Chapter 55.1 : တစ်ယောက်ထဲအပိုင်သိမ်းထားလို့ဘယ်ရမလဲနော့်

2.8K 382 0
                                    

Zawgyi

အခန်း (၅၅.၁)

စုန့်ယွီမင်က သူမကိုသာ ကြည့်နေ၍ မည်သည့်စကားမျှမဆိုချေ။

သူ့အကြည့်တို့တွင် မဖော်ပြနိုင်သော စကားလုံးများစွာ ပါဝင်နေပေသည်။

သူ့နှဖူးပေါ်တွင်မူကား မီးခိုးတို့ဖြင့် ပေကျံနေတော့၏။ ရွှယ့်တုန်ထင်းက မီးခိုးကျပ်မဲများကို သုတ်ပေးလိုက်ကာ သက်ပြင်းချ၏။ ဟင်းလေးချက်တာကို တစ်ကိုယ်လုံးလည်း ပေကျံနေတော့တာပဲ။

စုန့်ယွီမင်က ခွေးခြေခုံပုလေးတစ်လုံးပေါ်၌ ထိုင်လိုက်ကာ ရွှယ့်တုန်ထင်းကို ဆွဲ၍ သူ့ပေါင်ပေါ်တွင် ထိုင်စေလိုက်သည်။ မနေ့ညက ကောင်းကောင်းအိပ်ပျော်လား။ သူ့အသံက ခပ်လေးလေးဖြစ်နေသည်။

ရွှယ့်တုန်ထင်းက ခေါင်းကို သူ့လည်ပင်း၌ မြှုပ်ထားလိုက်ရာ သူမ၏ကိုယ်သင်းနံ့လေးက စုန့်ယွီမင်၏ နှာဖျားသို့တိုင် ပျံ့လွင့်လာ၏။

ကြည့်ရသလောက်တော့ တစ်စုံတစ်ယောက်အတွက် နေ့တာရှည်ခဲ့တဲ့ပုံပဲနော်။ သူမက ညီးတွားလိုက်သည်။ သို့သော် သူမ၏မကျေမနပ်ပြောသံလေးများက စုန့်ယွီမင်၏ နားထဲတွင်တော့ စိမ့်စမ်းရေလေး စီးဆင်းသွားသကဲ့သို့ပင်။

သူက သူမ၏မျက်နှာလေးကို သူ့လက်များနှင့် အသာအယာကိုင်ထားကာ နှဖူးချင်းထိကပ်လိုက်သည်။ ကိုယ် ဒီနေ့ ကူးတို့လိုက်မပို့ဖြစ်ဘူး။ သူက ဖြည်းဖြည်းပြောလာ၏။

ဪ.. သူမက ပြောသည်။ အဲ့တာဆို ဘယ်သွားခဲ့တာလဲ။ သူမက ညင်သာစွာ မေးလိုက်သည်။

ဘယ်မှမသွားဘူးလေ။

အင်း.. သူမ ငြီးငြူလိုက်သည်။ သူ့ နှုတ်ခမ်းလွှာများက သူမပေါ်တွင် ကြမ်းတမ်းစွာ နေရာယူလာလေ၏။ သူတို့နှစ်ယောက်လုံး အသက်ရှူမဝဖြစ်သွားသည့် အခါမှသာ သူ လွှတ်ပေးလိုက်တော့သည်။ တုန်ထင်း၏ရင်ဘတ်က အသက်လုရှူနေရသဖြင့် နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ သူမ၏ပါးပြင်လေးများက ပန်းရောင်သန်းနေကာ မြစ်ပေါ်ရောင်ပြန်ဟပ်လေ့ရှိသော ကြက်သွေးရောင်တံလျှပ်များထက် ပို၍ လှပ၏။ သူမက တစ်စုံတစ်ခုကို သတိထားမိသွားကာ စုန့်ယွီမင်၏ အင်္ကျီကို အပေါ်အောက် ကြည့်လိုက်သည်။ ဒီအင်္ကျီကို အရင်က မမြင်ဖူးပါဘူး။

စုန့်ယွီမင်က သူမ၏မျက်ဝန်းများထဲ စိုက်ကြည့်လိုက်သည်။ မနေ့ညက ကိုယ် လူအိုကြီးကျန်းနဲ့ ကူးတို့လိုက်ပို့တော့ ခြေချော်ပြီး ရေထဲပြုတ်ကျသွားတယ်လေ။ ကိုယ့်အင်္ကျီတွေကလည်း စိုရွှဲသွားတော့ လူအိုကြီးကျန်းရဲ့ လှေပေါ်က အင်္ကျီတွေကို ငှားဝတ်လိုက်ရတာပေါ့။

