Arc 14.29

2.9K 446 1
                                    

Unicode

ရှီရှန်းပြောထားတဲ့အတိုင်းပဲ ကျောက်ကျုံရဲ့စက်ရုံတွေက အစပိုင်းမှာ အရမ်းကောင်းနေပေမယ့် သူတို့တွေအော်ဒါတွေတင်ပြီးတဲ့နောက်မှာပဲ ပြဿနာတွေမျိုးစုံပေါ်လာတယ် လူတွေကသူတို့စက်ရုံတွေကထိန်းချုပ်မရဘူးလို့ ထင်မြင်ချက်တွေပေးလာကြတယ်
အစပိုင်းမှာတုန်းကတော့ အစိုးရကတောင်အားပေးထောက်ပံပေးတဲ့အထိကို ရောင်းကောင်းနေတယ် ဒါကြောင့်ဘသူတို့လည်းထပ်ပြီးထုတ်လုပ်လို့ရအောင်ဆိုပြီး ကုန်ကြမ်းတွေဝယ်ထားတယ်
ဒါပေမဲ့အခု ဘယ်သူကဒါကို သုံးရဲတော့မှာလဲ ရလဒ်အနေနဲ့ စက်ရုံတွေတစ်ပြုံလိုက်ကြီး သိုလှောင်ခန်းထဲမှာဖုန်တက်နေတော့တယ်
ကျောက်ကျုံတစ်ယောက် ဘာလုပ်ရမလဲမသိသလို ချင်ကောကို ရှီရှန်းက အကြံညဏ်တစ်ခုပေးလိုက်တယ်
"အဲ့စက်ရုပ်တွေကို စျေးနည်းနည်းပေးပြီးတော့ ပြန်ဝယ်လိုက် ကျွန်မ စစ်ဆေးကြည့်ပြီးသွားပြီ အပြင်ခွံတွေက ဘာမှပြဿနာမရှိဘူး သူတို့ကအကောင်းဆုံးတွေပဲရွေးသုံးထားတာ"
ချင်ကောကသူမကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်တယ်
"ကိုယ်တို့အဲ့ဟာတွေ သွားဝယ်ရင်အလဟသတ် ဖြစ်ကုန်မှာပေါ့
ကိုယ်တို့ဟာတောင် သေသေချာချာ မတိုးတက်သေးတာ အခြားအသုံးမကျတဲ့ ပရောဂျက်ကို ဘာလို့ဝယ်မှာလဲ"
"သွားသာဝယ်ပါ, ရှင်လုပ်ရမှာဆိုလို့ သူတို့ဆီကဒါကိုဝယ်ဖို့ပဲ"
ချင်ကောက အမြဲတမ်းသူ့ဇနီ စကားကိုနားထောင်တယ် သူမက သူ့ပိုက်ဆံတွေအားလုံးကို ဖြုန်းပစ်မယ်ဆိုရင်တောင်ပေးနေဦးမှာပဲ ဒါကြောင်ကုမ္ပဏီက ကန့်ကွက်တဲ့သူတွေရဲ့ စကားကို လျစ်လျူရှုပြီး စက်ရုပ်တွေကို ဝယ်လိုပ်တယ် ရှီရှန်းက အဲတာတွေကို ရှာဖွေရေးအခန်းကို ခေါ်သွားပြီး ပညာရှင်တွေကို ပရောဂျက်နည်းနည်းပြောင်းပေးဖို့ပြောလိုက်တယ်
'CEOရဲ့မိန်းမက အတော်လေးကိုပညာရှိတာပဲ သူမျကိုညစ်တဲ့နေရာမှာ ဟုတ်တယ်မလား'
"အမ, ကျွန်တော်တို့ ဒီဗီဒီရိုကို ပရိုမိုးရှင်းဆင်းတဲ့အခါမှာ သုံးချင်တယ် အဆင်ပြေမလားမသိဘူး"
စျေးကွက်ဆိုင်ရာမှာ တာဝန်ယူထားတဲ့သူက ဝင်ပြောတယ်
အဲဒီဗီဒီရိုက ရှီရှန်း ချင်ရှငိးရဲ့လူတွေကို ဓားနဲ့ယမ်းပြီး ပြဿနာရှာထားတာတွေပဲ အဲတာကြောင့် အဲ့ဒီဗီဒီရိုက ခုထိနာမ်မည်ကြီးနေတုန်း
"အဲ့ထဲက မိန်းကလေးက ငါတို့CEOရဲ့ဇနီးနဲ့မတူဘူးလား"
တစ်စုံတစ်ယောက်က သူ့ရဲ့သံသယတွေကို ပြောလိုက်တယ်
