POEM - 4

936 203 80
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄;

" အိမ်ရှေ့စံလေး ! "

အိနြေ္ဒတွေ၊ စည်းစနစ်တွေအကြောင်း မနားတမ်း ပြောလေ့ရှိတဲ့ အထိန်းတော်ချွန်းက ယခုတွင်တော့ ထိုအရာတွေအား မေ့လျော့နေသလား မသိပါ။ အမောတကောဖြင့် ပြေးလို့လာပြီး အသံကလည်း အတော်ကျယ်နေသည်။ စာအုပ်ကို ပိတ်လိုက်ပြီး သက်ပြင်းချကာ ကြည့်လိုက်မိတော့ ဇက်က ပုဝင်သွား၏။

အနားသို့ ကပ်လာပုံရလျှင် တီးတိုးပြောစရာကိစ္စဖြစ်ရမည်။

" ကျွန်တော်မျိုးကို စောင့်တော်မူပါဦး "

သည်တစ်ခါလည်း အထိန်းတော်ချွန်းတစ်ယောက် အနောက်ကနေ အော်ပြီး ပြေးလိုက်ရပြန်သည်။ သူ့စကားကို နားထောင်ပြီးတာနှင့် အိမ်ရှေ့စံက ချက်ချင်း ပြေးထွက်သွားတော့ သူလည်း ပြေးလိုက်ရတာပေါ့။

" ဂျောင်ဂု ! "

စားပွဲပေါ်သို့ ခေါင်းငိုက်စိုက်ကျနေသည့် သူ၏အနေအထားသည် အတော်လေး ဆိုးနေပုံရသည်။ အနားသို့ ကပ်လိုက်တာနှင့် နှာခေါင်းထဲ တိုးဝင်လာသည့် အနံ့ပြင်းပြင်းကြောင့် ဂျီမင့်မျက်နှာက မဲ့ခနဲ။ သေရည်တွေကို ဘယ်လောက်တောင် သောက်ထားသလဲမသိ။

" ဂျောင်ဂု ! "

ငြိမ်သက်နေပြီး ပြန်မထူးသည့် သူကို ဂျီမင် နောက်တစ်ခါ လှုပ်နှိုးလိုက်သည်။ သေရည်မူးပြီး ပေါက်ကရတွေ လျှောက်မလုပ်ဘဲ ငြိမ်ငြိမ်လေး အိပ်နေလို့တော်သေးသည်။ ထိုသို့ လုပ်ချင်ရာ လျှောက်လုပ်ပါက မင်းကြီး၏ဒေါသနှင့်လည်း ရင်ဆိုင်ရမှာ မလွဲဧကန်ပင်။ တကယ်တော်ပါသေးသည်။

သူ့အတွေးကြောင့် သူ့ဘာသာ ပြုံးလိုက်မိသည်။ ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ် ဂျောင်ဂုကို အမြဲဦးစားပေးနေမိတာပဲ။ ဂျောင်ဂုအတွက် အမြဲတွေးပေးနေမိတဲ့ သူ့ကိုယ်သူလည်း စိတ်ပျက်ချင်မိပါသည်။ ထိုသို့ ဘယ်တော့မှ ဖြစ်လာမည်လည်း မထင်ပါ။ အကြောင်းကတော့ ရှင်းပါသည်။ ပတ်ခ်ဂျီမင်သည် ဂျွန်ဂျောင်ဂုအား အသက်ထက် ချစ်မိနေပါသည်။ ဘယ်သောအခါမှ မပြောင်းလဲသွားမည့် အမှန်တရားတွေထဲမှာ သည်အမှန်တရားသည် ပထမဆုံး၌ အမြဲရပ်တည်နေမည်ဖြစ်သည်။

One Summer's Poem Where stories live. Discover now