Final

483 37 8
                                    

ဆောအာအခုရောက်နေတာကတော့လေယဥ်ကွင်းမှာပင် သူဒီနိုင်ငံကထွက်သွားဖို့စဥ်းစားထားပြီးပြီလေ ဆောအာလည်းထိုင်နေရင်းဟိုလူကြီးသတင်းကိုဖွင့်ကြည့်လိုက်မိသည်။ အခြေအနေတွေကထင်ထားသလိုဖြစ်မလာတာကြောင့်ဆောအာဒေါသထွက်မိသည်။ဆေးရုံကိုခေါ်သွားရင်းလမ်းမှာလူနာပျောက်သွားတယ်တဲ့မဖြစ်နိုင်တာ။ သူကျွန်မဆီကိုလာမှာသေချာတယ် ဟင်းးး Plan B ကိုအကောင်အထည်ဖော်ရတော့မှာပေါ့။

ဆောအာလည်းရရာကားတစ်စီးငှားကာအိမ်သို့ပြန်လာလိုက်သည်။

ဒိုဟွန်းတစ်ယောက်သေချင်ယောင်ဆောင်ကာလမ်းတစ်ဝက်မှာတင်ထွက်ပြေးလာခဲ့သည်။ လက်မှာသွယ်ထားတဲ့ကရိယာတွေကိုကားပေါ်တင်ထဲကလူတွေမမြင်အောင်ဖြုတ်ထားပြီးသားမို့အဆင်ပြေသွားသည်။

ကလေးမမင်းကငယ်ပါသေးတယ်ကွာ!!!

ဒိုဟွန်းပျောက်သွားတာကြောင့်စခန့်မှူးနဲ့အတူထယ်ယောင်းပါမှုခင်းနေရာကိုရောက်နေကြသည်။ စခန်းမှလူတွေကလည်းတရားခံကိုရှာဖွေနေတာကြောင့်မရှိကြပေ။အစောင့်တစ်ယောက်သာရှိသည် ဒါကြောင့်လည်းဒိုဟွန့်လွယ်လွယ်ကူကူပင်ဝင်နိုင်ခဲ့သည်။
အထဲရောက်တော့ဟိုကလေးမရဲ့နေရာများသိမလားလို့လိုက်ရှာခဲ့ပေမဲ့မတွေ့။ကံကောင်းချင်တော့အစောင့်ကိုညာမေးလိုက်ရာကနေအိမ်လိပ်စာရလာခဲ့သည်။

ကလေးမ မင်းငါ့လက်ကမလွတ်တော့ပါဘူး.......

ဆောအာအိမ်ရောက်တော့ည၁၁နာရီပင်ထိုးတော့မည်။သူလည်းဘေးလွယ်အိတ်ထဲလိုအပ်တဲ့ပစ္စည်းများထည့်ရင်းအခန်းကိုလှည့်ပတ်ကြည့်နေလိုက်သည်။

အခန်းလေးရေငါနောက်ဆိုနင်ဆီလာချင်မှလာလို့ရတော့မှာ...

ဆော်အာလည်းနံရံမှာအပြည့်ကပ်ထားတဲ့အဝါရောင်စက္ကူလေးတွေကိုကိုင်တွယ်ရင်းကြမ်းပြင်ပေါ်တွင်အိပ်ချလိုက်ကာအခန်းကိုလှည့်ပက်ကြည့်နေသည်။ခဏကြာတော့တံခါးဖွင့်သံကြားလိုက်တာကြောင့်အိတ်ထဲကဓားကိုထုတ်ကာကိုင်ထားလိုက်သည်သေချာတာတော့ဟိုလူပင်ဖြစ်လိမ့်မည်။

ကလေးမရေပုန်းမနေနဲ့ထွက်ခဲ့ပါဦး ဟောဒီကဦးလေးကကလေးမအတွက်အဝါရောင်စာအုပ်လေးတွေအများကြီးဝယ်လာတယ်............

Psycho Killer  (Complete) Where stories live. Discover now