သူပြောလိုက်တာကြောင့် လူတိုင်းက သူမကိုဘာလို့ရင်းနှီးနေတာလဲဆိုတာ သတိထားမိသွားတယ်
သူတို့CEOနဲ့သူမနဲ့က ဘယ်လိုတွေ့ဖြစ်သွားကြတာလဲဆိုတာသူတို့ဆွေးနွေးနေပြီး ဒီဗီဒီရိုရဲ့အောက်မှာလည်း ကွန်းမန့်အနည်းငယ်တွေ့နေရတယ် ဒါကကြာနေပြီဆိုပေမယ့် အသုံးဝင်သေးတယ်
"ဒါဆိုသူမက တက္ကသိုလ်ကျောင်းသူပေါ့"
"ချင်သူဌေးကလည်း အဲဒီမှာ ပါမောက္ခလုပ်ဖူးတယ်မလား"
သူတို့တွေဆွေးနွေးရင်းနဲ့ ကိစ္စကကြီးသွားတယ်
အဆုံးမှာတော့ သူတို့ ဒီဗီဒီရိုကို အသုံးပြုလိုက်ပြီး ပုံပြင်လေးတောင်ထည့်ရေးပေးလိုက်သေးတယ်
မယ်ရီစူးဓားနဲ့ချစ်စဖွယ်စက်ရုပ်များနှက အလွန်တူ​မေယ့် သူတို့အတွက်
အံ့သြဖွယ်ကောင်း​ပီးအပြုသဘောတုံ့ပြန်ချက်ကိုရရှိခဲ့တယ်
ကောင်းကင်၏အနှိုင်းမဲ့ : [ဂန္ထဝင်ဓားကြီးကပြန်လည်ပေါ်ထွက်လာပြီလား။ ထုတ်လုပ်သူတွေဘာတွေတွေးနေမှန်းငါမသိပေမယ့်ငါတကယ်ပျော်နေပြီလို့
ခံစားရတယ်။ ]
ဟင်းသီးဟင်းရွက်အချဉ်များစားခြင်း[အတော်တောင် ကြာပြီ တိုက်ပွဲကဆက်ဖြစ်နေတာဘဲ ။ အချိန်ကကမ္ဘာကြီးကိုလွှမ်းမိုးချုပ်ကိုင်နေသလို မယ်ရီစူးရဲ့ တရားစီရင်တာကိုရပ်တန့်လို့မရဘူး။ လူမိုက်တို့ လက်လျှော့ကြလော့။ ]
ပလေတိုသေပြီ - [ငါဒီကြော်ငြာကို ၁၀၁ မှတ်ပေးတယ်။ Mary Sue-ness ရဲ့အဆင့်သစ်ကိုရောက်နေပြီ၊ ဒါပေမယ့်ငါအဲဒါကို​ကြည့်
ဖို့ကိုယ့်ကိုယ်ကို​မထိန်းနိုင်​ေတာ့ဘူး။ ]
Zhao DaDa: [မူရင်းဗီဒီယိုမှာ Mary Sue ရဲ့ဓားကိုသူ့ကိုယ်ပိုင်အထူးပြုလုပ်ချက်တွေရှိတယ်လို့ငါကြားဖူးတယ်။ ဒီကြော်ငြာကနောက်ပိုင်းမှာအကျိုးသက်ရောက်မှုတွေကိုရှင်းရှင်းလင်းလင်းထည့်ထားတယ်]
ဒီအချက်တွေကြောင့် မယ်ရီစူးရဲ့ အဖတ်ထည့်ထားတာက သိပ်မကောင်းပေမယ့်လည်ယ သူတို့က စျေးကွက်မှာအတော်လေးဖြန့်လိုက်ရတယ်
တစ်စုံတစ်ယောက်က ဒီဗီဒီရိုထဲက လူကိုတွေးမိတယ် ဒါကသူတို့CEOရဲ့ဇနီးပဲ ဒါပေမယ့် သူမကိုမေးရမှာ ဘာလို့ကြောက်နေကြတာပါလိမ့်
ဒါပေမဲ့ သူတို့CEOရဲ့ဇနီးကတော့ ဒါကိုဖုံးကွယ်ထားတယ် သူမရဲ့မယ်ရီသူးဓားက ဒီထက်ပိုပြီးအလင်းရောင်တွေမထုတ်တော့ဘူး အဲ့ဒီအစားအစိမ်းရောင်ပဲ ထွက်လာတယ် သူ့အရောင်ကတစ်နှသ်တစ်ခါပြောင်းနေတယိ
ရှီရှန်းက အရောင်တိုင်းကိုကြည့်ပြီးတော့မှ ဘယ်အရောင်ပိုကောင်းလဲဆိုတာကိုကြည့်ဖို့ဆုံးဖြတ်ထားတယ်
