ONE - 4

1.1K 233 98
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄;

" မသင့်လျော်ကြောင်းပါ မင်းကြီး "

" တိုင်းသူပြည်သားတွေအနေနဲ့လည်း ရှုံ့ချကန့်ကွက်မယ်ဆိုတာ တွေးကြည့်စရာတောင် မလိုကြောင်းပါ မင်းကြီး။ "

" ကျွန်တော်မျိုးတို့အနေနဲ့လည်း လက်သင့်မခံကြောင်းပါ။ "

" အိမ်ရှေ့စံမင်းသားအနေနဲ့ အင်မတန်မှ ကဲ့ရဲ့ရှုံ့ချမှုတွေနဲ့ကြုံတွေ့ရမယ်ဆိုတာ မလွဲဧကန်ပါပဲ မင်းကြီး။ "

" လုံးဝမဖြစ်သင့်ကြောင်းပါ၊ ထိုခိုးသူအား ကွပ်မျက်သင့်ကြောင်းပါ။ "

" ကွပ်မျက်ခြင်းသာ အသင့်တော်ဆုံးနည်းလမ်းဖြစ်တော်မူပါတယ်။ "

ဒုန်း !!

" တော်ကြစမ်း !!! "

ပလ္လင်ထောင့်စွန်းကို အားပြင်းပြင်းဖြင့် ရိုက်ချလိုက်ပြီး အလွန်ကျယ်လောင်လှကာ အာဏာကြီးလွန်းသည့်အသံကို အသုံးပြု၍ မင်းကြီးသည် အော်တော်မူလိုက်သည်။ သူ၏အော်သံကိုကြားတော့မှသာ အဓိပ္ပါယ်တူညီသောစကားတစ်မျိုးတည်းကို ပြိုင်တူလျှောက်တင်နေကြသည့် မှူးမတ်တို့သည်လည်း တိတ်ဆိတ်သွားကြပြီး အသီးသီး ခေါင်းငုံ့သွားကြလေ၏။

မင်းကြီးသည် တိုးညှင်းစွာ သက်ပြင်းချပြီး အသက်ဝအောင် ရှူ သွင်းလိုက်သည်။ သည်လိုအမိန့်ချလျှင် သည်လိုစကားတွေကြားရမည်ဆိုတာ သူသိပြီးသားပါ။ နားထောင်နိုင်စွမ်းရှိအောင်လည်း ကြိုတင်ပြင်ဆင်ပြီးသားဖြစ်သည်။ မှူးမတ်တို့၏စကားကိုကြားတော့ ရှက်မိသည်။ ရှက်စိတ်နှင့်အတူ ဒေါသလည်းဖြစ်မိပြန်သည်။ သူလည်း ကွပ်မျက်ချင်တာပေါ့။ မဖြစ်ပေလို့သာ ... ၊ မတတ်သာလို့သာပေါ့။

" ငါကိုယ်တော်က မောင်မင်းတို့ဆီက စကားကိုနားထောင်ဖို့ ဒီညီလာခံကို ကျင်းပတာမဟုတ်ဘူး။ ကိုယ်တော် ချမှတ်လိုက်တဲ့ ဒီအမိန့်ကို မောင်မင်းတို့ နာခံပြီး တိုင်းသူပြည်သားတွေသိအောင် ပြန်ကြေညာရုံပဲ။ မည်သည့် စောဒက တက်လိုသည့်စကားတစ်လုံးမျှ မကြားချင်ဘူး။ ကြားတာနဲ့ ပြောတဲ့သူဟာ သေဒဏ်ပဲ။ နားလည်ကြလား ! "

" မှန်လှပါ မင်းကြီး "

အထွန့်မတက်ရဲကြတော့ဘဲ မအီမသာဖြစ်ကာဖြင့် လက်ခံလိုက်ကြရတော့သည်။

One Summer's Poem Where stories live. Discover now