Part-11

10.5K 992 42
                                    

Taehyung ဒီနေ့ညနေ ဆိုင်ကယ်စီးပြိုင်ပွဲရှိတာကြောင့် တက်ကြွနေမိသည်...ပြိုင်ပွဲလိုအကြီးအကျယ် ပရိသတ်တွေနဲ့ ကွင်းကြီးထဲမှာပြိုင်တာမဟုတ်ဘဲ...သူ့လို Rich Kid တွေချည်းသက်သက်ပြိုင်တဲ့ ပွဲမျိုးဖြစ်သည်....

ပြိုင်ပွဲက နှစ်တိုင်းကျင်းပကာ Taehyung က ဝင်ပြိုင်တိုင်း ပထမရသည်...အခုထိ သူ့ကိုကျော်ပြီး စီးနိုင်တဲ့သူ မရှိသေးပေ...သူဆိုင်ကယ်ကို ကျွမ်းကျင်စွာစီးတတ်တာ ဝါသနာကြောင့်ဖြစ်သည်...

Taehyung ကမာမားသွေးပါတာတဲ့...  Taehyung မာမားက နိုင်ငံခြားတွေမှာလုပ်တဲ့ပွဲတွေအထိ ဝင်ပြိုင်တဲ့ Biker တစ်ယောက်ဖြစ်သည်..

မာမား ဆုံးတာ Taehyung 7 နှစ်သားအရွယ်...မာမားဆုံးရတာလည်း အဲ့ဒီဆိုင်ကယ်ကြောင့်ပဲဖြစ်သည်...ပြိုင်ပွဲဝင်နေတုန်း မာမားထိခိုက်ခဲ့ရတာတဲ့....Taehyung ကငယ်သေးတော့ဘာမှမသိပေမယ့် ဆိုင်ကယ်စီးဝါသနာပါတာကတော့ မာမားသွေးပါလာခြင်းဖြစ်သည်...

Taehyung ကို ပါပါးက ဆိုင်ကယ်ပေးမစီးပါ...မာမားလိုဖြစ်မှာစိုးလို့စိုးရိမ်တယ်ဆိုတာထက် Taehyung ကတော့ချုပ်ချယ်တယ်လို့ပဲတွေးမိတာဖြစ်သည်...

Hyg ရောက်လာတော့ Taehyung အရမ်းဝါသနာပါတဲ့ ဆိုင်ကယ်ကို ပါပါးမသိအောင် ခိုးစီးစေခဲ့သည်...အခုစီးနေတဲ့ဆိုင်ကယ်က Hyg ပေးထားတဲ့ Taehyung ရဲ့မွေးနေ့လက်ဆောင်...Taehyung အရမ်းတန်ဖိုးထားသည်...ထို့ကြောင့် ကားတွေရှိနေတာတောင် Hyg ပေးထားတယ်ဆိုတဲ့အသိနဲ့ ဒီဆိုင်ကယ်ကိုပဲစီးနေခဲ့ခြင်းဖြစ်သည်...

အရွယ်ရောက်လာတဲ့ Taehyung က ငယ်ငယ်ကတည်းကရင်း မိဘရင်ခွင်နဲ့ဝေးကွာခဲ့သလိုဖြစ်နေသည်...ပါပါးကလည်း အမြဲအလုပ်ရှုပ်နေတော့ Taehyung ကို အမြဲဂရုမစိုက်နိုင်ခဲ့ပေ....Taehyung နဲ့ပါပါးက အရင်က ဆက်ဆံရေးပြေလည်ပေမယ့်  Taehyung ဆိုင်ကယ်စီးတာကိုသိလို့ ထိုးလိုက်တဲ့နေ့ကတည်းက သားဖနှစ်ယောက်က စိမ်းသွားကြခြင်းဖြစ်သည်...Hyg ကိုနိုင်ငံခြားပို့လိုက်တာလည်းပါသည်....

Taehyung ပါပါးကိုအကုန်အရွဲ့တိုက်သည် ....မလုပ်နဲ့ပြောရင်အကုန်လုပ်ပြသည်...တစ်ဦးတည်းသော သားဖြစ်တဲ့အပြင် အထီးကျန်စွာကြီးပြင်းလာတဲ့ Taehyung က ဘယ်သူ့ခံစားချက်ကိုမှ ဂရုမစိုက်တတ်တဲ့ ဂျစ်ကန်ကန်ကောင်လေးဖြစ်လာခဲ့သည်....သူဂရုစိုက်တာ Hyg ကိုပဲ....အထီးကျန်တဲ့ Taehyung ဘဝမှာ Hyg က အဖော်လိုပဲဖြစ်ခဲ့ကာ ဘာညားညားတိုင်ပင်အားကိုးခဲ့ရတဲ့ သူဖြစ်ပေးခဲ့သည်...

💜 Next to You 💜Where stories live. Discover now