Arc 12.26

3.3K 540 4
                                    

Unicode

ယွိကျိုက 'ရိတ်လို့မကုန်တဲ့လယ်ကွင်းပဲရှိပြီး မောပြီးမသေတဲ့နွားမရှိဘူး'

ဆိုတဲ့ ဆိုရိုးစကားကို သက်သေပြဖို့လုပ်တယ်

သူအိပ်ရာပေါ်မှာ မျက်နှာသေကြီးနဲ့လှဲနေတယ်

'ဇီးပန်းလေးက အတော်လေးသက်လုံကောင်းတာပဲ'

ရှီရှန်းကသူ့ကို စောင်နဲ့ဖုံးပေးလိုက်တယ်

"ရှင်အခုအိပ်ရင်အိပ်နော် မဟုတ်ရင် ကျွန်မရှင့်ကို သတ်ပစ်တော့မယ်''

ယွိကျိုကတော့ စောင်နဲ့ကွေးပြီးဟိုဘက်ကို လှိမ့်သွားတယ်

ရှီရှန်းကအိမ်ရာဘေးမှာထားတဲ့ မီးအိမ်ကိုကြည့်ပြီး တွေဝေနေတယ် သူမမှာက ဝိညဥ်စွမ်းအင်ရှိနေတာကိုး အဲတာကြောင့်သူ့ထက်စာရင်သန်မာတာပေါ့

သူမဖိုင်တွေကို အိပ်ရာပေါ်ယူသွားတယ် သူမအခန်းထဲရောက်လာမှပဲ ယွိကျိုက သူမကိုဖက်ဖို့ အိပ်ရာထဲလှိမ့်လာပြီး အိပ်ပျော်သွားတယ်

ရှီရှန်းကသက်ပြင်းချရုံပဲချနိုင်ပြီးတော့ 

ဖိုင်တွဲကို ဆက်ကြည့်ဖို့အတွက်အလင်းရောင်ကို မှိန်မှိန်လေးထားထားတယ်

အဲ့ဒီဖိုင်တွေမှာ အချက်အလက်တွေအများကြီးတော့မပါဘူး ဖိုင်တွေမှာ ရှန်းရှီလုပ်ငန်းစုရဲ့အစီအစဥ်တွေနဲ့သုံးသပ်ချက်လောက်ပဲ ပါတယ်

'ယွီရှင်းရွှမ်ပြောတာတော့ အစိုးရက ရှန်းရှီ လုပ်ငန်းစုကို ချုပ်ကိုင်ထားတယ်တဲ့ ဒါပေမဲ့ဘာလို့လဲ ရှန်းရှ လုပ်ငန်းစုက သူ့သမိုင်းနဲ့သူရှိနေတဲ့ဟာ အခုမှစလာတဲ့လုပ်ငန်းလည်းမဟုတ်ပါဘူး

ဒီလိုအရှုပ်အထွေးသောင်းခြောက်​ေထာင်နဲ့လုပ်ငန်းကို အစိုးရကဘာလို့လိုချင်နေတာလဲ

ပြီးတော့အရင်ကတည်းက ရှယ်ယာဝယ်ထားတဲ့သူတွေကဘာလို့ သူတို့ရှယ်ယာကို ရောင်းချင်နေတာလဲ

ပိုက်ဆံလိုနေတယ်ဆိုရင်တောင် ရှန်းရှီလုပ်ငန်းစုရဲ့ဖွံဖြိုးပုံနဲ့ဆို ကောင်းကောင်းကြီးထိုင်စားနေလို့ရပါတယ်ဒါပေမဲ့သူတို့က သူတို့ရဲ့ရှယ်ယာတွေကိုရောင်းပြီး အရှုံးပေးသွားကြတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now