Chapter 4 (End) (Zawgyi)

531 43 0
                                    

Chapter 4

ရှောင်လီဟွား ဖျားချင်နေသည့်ခန္ဓာကိုယ်ကို သယ်ဆောင်ကာ ဝမ်းစာဖြည့်ဖို့ မုန့်ထွက်ဝယ်လိုက်တော့သည်။ သူ ဒီနေ့ အလုပ်မသွားခဲ့ပေ....။
သူ့boss ဖုန်းဆက်၍ ဆူဆဲနေတာကိုလည်း
မသိချင်ယောင်ဆောင်ထားလိုက်၏။

အိမ်ထဲ ပြန်ဝင်လာချိန်၊ ဧည့်ခန်းထဲ၌
ကပ်ကပ်လေးထိုင်ကာ၊ လက်ထဲ စာရွက်တစ်ချို့ ကိုင်ထားသည့် ခွေးသူတောင်းစားကို မြင်လိုက်ရတော့...ရှောင်လီဟွား၏ ဒေါသသည်
ပြန်မြှင့်တတ်လာလေတော့သည်။

ဟေကျူးက ရှောင်လီဟွားအား မျက်နှာသေလေးဖြင့် စိုက်ကြည့်ကာ၊ သူ့လက်ထဲက စာရွက်ဖြူတစ်ချို့ကို
လီဟွားထံ ကမ်းပေးလိုက်ကာ ပြောလိုက်သည်။

“ ကျွန်တော်က မွေးကထဲက
ခံစားချက်တွေကို မခွဲခြားနိုင်ဘူး။
ဆရာဝန်က ပြောတာ emotional paralyze တဲ့။  “

“ ကျွန်တော် မရယ်တတ်ဘူး။ ငိုလည်း မငိုတတ်သလို ၊ ပြုံးလည်း မပြုံးတတ်ဘူး။ ခံစားချက်တွေလည်း နားမလည်ဘူး။ အဲဒါကို ဆရာဝန်က ခင်ဗျားကို သေချာပြန်ပြောပြပါတဲ့။
ဒါမှ ခင်ဗျား ကျွန်တော့်ကို မထားသွားမှာတဲ့”

ဟေကျူး၏ ခပ်တိုးတိုးသံဟာ.... ရှောင်လီဟွား
နားစည်သို့ ပြင်းထန်စွာ ရိုက်ခတ်လာ၏။

ဟေကျူးကတော့ ရှောင်လီဟွားကို မျက်နှာသေလေးဖြင့် ငေးရင်း တတွတ်တွတ် ဆက်ဆိုနေမြဲ... ။

“ ခင်ဗျား ဖြစ်နေတဲ့ခံစားချက်ကို
ရှင်းရှင်းလင်းလင်း ပြမှ ကျွန်တော်က  သိမှာပေါ့။”

ဟေကျူးက ရှောင်လီဟွားကို လက်ယပ်ခေါ်လိုက်၏။
ရှောင်လီဟွားသည်ကား တုန်ရီစွာ မျက်ရည်တွေ ဝေ့ဝဲနေ၏။ သူ့၏ ကလေးက ဒါကြောင့်
မပြုံးတတ်တာတဲ့လား။

“ ဒီကိုလာ...။ ကျွန်တော် အိမ်ကနေ ယူလာတဲ့
ဒီပုံတွေကို ကြည့်ပါအုံး။
ကျွန်တော့်ဆရာဝန်နဲ့ ဆွေးနွေးကြည့်တော့ သူ ပြောတာကတော့....
အခုကိစ္စမှာ ကျွန်တော် လွန်တာတဲ့။ ဒါကြောင့် မျက်နှာအမူအရာတွေ  များများလေ့လာလိုက်အုံးမယ်။
နောက်ဆို ခင်ဗျား စိတ်ဆိုးစေမဲ့ ကိစ္စတွေ ရှောင်ပါ့မယ်”

Scrooge's love! (Complete)Where stories live. Discover now