ဒီစက်ရုပ်တွေကို ထုတ်လုပ်တဲ့ကုန်ကျစရိတ်က အတော်နည်းတယ်သူတို့တွေ ဒါနဲ့ပတ်သတ်တာမှန်သမျှကို ဆန်းစစ်မှုပြုလုပ်ခဲ့တယ် ပြီးတော့ ဘာပြဿနာမှ မတွေ့ခဲ့ကြဘူး
သူတို့တွေထုတ်ရောင်းတဲ့အခါမှာတော့ ေစျးကောင်းအတော်​လေးရ
ခဲ့တယ်
ချင်ကောက ဒါတွေကို ဖြန့်ချီတဲ့အခါမှာ သူ့ကုမ္ပဏီကကြီးကြီးမားမားတိုးတက်နေတာရယ် အသုံးပြုရအဆင်ပြေတာကြောင့် အစိုးရကတောင်အကူအညီပေးပြီး ဖြန့်ချီပေးတယ်
ဒီရက်တွေအတွင်းမှာ ချင်ကောနဲ့ ရှီရှန်းနဲ့က ကုမ္ပဏီအတွင်းမှာပဲအနားယူကြတယ် အဲ့မှာပဲအလုပ်လုပ်နေတာများတယ်
အကုန်လုံးရောင်းထွက်ပြီးသွားတဲ့နောက်မှာ ရှီရှန်းက ပင်ပန်းမှုကိုပဲခံစားရတယ်
'ပိုက်ဆံရှာရတာကအတော်လေးခက်တာပဲ ငါအိမ်ပြန်ပြီးအနားယူတယပဲကောင်းတယ်'
ရှီရှန်းက ချင်ကောကိုကုမ္ပဏီမှာတစ်ယောက်တည်း ချန်ခဲ့ပြီးတော့ အိမ်ကိုအရင်ပြန်လာတယ် သူမအိမ်ရာထဲကို ဝင်ဖို့ပဲရှိသေးတယ် တစ်စုံတစ်ယောက်က သူမကိုလှမ်းခေါ်တယ်
"ချူးချူး"
ရှီရှန်းက လှည့်ကြည့်လိုက်တယ် သူ့ကိုနောက်ဆုံးတွေ့ခဲ့ပြီးကတည်းက အသက်တွေအများကြီး ပိုကြီးသွားတယ်လို့ထင်ရတဲ့သူ, ချောင်ဖူ
"အဖေ!"
.......
ချောင်ဖူက ပတ်ဝန်းကျင်းကိုအကဲခတ်ကြည့်တယ် အဲတာကအရမ်းမကြီးဘူး ဧရိယာကျယ်ပြီး အခန်းသုံးခန်းလောက်ပဲရှိတယ် သေသေချာချာသပ်သပ်ရပ်ရပ်ဖြစ်နေပေမယ့် မီးဖိုချောင်ကတော့သာမာန်ပါပဲ
ရှီရှန်းက ချောင်ဖူကို ရေတစ်ခွက်ခတ်လာပေးတယ်
"အဖေမလာခင်သမီးကို ဘာလို့ကြိုမပြောတာလဲ သမီးသာအခုထွက်မလာရင်အဖေဒီမှာ ဘယ်လောက်ကြာအောင်စောင့်နေမှာလဲ"
"ချူးချူး..."
သူမအဖေက တစ်ခုခုပြောဖို့ကိုပြဿနာဖြစ်နေပုံပဲ
ရှီရှန်းက သူ့ကိုထူးဆန်းစွာကြည့်လိုက်တယ်'ဘာဖြစ်လာတာပါလိမ့်'
ချောင်ဖူက သူမကို ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာပြောဖို့ စီစဥ်နေတယိ
သူက သူမကိုငွေပြန်ပေးဖို့အတွက်စီစဥ်နေတာပါ...ဒါပေမဲ့ချောင်မူက သူ့ကိုမပြောဘဲ ချောင်ချန်းချန်းကို ပေးလိုက်တယ်
ချောင်မူတွေးတာက.... သူတို့
အားလုံးကမိသားစုပဲလေ ဒါကြောင့်ဘယ်သူပိုက်ဆံရရအတူတူပဲ...ချန်းချန်းလေးက ပြည်ပမှာတစ်ယောက်တည်းရုန်းကန်နေရတာ....သူမဘဝကဘယ်လောက်တောင် ခက်ခဲလိမ့်မလဲကွယ်... ပြီးတော့ ရှီရှန်းက သူ့အတွက်ဒီလောက်နောက်ခံကောင်းတဲ့ ချင်ကောရှိနေတာပဲ ဒီလောက်ငွေလေးပေး
တော့အသားပဲ့သွားမှာလား...!!
