Arc 14.5

3.1K 454 1
                                    

Unicode

သိပ်မကြာခင်မှာပဲ ရှီရှန်းက မမျှော်လင့်ထားတဲ့ ဖုန်းခေါ်တာကို ရလိုက်တယ်

သူမကိုပိုပြီးတော့တောင် အံအားသင့်သွားစေတယ်

ဘာသာရပ်ကို ချိန်းပစ်လိုက်ပြီ

သူမမေဂျာက ကွန်ပျူတာသိပ္ပံဖြစ်သွားပြီ

'ဘာကြီးနေနေ ငါကတော့ဂရုမစိုက်ဘူး ငါ့မေဂျာကိုပြောင်းတဲ့အထိ လုပ်စရာလိုလို့လားဟင်...ပြီးတော့ ငါ့ကိုလည်းအရင်မေးသင့်တယ်မဟုတ်လား ဒတိယနှစ်တောင်ရောက်နေပြီလေငါက'

ဒါကို ဘယ်သူလုပ်ခဲ့တယ်ဆိုတာ စဥ်းစားစရာတောင်မလိုပါဘူး

ချောင်ဖူက သူ့လုပ်ငန်းနဲ့သူ ရပ်တည်နေတာဖြစ်ပြီးတော့ ချောင်မူကတော့ 

ပညာရေးနယ်ပယ်မှာ အလုပ်လုပ်တဲ့သူဖြစ်တယ် ဒါကြောင့် သူမမှာ အဆက်အသွယ်တွေ အများကြီးရှိတယ် ရှီရှန်းရဲ့ မေဂျာကို ချိန်းပေးလိုက်ဖို့က သူမအတွက်တော့အသာလေးပဲ

'ဒါပေမယ့် လည်းသူကဘာလို့ သိပ္ပံကွန်ပျူတာကိုမှ ရွေးလိုက်ရတာလဲ, ငါ့ကိုယောကျ်ားလေးတွေ ကြားထဲ ထွန်းထွန်းတောက်စေချင်နေတာလား'

ကွန်ပျူတာ သိပ္ပံပညာက သူမရဲ့ ကျွမ်းကျင်ဘာသာပဲ ဒါကြောင့် ရှီရှန်းအတွက်ကျောင်းတက်စရာမလိုဘူး ဒါကြောင့် ရှီရှန်းက မတက်မှာသေချာသွားပြီ

ဒါကြောင့်လည်း ချောင်မူက သူမကိုနေ့စဥ်ဖုန်းခေါ်ပြီး မပြီးဆုံးနိုင်တဲ့ စာစောင်တွေပို့တယ်

အဆုံးမှာတော့ ချောင်မူက သူမကို ကျောင်းမတက်ရင် အိမ်မပြန်လာဖို့ပါ ပြောလိုက်တယ်

'မပြန်ရတော့ရောဘာဖြစ်လဲ, ငါကပြန်ချင်နေတယ်ဆိုတော့'

.........

"ငါဒီနေ့ ပါမောက္ခကိုတွေ့လိုက်တယ် သူကအတော်လေး ရုပ်ချောတာပဲ!"

"သူကလေ အကြားအမြင်ရနေတယ်လို့တောင် ကောလောဟာလတွေထွက်သေးတယ်သူစာသင်နေရင် ဘယ်သူမှ ဖုန်းမကိုင်ရဲဘူးတဲ့"

"သူကအရမ်းခန့်တာပဲ ဒါပေမယ့်ငါတော့ သူအတန်းမတက်ဘူး.... အလှလေးက...တက်စရာမလိုဘူး"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now