'Tranquility'

67 10 4
                                    

ပစ္စည်းတစ်ခုပဲဖြစ်ဖြစ်၊သက်ရှိလူသားတစ်ဦးကိုပဲဖြစ်ဖြစ် ဘယ်လောက်ပဲမြတ်နိုးပြီး ရူးရူးသွပ်သွပ်ကြီးဖြစ်နေပါစေ မစွဲလမ်းနေဘဲလွယ်လင့်တကူလက်လွှတ်လာနိုင်လေလေ စိတ်ကလေးကပိုပြီးငြိမ်းချမ်းလာရလေလေပါပဲ။

အဲ့ဒါကြောင့် တစ်နေ့ကိုတစ်ခုနှုန်းနဲ့ တန်ဖိုးထားရတဲ့အရာမှန်သမျှကို မသိမသာကလေးလွှတ်ချပစ်နေတာ။

တစ်ခုလျော့သွားလေလေ ရင်ထဲနေလို့ကောင်းလာတာသိသာလာလေလေပဲ။

မလိုအပ်တော့လို့စွန့်ပစ်လိုက်တာမျိုးမဟုတ်ဘဲ လောဘဆိုတဲ့ပူလောင်လှတဲ့အရာနဲ့ယှဥ်တွဲပြီး တိုတောင်းလွန်းတဲ့ဘဝကိုမဖြတ်သန်းချင်မိရုံ။

ဒီအတိုင်း ဘာမှဆွဲထားစရာမကျန်တော့တဲ့လွတ်လပ်အေးချမ်းတဲ့ကမ္ဘာငယ်ကလေးကို ခုံမင်မိတာမို့။

𝚂𝚎𝚙 28,2021

You've reached the end of published parts.

⏰ Last updated: Sep 28, 2021 ⏰

Add this story to your Library to get notified about new parts!

Cheap FeelingsWhere stories live. Discover now