!7!

2K 93 12
                                    

ဘာ......

သုသု ပျောက်နေတယ်...ဟုတ်လား..?

ကျွန်တော်အခုပြန်လာခဲ့မယ်...

သုသု ပျောက်နေတယ်ဆိုပီး ဦးဇော်က ဖုန်းဆက်လာတော့ company ကနေ ချက်ချင်းပြန်လာ
ကျောင်းလိုက်သွားပီးမေးတော့ မနက်ထဲက နေမကောင်းလို့ ပြန်သွားတယ် လို့ သူ့ ဆရာမ ကပြောတယ်

လင်းသန့်ကလဲအလုပ်ကိစွနဲ့ပုသိမ်ကိုရောက်နေတယ် ကားတစ်စီးနဲ့သွားတတ်တဲ့နေရာတွေလိုက်ရှာတော့ လဲမတွေ့ဘူး
ဘယ်ကိုသွားနေတာလဲကွာ......

📱.........

ဟယ်လို.....လင်းသန့်

ကိုကြီး သုသု ကိုတွေ့ပီလား

မတွေ့သေးဘူး.... ရှာနေတယ် ကစားကွင်းဘက်သွားတယ်လို့ ထင်လို့ အခုသွားနေတယ်

ဟုတ်...ကိုကြီး

ကျွန်တော်လဲဒီကအလုပ်ပီးတာနဲ့ တန်းပြန်လာပါ့မယ်
ကားဂရုစိုက်မောင်းပါ ကိုကြီး

အေး......ဖုန်းချလိုက်ပီ

ကားမောင်းနေရင်းကနေ ရုတ်တရတ် Footchain ထဲက GPS အကြောင်း တွေးမိသွားတယ်
သုသု ခြေထောက်က footchain ထဲမှာ GPS ထည့်ထားတာပဲ.... စိတ်ပူပီးထူပူနေတာနဲ့ သတိကိုမရဘူး
ဖုန်းကနေတစ်ဆင့် ကြည့်မိတော့ ကစားကွင်း မှာဆိုတာ သိရတာနဲ့ ကားကိုအရှိန်တင်မောင်းရင်းထွက်လာခဲ့တယ်

ကစားကွင်းရောက်တော့ သုသု ကိုတွေ့တာနဲ့ ကားပေါ်ကခပ်​​မြန်မြန် ဆင်းပီး စိတ်တိုတိုနဲ့
သုသု နားသွားပီး ကိုယ့်ဘက်ကို ဆွဲလှည့်လိုက်တော့

ဟင်...

သုသု လဲမဟုတ်ပါလား..... သားက ဘယ်သူလဲ သုသု ဆီမှာရှိနေရမဲ့ Footchain က ဘာလို့ ဒီက​လေး ခြေထောက်မှာ ရှိနေရတာလဲ....

ဒါက ဒီ Footchain က

ဒီဟာလေးကို သုသု က သားရဲ့အရုပ်နဲ့လဲသွားတာလေ

ဘယ်လို...သုသု က

ဟုတ်တယ်..... ဦးလေး....သုသုက လဲသွားတာ...သားကိုကိုလဲသိတယ်....

ထိုကောင်လေးရဲ့အကိုဖြစ်သူက ​ပါဝင်ပြောပြတယ်

သုသု..... သုသု.....

Cheerleader Where stories live. Discover now