Epispde 3

615 78 4
                                    

နံနက်ခင်းရောင်ခြည်ကပြတင်းပေါက်လိုက်ကာကြားကနေ
တစွန်းတစထွက်ကာအဝါရောင်ဆောင်လုံးလေးအောက်က
ချစ်စရာကလေးမလေးရဲ့မျက်နှာကိုထိခတ်ကြည်စားလေတော့တွန့်လူးစွာနိုးလာတော့တယ်။

မင်္ဂလာနံနက်ခင်းပါနေမင်းကြီးရေ၊ နင်လည်းနင့်တာဝန်ကိုထမ်းဆောင်နေပြီဆိုတော့ငါလည်းငါ့တာဝန်ကိုထမ်းဆောင်ရတော့မှာပေါ့။ ကဲဖိုက်တင်းပါနေမင်းကြီရေ။

ဒါကတော့မနက်တိုင်းကြားနေကြဖြစ်တဲ့ နေမင်းကြီးနဲ့စကားပြောနေတဲ့ကလေးမလေး၊ အဲ့အချက်ကလည်းသူမကိုလူတွေချစ်ကြတဲ့အချက်တွေထဲကတစ်ချက်ပင်။

ဆောအာလည်းအိပ်ရာကထပြီးမျက်နှာသစ်ခါမနေ့ကမပေး
ဖြစ်လိုက်တဲ့ပစ္စည်းလေးတွေကိုပေးဖို့
ဘေးအိမ်သို့ထွက်လာလိုက်တယ်။

အန်တီရေဆောအာလာတယ်!!!

လာပြီသမီးလေးရေ!!

ဆောအာအော်ခေါ်လိုက်တော့အိမ်တံခါးလာဖွင့်ပေးတဲ့အန်တီ
မျက်နှာကလည်းဖူးယောင်နေပြီးခေါင်းမှာလည်းပတ်တီးကအဖွေးသားမို့"ငါမှားတာ ငါအန်တီ့ကိုတစ်ယောက်ထဲမထားခဲ့သင့်ဘူး"ဟူတွေးကာကိုယ့်ကိုကိုယ်ဒေါသထွက်နေလေသည်။ဒါကိုရိပ်မိတဲ့အန်တီကတော့

အာ!ခေါင်းကအန်တီချော်လဲပြီးတံခါးစောင်းနဲ့စောင့်မိတာပါ
ဘာမှမဖြစ်ပါဘူး

"အခုအန်တီကငါ့ကိုလိမ်လိုက်တာလား။sorryအန်တီသမီးဆုံးဖြစ်ချက်ချပြီးပြီမို့အန်တီလိမ်လည်းအကျိုးမရှိဘူး"လို့စိတ်ထဲကသာပြောလိုက်သည် လက်တွေ့မှာတော့

ဂရုစိုက်မှပေါ့အန်တီရယ် အရမ်းများသွားလားဟင်။

သိပ်မများပါဘူး အာ မေ့နေလိုက်တာ လာလာသမီးအိမ်ထဲ
ညောင်းနေရာပေါ့။

ရပါတယ်အန်တီရယ်ဆောအာကအန်တီ့ကိုဒါလေးတွေလာပို့တာ၊ ပြီးတော့စခန်းလည်းသွားရဦးမယ် ဦးလေးကြီးကလူသစ်ရောက်လို့မိတ်ဆက်ပေးမလို့တဲ့လေ။

အော် အဲ့တာဆိုလည်းကောင်းကောင်းသွားနော်သမီး

ဟုတ်ကဲ့အန်တီလည်းကျန်မာရေးဂရုစိုက်ဦးအန်တီ့ကိုကြည့်ရတာအားကိုမရဘူး

Psycho Killer  (Complete) Where stories live. Discover now