ပီးမှ လုပ်လဲ ရတာပဲ......
.
.
.
.
.
T!B!C...

Cheerleader Where stories live. Discover now