Part-19

10.9K 957 57
                                    

Taehyung ဒီနေ့ မေမေ့နှစ်ပတ်လည်နေ့မလို့ အိမ်တော်ပြန်ရောက်နေလေသည်...Jungkook က ကိစ္စတစ်ခုရှိလို့ သူနဲ့မလိုက်လာဘဲ ပြီးမှလာမှာဖြစ်သည်....

အနက်ရောင်ဝမ်းဆက်နဲ့ Hyg အမေက မေမေ့ကိုဂါရဝပြုနေတာမလို့ အပေါ်ထပ်တက်ခဲ့လိုက်သည်...

"ဒီခေါက်ပစ္စည်းတွေကို Tiger တို့ဘက်က ရအောင်ယူမယ်လို့ ခြိမ်းခြောက်သွားတယ် Boss...."

Taehyung စာကြည့်ခန်းထဲကအသံကြောင့် လူကနံရံနဲ့ကပ်ပြီးသားဖြစ်သွားသည်...

"ဒီတစ်ခါ အန္တရာယ်ပိုများတာမလို့ ပစ္စည်းတွေပို့တဲ့အခါ လူတိုင်းကိုလက်နက်အလုံအလောက်ယူသွားခိုင်းထားလိုက်.... "

"ဟုတ်ကဲ့ Boss"

"အဲ့ဒီ Tiger ဆိုတဲ့ကောင်က ငါ့ကိုရန်သူလိုသတ်မှတ်ပြီး ကိစ္စတိုင်းကိုလိုက်ရှုတ်နေတာ...သူ့ကိုငါလွှတ်ထားပေးတာ သူအရမ်းတော်နေလို့လို့ ထင်နေမှာ...ဝန်ကြီးချုပ် Jeon ဆီ သူ့ဂိုဏ်းနဲ့ပတ်သတ်ပြီး အချက်အလက်တွေအကုန်ပို့်ထားပြီးပြီ...မကြာခင်သူ့လမ်းသူသွားရတော့မှာပဲ...လူငယ်ပေမယ့် ငါ့ကိုလာယှဉ်တော့ စိတ်မကောင်းစရာပဲ..."

Taehyung ပါပါးပြောတဲ့ Tiger ဆိုတဲ့ကောင်ဟာ သူနဲ့ Club မှာတွေ့တဲ့ကောင်လို့ထင်နေမိသည်...ထိုသူပြောသွားတဲ့အထဲ ပါပါးကိုသူသိနေပြီးတော့ မုန်းတီးနေဟန်ရှိသည်...

အဲ့နေ့ပြီးတော့ Club ကကောင်အကြောင်းတိတ်တဆိတ်စုံစမ်းနေခဲ့ပေမယ့် ဘာအသတင်းအစအနမှမတွေ့ရပေ...အကယ်၍ ပါပါးပြောတဲ့ Tiger သာ ထိုလူဆိုပါက Taehyung လက်စားချေဖို့အခွင့်အရေးရပြီဖြစ်သည်...

Jungkook ဆေးရုံပေါ်မှာမေ့မျောနေတဲ့ Min ကိုကြည့်ကာ ရင်ထဲမကောင်း....အသက်ရှင်ဖို့ ၁၀ % လောက်သာကျန်တော့တဲ့ Min မျက်နှာက သွေးမရှိတော့သလိုဖြူဖျော့ဖျော့သာရှိတော့သည်...

...ဘယ်သူတွေကများ အေးဆေးရိုးသားတဲ့ Min ကိုဒုက္ခပေးရပါသလဲ....

"ပြန်လာပေးပါ Min ရယ်....မင်းမေမေကို ကိုယ်ဘယ်လိုပြောရမှာလဲ...

"ဧည့်တွေ့ချိန်ကျော်သွားပါပြီရှင့်..."

သူနာပြုကောင်မလေးတစ်ယောက်လာပြောတာနဲ့ Jungkook ဆုပ်ကိုင်ထားမိတဲ့ Min လက်လေးကိုခပ်ဖွဖွလွှတ်ပေးရင်း...

💜 Next to You 💜Where stories live. Discover now