ရွှယ့်တုန်ထင်းက ခပ်ပါးပါးပြုံး၏။ ညမိုးချုပ်ကြီး လူအိုကြီးကျန်းရဲ့လှေပေါ်ကို ဘာသွားလုပ်တာလဲ။ ဝေ့ချီထပ်ကစားနေကြပြန်ပြီပေါ့လေ။

စုန့်ယွီမင်က ခေါင်းညိတ်လျက် ရယ်သည်။ အာ... သိသွားပြီပဲ။

သူမက ရုန်းချင်ဟန်ဆောင်လိုက်သည်။ သို့သော် သူကတော့ သွားခွင့်မပေးချေ။ သူက သူမကို ပွေ့ချီကာ အိပ်ခန်းထဲသို့ သယ်သွားလေ၏။ ကျွန်မကို အောက်ချပေး။ သူမက ခပ်တိုးတိုး ပြောလိုက်သည်။

စုန့်ယွီမင်က သူမကို လျစ်လျှူရှု၍ ဆက်လက်ပွေ့ချီသွားကာ အိပ်ယာပေါ်၌ ချလိုက်ပြီးနောက် သူ့လက်ကြီးများက သူမ၏အစိမ်းရောင်ကြာပွင့်အင်္ကျီကို အမြန်ဖြည်နေ၏။

ရွှယ့်တုန်ထင်းက ရယ်ကာ သူ့လက်မှ လွတ်အောင် ရုန်းလိုက်သည်။ မရဘူးလေ... အဲ့လောက်မှ အေးနေတာကို..

မင်းအခုဝတ်ထားတဲ့ အင်္ကျီကြီးက ကြည့်လို့လည်း မကောင်းဘူး။ သူက ညင်သာစွာ ပြောသည်။ ဟိုအနီရောင်နဲ့တစ်ထည်လောက်တောင် မလှဘူး။

ရွှယ့်တုန်ထင်းက ခေါင်းတညိတ်ညိတ်လုပ်ရင်း စုန့်ယွီမင်ကို အပြုံးတစ်ခုနှင့် မျက်စောင်းထိုးကြည့်လိုက်သည်။ ဘယ်အနီရောင်တစ်ထည်လဲ။ ဟို.. တိမ်နှင်းဆီဝတ်ထားတဲ့အင်္ကျီလား။

မင်း ကိုယ့်ကို နေ့လည်စာလာပို့တုန်းက ဝတ်ထားတဲ့တစ်ထည်လေကွာ။ လူအိုကြီးကျန်းကတောင် ပြောနေသေးတယ်။ အဲ့အင်္ကျီလေးက လှလို့ သူမြို့ထဲသွားရင် သူ့မိန်းမအတွက် ဆင်တူတစ်ထည်လောက် ဝယ်ခဲ့ပေးဦးမှပါတဲ့။ စုန့်ယွီမင်၏ အသက်ရှူသံက ခပ်လေးလေးဖြစ်လာသည်နှင့်အတူ သူ့လက်တို့ကလည်း အမြန်လှုပ်ရှားနေ၏။ ထိုအင်္ကျီက ဤမျှထိ ဖြည်ရခက်ခဲမည်မှန်း စုန့်ယွီမင်တစ်ယောက် တွေးပင်မတွေးကြည့်ဖူးပါ။ ၎င်းကိုဖြည်ရသည်မှာ တစ်သက်လောက်ကြာသည်ဟုပင် သူထင်နေသည်။ အချိန်အတော်ကြာ ဖြည်လိုက်သည့်တိုင် အင်္ကျီက ပြေလျော့မလာချေ။

ရွှယ့်တုန်ထင်းက သူ့လက်ကို ဆွဲကာ အဓိကအချက်ကို မေးလိုက်သည်။ ပြောပါဦး။ တိမ်နှင်းဆီဝတ်ထားတဲ့ အင်္ကျီက ကြည့်ကောင်းလား။

စုန့်ယွီမင်က နွမ်းလျစွာ ပြုံးလိုက်ပြီး သူမ၏ခါးစည်းကြိုးဖြည်ခြင်းကို လက်မြှောက်လိုက်တော့သည်။ ကိုယ် သေချာသတိမထားမိလိုက်ဘူးလေ။ ကိုယ် ဘယ်သိမလဲ။

❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)Where stories live. Discover now