EXTRA

390 34 2
                                    

နှစ်တွေသာအလီလီပြောင်းလဲသွားလိမ့်မယ်ကျွန်တော်ကလေးအပေါ်ထားတဲ့အချစ်တွေကတော့လျှော့မသွားခဲ့။
လူတွေကပြောကတယ်အချိန်ကကုစားပေးသွားလိမ့်မယ်တဲ့
အခုဆိုနှစ်နှယ်ဆယ်ရှိပြီ..
နည်းလားဗျာနှစ်နှယ်ဆယ်ဆိုတဲ့အချိန်ကလူတစ်ယောက်ကိုမေ့ဖို့အတွက်လုံလောက်တာထက်ကိုပိုတယ်။
ဒါပေမဲ့ကျွန်တော်တစ်ရက်မှမေ့မခဲ့ဘူး။
တစ်ခြားသူတွေကတော့အသက်မကြီးချင်ဘူး၊
မသေချင်ဘူးတဲ့အဲ့တာကကျွန်တော့အတွက်တော့သိပ်ရယ်ရတယ်။
ကျွန်တော်ကတော့အသက်ကြီးလေပျော်လေပဲ
ရောဂါတစ်ခုခုသာဖြစ်ရင်ပိုတောင်ပျော်ဦးမယ်
မြန်မြန်သေမှကလေးကိုတွေ့ရမှာမလား....
ဟက်ကျွန်တော်အတွေးတွေကဝူးကြောင်ကြောင်နိုင်တယ်မလား။
ကျွန်တော်ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့ကြီုးစားကြည့်ဖူးတယ်
ဒါပေမဲ့မအောင်မြင်ခဲ့ဘူး။
ကလေးရဲ့ပြန်လာခဲ့မယ်ဆိုတဲ့စကားလေးကိုပြန်ကြားယောင်းကြီးကျွန်တော်ဘဝကြီးကိုရှေ့ဆက်နေရတာ
ဖြစ်နိုင်ရင်ကလေးဆီကိုအခုတောင်လိုက်လာချင်မိတယ်။
အကိုကလေးအတွက်အဝါရောင်ပန်းလေးတွေဝယ်လာတယ်။
ကလေးကဘာပန်းကြိုက်လဲဆိုတာမသိတော့အဝါရောင်းပန်းတစ်ပွင့်စီဝယ်လာလိုက်တယ်။
မညီမညာနဲ့ဆိုတော့လှတော့မလှဘူးရယ်
ကိုယ်ကသိပ်ညံ့တာပဲနော်ကလေးကြိုက်တက်တဲ့ပန်းတောင်ကိုယ်မသိဘူး။
ကိုယ်လိုလူကကလေးရဲ့အချစ်ကိုရတာတော်တော်ကံကောင်းတာပဲ။

"ဆရာညနေစောင်းနေပြီပြန်ရအောင်လေ"

"အင်းကောင်းပြီမင်းကားထဲသွားစောင့်နေငါလိုက်လာခဲ့မယ်"

"ဟုတ်ကဲ့"

ကလေးကိုယ်သွားတော့မယ်နော်။

ထယ်ယောင်းလည်းအုတ်ဂူအဖြူလေးအား လွမ်းဆွတ်စွာငေးရင်းလာရာလမားကိုလှမ်းရတော့သည်။သူ့ရဲ့နှစ်စဥ်မမေ့မပျောက်ထမ်းဆောင်ရတဲ့တာဝန်ကတော့ကလေးရဲ့အုတ်ဂူလေးမှာအဖော်ပြုစကားပြောပေးတာပဲ။
နေ့တိုင်းလာချင်ပေမဲ့ မအားတဲ့အလုပ်တွေကြောင့်လာဖို့ကမဖြစ်နိုင်တော့။
စုံထောက်အလုပ်ကိုစွန့်လွှတ်လိုက်ထဲကကလေးကိုလွမ်းတဲ့စိတ်နဲ့အိပ်ရာထဲလဲနေတဲ့ကျွန်တော့ကိုဦးလေးကသူ့သူငယ်ချင်း
ကုမ္ပဏီမှာအလုပ်သွင်းပေးခဲ့တယ်။
အခုဆိုကိုယ်ပိုင်ကုမ္ပဏီတောင်ထောင်နိုင်တဲ့အထိကိုသူချမ်းသာနေပြီလေ။

Psycho Killer  (Complete) Where stories live. Discover now