ဒီကိစ္စကြောင့် ချောင်မူနဲ့ချောင်ဖူနဲ့က အသဲအသန်စကားများကြတယ် အရင်ကမကျေနပ်တာတွေကိုပါ အကုန်ထုတ်ပြောကြတော့တယ် ဒီလိုနဲ့သူတို့နှစ်ယောက် ကွာရှင်းဖို့အထိဖြစ်လာတယ်
ေချာင်ဖူက ဘာမှမရလိုက်ဘူး ချောင်မူက သူ့ကိုငွေနှစ်သောင်းလောက်တောင်မကျန်တော့တဲ့ ကဒ်လေးတစ်ခုပဲပေးတယ်ကုမ္ပဏီ အိမ် ကားအကုန်လုံးကို ချောင်မူက သိမ်းလိုက်တယ်
ရှီရှန်းက သူပြောတာတွေနားးထောင်ပြီး
စွံအသွားတယ်
'ဒီလိုအခြေအနေနဲ့ ကွာရှင်းတာကိုလက်ခံလိုက်တာလား'
ချောင်ဖူက ခါးသက်မှုတွေနဲ့အတူ ပြုံးပြတယ်
"အဖေတို့လက်ထပ်ခဲ့တာ နှစ်တွေအကြာကြီးရှိနေပြီ ယောကျ်ားတစ်ယောက်အနေနဲ့ အဖေသူ့ကို သူ့ဘဝတစ်လျှောက်လုံးနေသွားဖို့ ပေးသွားသင့်တယ်လေ"
သူမနဲ့သူ စကားများရတာလည်းအတော်လေးပင်ပန်းနေပြီ
"ကုမ္ပဏီကို ဘယ်လိုလည်ပတ်အောင်လုပ်ရတယ်ဆိုတာရော သူသိလား"
ရှီရှန်းက စွံအသွားတယ်
'သူ့လက်ထဲရောက်မှ အကုန်ဂွမ်းတော့မယ်ထင်တယ် ချောင်မူလည်းတော်သားပဲ ဇာတ်ကြောင်းထဲမှာတော့ သူ့ကိုဒီလောက်ထည့်မရေးထားပါဘူး ဘယ်လိုဖြစ်ပြီးသူက ဇာတ်လိုက်မတို့အတွဲကိုဖြတ်တဲ့အပိုင်း ပါလာရတာလဲ ကြောက်စရာပဲ!'
ချောင်ဖူရဲ့အမူအယာက ပြောင်းသွားတယ် ဒါပေမဲ့ကုမ္ပဏီကိုက ပေးပြီးနေပြီဖြစ်တာကြောင့် သူဘာမှမလုပ်နိုင်တော့ဘူး
ရှီရှန်းက သက်ပြင်းချလိုက်တယ်
"အဖေ ကျွန်မတို့နဲ့ခုလောလောဆယ်တော့ နေဦး"
"မလိုပါဘူးကွယ် အဖေက သမီးဘယ်လိုနေလဲဆိုတာ လာကြည့်တာပြီးတော့ဒါကြီးကို မျိုသိပ်ထားရတာ ရင်ဖွင့်စရာလူမရှိလို့ပါ"
တစ်ခါတစ်လေမှာ ဖွင့်ထုတ်ဖို့တော့လိုတယ်လေ
ချောင်ဖူက ထွက်သွားဖို့လုပ်ပြီးပြောတယ်
"အဖေ ဒီနားမှာပတ်နေလို့ရပါတယ် အရင်ကလည်းဘာမှမရှိတာကနေစလာတာပါ အခုလည်းပြန်စလို့ရပါသေးတယ်"
"အဖေ"
ရှီရှန်းကသူ့ကိုတားတယ်
"အဖေ သမီးတို့အိမ်မှာ အခန်းလွတ်တွေအများကြီးရှိတယ် နက်ဖြန်ကြမှသမီးအနီးအနားမှာ အိမ်တစ်လုံးသယ်ပေးမယ်"
ဒါကိုကြားတဲ့အခါမှာ သူသဘောတူလိုက်တယ်
"အေးကွယ်"
သူ့သမီးနဲ့သမက်ကို ဒုက္ခမပေးချင်ဘူးလေ
........

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now