'အမှတ်တရ'

212 15 26
                                    

အလွမ်းတွေအထပ်ထပ်နဲ့ဖုန်တက်နေတဲ့နှလုံးသားတံခါးချပ်ပေါ်က
ပိုင်ရှင်မရှိတော့လို့ သံချေးအလိပ်လိပ်နဲ့ယိုယွင်းနေတဲ့သော့ခလောက်ကိုဖွင့်တော့
နှလုံးသားပိတ်ကားချပ်ပေါ်မှာ တန်းစီကျလာတဲ့ နွေးထွေးနေဆဲအမှတ်တရတွေက မအိုဟောင်းသေးဘဲ အချစ်ရယ်။

အဖြစ်အပျက်တွေ၊ချစ်ခြင်းတွေကသာ ပင်လယ်ရေ
ထဲဦးတည်ချက်မဲ့မျောပါသွားတဲ့ပြာမှုန့်တွေလို အစအနတောင်မကျန်ဘဲပျက်ပြယ်လွယ်ခဲ့ပေမဲ့
အမှတ်တရတွေကိုတော့ သေရာပါမဲ့အမာရွတ်လို ငါ့နှလုံးသားထဲမှာ 'ထာဝရ' ဆိုတဲ့စကားလုံးနဲ့အတူမြှုပ်နှံထားမှာ။

အစိမ်းရောင်ရောင်ခြည်လေးတွေဖြာနေတဲ့ တိမ်ဆုပ်ဖြူဖြူလေးလို ခြေဖမိုးသန့်သန့်လေးရယ်၊ခရမ်းရောင်အမျှင်တန်းယှက်တဲ့ နေရောင်ခနေတဲ့ပါးပြင်နုနုလေးတွေ၊ ပထမဆုံးအကြိမ်နားဆင်ခွင့်ရခဲ့တဲ့ ရယ်သံလွင်လွင်လေးတွေစွက်တဲ့ ဆည်းလည်းလေးလိုအသံသြသြလေး၊ လက်ဖဝါးလေးထဲ ကလေးငယ်လို ဘောလ်ပင်နဲ့လျှောက်ခြစ်ထားတဲ့ ခြစ်ရာလေးရယ်။

မျက်လုံးပိတ်ပိတ်၊ဖွင့်ဖွင့် ကိုယ့်ကမ္ဘာငယ်တစ်ခွင်လုံးမှာ မြင်မြင်ရာကတော့ မင်းရဲ့ပုံရိပ်ယောင်တွေပါပဲ။

မတန်မရာမှန်းမိထားလို့ သိမ်ငယ်မှုအလင်္ကာတွေနဲ့အတူ တုံ့ဆိုင်းမှုကဗျာတွေအထပ်ထပ်သီကုံးရင်း နေမင်းကြီးလိုထည်ဝါနေတဲ့မင်းရဲ့ဖဝါးအနားတောင်ကပ်ဖို့မရဲခဲ့တဲ့အညတရသတ္တဝါတစ်ကောင်ရယ်ပါ။

မျက်ရည်ကျတဲ့အထိမြတ်နိုးရတဲ့ တစ်ဦးတည်းသောဖြစ်တည်မှုလေးက မပိုင်ဆိုင်ချင်လို့လွှတ်ချခဲ့တယ်လို့
စိမ်းစိမ်းကားကားစွပ်စွဲလာတဲ့အခါ ကိုယ့်နှလုံးသားကအခါခါသေရသလို နာကျင်မှုသံသရာစက်ဝန်းထဲနေ့နေ့ညညလည်ရပါတယ်။

တကယ်တော့မပိုင်ဆိုင်ချင်လို့မဟုတ်ဘဲ မပိုင်နိုင်မှန်းနားလည်နေလို့ဆိုတာ ကိုယ့်နှလုံးသားဟစ်ကြွေးသံကိုမင်းနှလုံးသားနဲ့နားဆင်နိုင်လာတဲ့တစ်နေ့မင်းအလိုလိုသဘောပေါက်လာပါလိမ့်မယ်။

𝚂𝚎𝚙 23,2021

Cheap FeelingsWhere stories live. Discover now