Arc 14.33

3.1K 426 0
                                    

Unicode

ချောင်ချန်းချန်းက ထျန်းကျင်းချန်ရဲ့ဖုန်းနံပတ်ကို တစ်ယောက်ယောက်ဆီကနေရပြီးတော့ သူ့ကိုဖုန်းခေါ်လိုက်တယ်

ဇာတ်ကြောင်းအရဆိုရင် ထျန်းကျင်းချန်က ချောင်ချန်းချန်းကို နိုင်ငံခြားက ပြန်လာအပြီးမှာ တွေ့ရမှာဖြစ်တယ်

ချောင်ချန်းချန်းက ကုမ္ပဏီအကြီးကြီးမှာ အလုပ်ဝင်ခဲ့တာမဟုတ်ဘဲ ေချာင်မိသားစုရဲ့ ကုမ္ပဏီကို ဆက်ခံခဲ့တာကြောင့် သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံဖို့အခွင့်အလမ်းက အခြေအနေတွေအဆင့်အတန်းတွေ မတူတော့တာကြောင့် နည်းပါးသွားတယ်

သူမထျန်းကျင်းချန်ကို အကြိမ်အနည်းငယ်တွေ့ခဲ့ပေမယ့် အမြဲတမ်းသူ့ကို ရှောင်နေခဲ့တယ်

ထျန်းကျင်းချန်ကအရင်ကထက်ကို လူရှုပ်လူပွေ ဖြစ်လာခဲ့တယ် သူ့ဘေးနားမှာ မိန်းကလေးအနည်းငယ်ရှိနေပြီးတော့ အမြဲတမ်းသူ့ကို အဖော်ပြုပေးဖို့လူရှိနေတတ်တယ်

ချောင်ချန်းချန်းကို တွေ့ဖို့အတွက် သူတစ်ယောက်ယောက်ကိုလွှတ်လိုက်တယ်

ထျန်းကျင်းချန်နဲ့သူမနဲ့မျက်နှာချင်းဆိုင်မထိုင်မှီမှာ သူမကိုခေါင်းစခြေဆုံး စစ်ဆေးလိုက်တယ်

သူ့ရင်ခွင်ထဲမှာလည်း မိန်းမတစ်ယောက်ကို ပိုက်ထားပြီးတော့ သူမကိုလှောင်ပြောင်တဲ့လေသံနဲ့ပြောလိုက်တယ်

"ချောင်ချန်းချန်း, ငါကနင့်ကို ငါ့ရှေ့မှာထပ်မပေါ်တော့ဘူးလို့ထင်နေတာ"

"ထျန်းကျင်းချန်!"

သူတို့အချင်းချင်း စကားပြောဆို ပုံတွေက ဒီလောက်ထိဖြစ်သွားဖို့လိုလို့လား?

"ထျန်းကိုကို သူမကဘယ်သူလဲ?"

ထျန်းကျင်းချန်ရဲ့ ရင်ခွင်ကိုမှီနေတဲ့မိန်းကလေးက စပ်စပ်စုစုမေးလိုက်တယ်

"အရေးမပါတော့တဲ့ လူတစ်ယောက်ပေါ့"

ထျန်းကျင်းချန်ရဲ့ ဆက်ဆံပုံတွေက ချောင်ချန်းချန်းကို အခုချက်ချင်း ထပြန်သွားချင်စိတ်ပေါက်အောင်လုပ်နေတယ် ဒါပေမဲ့အတိတ်က​ဖြစ်ခဲ့တဲ့ မှတ်ညဏ်တွေက သူမကိုထွက်မသွားဖို့တားနေတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now