!6!

2.1K 80 8
                                    

ဖေငယ်ကိုဘာလိုပြန်ပြောနေတာလဲ ''သုသု ''

လူကြီးကမေးနေရင် ဖြေလေ

အသားနာမှဖြေမှာလား...... ဟုတ်လား?

''မဟုတ်ပါဘူး''

အဲ့မျက်ရည်က ဘာလို့ကျနေတာလဲ ''သုသု''
အခုသုတ်စမ်း

ကိုယ်ရှေ့မှာမတ်တပ်ရပ်ပီးလက်လေးပိုက်ထားကာမျက်ရည်တွေကျလာတယ်
တကယ် ဘယ်လိုကောင်လေးလဲ မေးနေတာကို မဖြေဘဲ အသံတိတ်မျက်ရည်ကျပြနေတယ်

လေသံမာမာနဲ့သတိပေးတော့မှ လက်ခုံဖောင်းဖောင်းလေးနဲ့သုတ်နေတယ်...

''ဖေငယ်''က ကျန်းမာရေးအတွက်မကောင်းလို့အများကြီးမစားဖို့ပြောတာလေ အဲ့တာကို လူကြီးကို ကတ်ကတ်လန် ပြန်ပြောနေတယ်
လူကြီးတွေအပေါ်ကိုအမြဲအဲ့လိုပြန်ပြောနေတာလား ဟမ်

ဟင့်အင်း
သုသု မှားသွားပါတယ် ''Daddy ''

နောက်ပြန်မ​ပြောတော့ပါဘူး ဖေငယ်ကို

ဟုတ်ပီ
ဒီတစ်ခါတော့ ရှိစေတော့

နောက်ကိုဒါမျိုးတွေ့ရရင် နာဖို့ပြင်ထားနော်

လူကြီးကိုမလေးမစားလုပ်တာမျိုး လူကြီးအပေါ်ရိုင်းစိုင်းတာမျိူး ''Daddy ''မကြိုက်ဘူး

ဟုတ်ကဲ့'' Daddy ''

သွားအိပ်တော့ မနက်ကျရင် ကျောင်းတက်ရမှာလေ
သွားတိုက်ပီးမှ အိပ်နော် ''သုသု ''

ဟုတ်ကဲ့

နောက်နေ့မနက်ခင်းဟာတော့ ''သုသု 'ရဲ့အကဲပိုနေတဲ့အသံက ဆူညံနေတော့တာပဲ သူ့ဖိုးဖိုးနဲ့ဖွားဖွား ပြန်တော့မှာမို့လို့ ကပ်ချွဲနေတာ...

ဖိုးဖိုးနဲ့ဖွားဖွားကြီးပြန်သွားရင် သုသု က အရမ်းသတိရနေတော့မှာ ဖိုးဖိုးနဲ့ဖွားဖွားက ထပ်နေလို့မရတော့ဘူးလားဟင် သုသု သေမှာ အရမ်းလွှမ်းပီးတော့

ကြည့်ပါဦး ဖေကြီးရေ ချစ်ဖို့ကောင်းလိုက်တာ

ဖွားဖွားကြီးက သုသု ရဲ့ ပါးဖောင်းဖောင်းလေး တစ်ဖက်ကို မနာအောင် ဖွဖွလေး လိမ်ဆွဲလိုက်ရင်း

ဖိုးဖိုးနဲ့ဖွားဖွားက အလုပ်ရှိသေးတယ် သုသု လေးရဲ့
သုသု လေးကျောင်းပိတ်ရက်ကျရင် ဖိုးနဲ့ဖွားဆီ လာလည်ပေါ့ သုသု ​လေးရဲ့

Cheerleader Where stories live. Discover now