Chapter 27

4.3K 544 36
                                    

Zawgyi

အခန်း (၂၇)
ဒါတွေအားလုံးကကိုယ့်အမှားပဲ

ရွှယ့်တုန်ထင်းက ဆီစိမ်စက္ကူထုပ်ကို ယူလိုက်သည်။ အထုပ်ထဲတွင် အသားပေါက်စီသုံးလုံးရှိနေ၏။ သူမက ပေါက်စီတစ်လုံးကိုယူ၍ ကျန်နှစ်ခုကို ပြန်ပေးလိုက်သည်။ စုန့်ယွီမင်က ခေါင်းခါလိုက်သည်။ "ကိုယ် ဗိုက်မဆာဘူး။ "

"ကျွန်မက တစ်ခုပဲ စားနိုင်တယ်" သူမက ဆိုသည်။

"အွန်း" တံငါသည်က ပြောလိုက်သည်။ သူက ကျန်သည့် ပေါက်စီနှစ်လုံးကို ယူ၍ ကိုက်အနည်းငယ်ဖြင့် အပြီးသတ်ပစ်လိုက်၏။ တုန်ထင်းက ပေါက်စီကို ဖြည်းဖြည်းချင်း ကိုက်စားနေသောကြောင့် သူက သွား၍ ရေနွေးအိုးကို ရေဖြည့်လိုက်ပြီး မီးဖိုပေါ်တည်လိုက်သည်။

သူမ အစာစားပြီးသွားသောအခါ ရေသောက်လိုက်သည်။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးလေးများက မီးဖိုပေါ်တွင် တင်ထားသော ရေနွေးအိုးကို ကြည့်နေသည်။ "ရေဆူနေပြီလေ၊ ဘာလို့ မီးဖိုပေါ်က မချသေးတာလဲ

စုန့်ယွီမင်က သူမ ပြောသည်ကို ကြားပုံမပေါ်ပေ။ သူက သူမကို တွန်းလှဲကာ ချုပ်နှောင်လိုက်၏။ "မင်းက စားသောက်ပြီးသွားပြီဆိုတော့ ကိုယ်တို့ ခုနကဟာကို ဆက်လုပ်ကြရင် မကောင်းဘူးလား" သူက တိုးတိုးလေးကပ်ပြောလာသည်။

သူက ခေါင်းငုံ့ပြီး သူမပါးကို နမ်းလိုက်သည်။ ရွှယ့်တုန်ထင်းမှာ ရှောင်ရှားလိုသော်လည်း ဤငါးဖမ်းသမားကို သူမ မည်သို့တွန်းဖယ်နိုင်လိမ့်မည်နည်း။ သူမ သူ့ကို နမ်းခွင့်ပေးလိုက်ရသည်။

စုန့်ယွီမင်သည် နူးညံ့သိမ်မွေ့စွာ သူမပါးကို နမ်းလိုက်ပြီး သူမမျက်ခုံးများနှင့် မျက်လုံးများကို စတင်နမ်းရှုပ်လိုက်သည်။ ရှည်လျားပြေပြစ်သော နှာတံလေးကို နမ်းပြီး နောက်ဆုံးတွင်သူမ၏ နူးညံ့လှပသော နှုတ်ခမ်းတစ်စုံကို နမ်းလိုက်သည်။ ရွှယ့်တုန်ထင်းက သူ့အား မငြင်းဆန်တော့ပေ။

သူက သူမ၏ဝတ်ရုံကို ချွတ်လိုက်ကာ နက်ရှိုင်းသော ဆံနွယ်ခွေများကို ဖြာကျဆင်းစေလိုက်၏။ သူမ၏ကျောက်စိမ်းသားကဲ့သို့ ဖြူဖွေးလှသော ခန္ဓာကိုယ်ကို သူ့ရှေ့တွင် ပေါ်လာသည်။ သူမအနားကို ချဉ်းကပ်လာရန် သူ မစောင့်နိုင်တော့ချေ။

❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)Where stories live. Discover now