🔞Episode 8🔞

997 44 2
                                    

STOP  အသက်၁၈နှစ်မပြည့်သေးတဲ့ကလေးလေးတွေ🔞အပိုင်းမို့ကျော်ဖက်ကြပါ။18+ဆိုလို့ ၁၈ယောက်စုကြည့်ခိုင်းတာမဟုတ်ဘူးနော်။လီလီကတရားဝင်အသက်မို့လို့ဒီအပိုင်းကိုထည့်လိုက်တာပါအဆင်မပြေရင်ပြောပါအသစ်ပြန်ရေးပေးပါ့မယ်။

ဂျောင်ဝူး!!!!

ဒေါသတကြီးအောက်လိုက်တဲ့ဒိုဟွန်းကြောင့်ဂျောင်းဝူးကိုယ်လေးတုန့်ခနဲ့ဖြစ်ကာလှည့်ကြည့်လိုက်တော့သူ့ကိုမျက်ထောင့်နီကြီးတွေနဲ့ကြည့်နေလေရဲ့။

ဘာလဲ ငါမအားဘူးအလုပ်ကိစ္စပြောနေတယ်။

ဘာလဲအလုပ်ကိစ္စဆိုတာကဒီလိုဖက်ယက်ပြီးပြောမှရတာလား။

မနေ့ကရှယ်ရာဝင်ချင်တဲ့သူငယ်ချင်းမိန်းကလေးတစ်ယောက်နဲ့တွေ့နေချိန်မှာရိုက်ထားတဲ့ပုံတွေ။ အချိန်တော်တော်ကြာမှတွေ့ရတဲ့သူငယ်ချင်းမို့နှုတ်ဆက်ပွေ့ဖက်ထားတဲ့ပုံတွေပါ ပါလာသည်။

ငါဘာသာဖက်ပဲဖက်ဖက်နမ်းပဲနမ်းနမ်းမင်းအပူမပါဘူးထင်တယ်။မင်းနဲ့ဆိုင်တဲ့အရာမှမဟုတ်တာ

ဂျောင်ဝူးရဲ့စကားကြောင့်ဒိုဟွန်းရင်ထဲစစ်ကနဲပင်ထိုးကိုက်သွားတော့သည်ကိုယ်ကသူ့အပေါ်ဘယ်လိုခံစားချက်ရှိတယ်ဆိုတာသိရဲ့သားနဲ့သူမို့လို့ပြောရက်တယ်။ ငါလူထပ်မသက်ချင်တော့ဘူးဂျောင်းဝူးရာ....

ငါနဲ့မဆိုင်ဘူးလား အေးအဲ့တော့ဆိုင်သွားအောင်ငါကလုပ်ပေးရတာပေါ့

ပြောပြီးလက်ကိုဆွဲကာနားနေခန်းထဲသို့ဆွဲခေါ်သွားသည်။အခုသူတိုကဂျောင်ဝူးရဲ့ကော်ဖီဆိုင်လေးထဲမှာလေ။ ဆိုင်လည်းမဖွင့်ရသေးတာကြောင့်ဒိုဟွန်းရဲ့အသိစိတ်တွေကလုံးဝအထိန်းအကွတ်မဲ့နေခဲ့သည်။ဒိုဟွန်းနောက်ယက်ကန်ယက်ကန်ပါသွားတဲ့ကောင်လေးဟာတော့နောက်ဖြစ်လာမယ့်အဖြစ်အပျက်ကိုသာသိရင်အခုလိုဘုကန့်လန့်ပြောမိမှုမဟုတ်ပေ။ အခုတော့အားလုံးနောက်ကျသွားပြီ။

နားနေခန်းထဲရောက်တော့ဂျောင်းဝူးအားဆိုဖာပေါ်သိုပစ်ချကာအပေါမှခွထိုင်လိုက်တဲ့ဒိုဟွန်း။

ငါနဲ့မဆိုင်တဲ့မင်းကိုအခုဆိုင်အောင်လုပ်ပေးရမှာပေါ့

Psycho Killer  (Complete) Where stories live. Discover now