"Jeon Jungkook ဟိုဘက်တိုး..."
"ထပ်တိုးရင်ပြုတ်ကျတော့မှာ..."
"မင်း သောက်ပိုတွေလာမပြောနဲ့ ဒီလောက်ကုတင်အကျယ်ကြီးကို ..."
Taehyung အမြင်ကပ်စွာ အနားကပ်လာတဲ့ Jungkook ကိုယ်ကြီးကို တံတောင်နဲ့တွက်ပစ်မိသည်...ဒီကောင်သူ့ကိုချစ်တယ်ဝန်ခံပြီးကာမှ ပိုဆိုးလာသည် ...လူကိုတစ်ချိန်လုံးလိုက်စနောက်နေတော့တာ...အရင်က Jeon Jungkook ကအချေ...
အခုကမဟုတ်တော့ ကက်သပ်ပြီးစကားပြောလာသည်..လူကိုအသားယူတာတွေဘာတွေလုပ်လာသည်...စိတ်မတိုတိုအောင်လိုက်စ ဒီကဆဲရင်ကျ ဆဲတာလေးကို အသည်းယားတယ်ပြောသေးတာ...ဘယ်လိုဟာမှန်းကိုမသိတော့ပေ....
"Baby ဒီလက်က ဟန်းချိန်းကဘာလဲ...ဘယ်သူပေးတာမလို့ ဒါကိုမချွတ်တမ်းဝတ်နေရတာလဲ..."
သူပြောမှ Taehyung ဒါကိုဝတ်ထားတာသတိရသည်...Hyg မွေးနေ့တုန်းကပေးတဲ့လက်ဆောင်လေး..
"မင်းမအိပ်သေးဘူးလား....ဟမ် မင်းမအိပ်ရင် ငါအပြင်သွားအိပ်တော့မယ်..."
"ဒီမှာပဲအိပ်ပါ...Baby အနားမှာမရှိရင် ကိုယ်အိပ်မပျော်လို့...."
တွေ့လား အသံကိုက...ရိုက်သတ်ချင်စရာ အမျိုးမျိုးလုပ်လည်းလုပ်တတ်သည် ....Taehyung လည်း သူနဲ့ခပ်ဝေးဝေးရွှေ့ကာ မျက်လုံးတွေမှိတ်ချလိုက်တော့ ခါးကိုဖက်လာတဲ့ Jungkook လက်တွေ...
Taehyung ဖယ်ချမလို့လုပ်တော့..."ဖက်ရုံလေးနဲ့အသားပွန်းပဲ့မသွားပါဘူး....ကိုယ်တို့က လင်လင်တွေပဲကို...ခါးလေးတောင်ပေးမဖက်တာကတော့ Baby သက်သက်တွန့်တိုတာပဲ..."
"မင်း ဘယ်လိုဖြစ်နေတာလဲ Jungkook..."
"Baby ကိုချစ်နေတာလေ...ချစ်ပါတယ်လို့ပြောနေတာတောင် အဖတ်မှမလုပ်တာ....ကိုယ်ကတော့ Baby အသိအမှတ်မပြုမချင်းတောက်လျှောက်ပြောနေမှာပဲ...မကြားချင်ရင် အဖြေပေးတော့..."
"သောက်ရူး...."
.............
ဝန်ကြီးချုပ် Jeon ရယ် သူဌေး Kim ရယ်...နှစ်ယောက်နဲ့အတူ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ Taehyung နဲ့ Jungkook....
"အခုလိုခေါ်တွေ့ရတာက မျိုးဆက်ကိစ္စဆွေးနွေးဖို့ပဲ..."
"ဟမ်..."
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...