*1* ဝိညာဥ်ကူးပြောင်းလာခြင်း

23.4K 2.3K 106
                                    

ရုန်ယိ သူ့ဘဝမှာအမုန်းဆုံးလူလေးမျိုးရှိသည်။ အဲ့တာတွေက gay ၊ ကလေး ၊ အရှုံးသမား နဲ့ မိန်းမလျာတွေဘဲ.။ဘာလို့သူ အဲ့လိုလူတွေကို ဒီလောက်မုန်းရလဲဆိုတော့.........

နက်မှောင်နေတဲ့အမူအယာနဲ့ သူခေါင်းငုံ့လိုက်ပြီး မိဘတွေသေသွားသလို ငိုနေတဲ့ လူငယ်လေးကိုကြည့်လိုက်၏။ သူဒေါသထွက်စွာနဲ့ပြောလိုက်သည်။
"ပြဿနာဖြစ်တိုင်းငိုနေမဲ့အစား ယောက်ျားတစ်ယောက်လိုပြုမူလို့မရဘူးလား...ငိုနေတာက အဲ့တာကိုဖြေရှင်းပေးနိုင်လို့လား.."

သူပွေ့ဖက်ပေးထားရတဲ့လူငယ်လေးက သူ့ထက် ၃နှစ်ကြီးတဲ့ သူ့ရဲ့ဒုတိယအစ်ကို ရုန်ချီ ဖြစ်သည်။ သူ့ရဲ့အကြီးမားဆုံး အလေ့အကျင့်က နေ့တိုင်းနေ့တိုင်း ဝတ်စားပြင်ဆင်ပြီး romantic ဆန်တဲ့ ရည်းစားရအောင် ရှာဖို့ဘဲဖြစ်သည်။ သူ့ကို ဘာကလုံးဝစိတ်အနှောင့်အယှက်ဖြစ်စေတာလဲဆိုတော့...သူ့အစ်ကိုက ချောမောတဲ့ယောက်ျားလေးတွေကိုဘဲ သဘောကျတာဖြစ်၏။

ရုန်ချီ သူ့ရဲ့မိတ်ကပ်လိမ်းထားတဲ့ နူးညံ့သိမ်မွေ့တဲ့မျက်နှာလေးကို မော့လိုက်ပြီး....
"ရှောင်ယိ..ငါစွန့်ပစ်ခံလိုက်ရပြီ..ဘယ်လိုလုပ်ရမလဲ..သူငါ့ကိုစွန့်ပစ်သွားပြီလို့..ငါအသက်တောင်မရှင်ချင်တော့ဘူး...အီးးဟီးးး.."

ရုန်ယိ ဒေါသထွက်လွန်းလို့ သူ့နဖူးပေါ်က သွေးကြောတွေတောင် ထောင်လာသည်။ ရုန်မိသားစုက လုံချန်မြို့က အကြီးဆုံးကျင့်ကြံရေးမိသားစုကြီးတွေထဲကတစ်ခုဖြစ်သည်။မိသားစုထဲကလူတိုင်းက မြို့ထဲမှာလေးစားခြင်းခံရသည်။ အထူးသဖြင့် သူ..ရုန်မိသားစုရဲ့တတိယသား.. ကြီးမားတဲ့ပုံရိပ်ရှိပြီး သူ့ရဲ့မြင့်မားလှတဲ့ကျင့်ကြံခြင်းပါရမီကြောင့် ကျော်ကြားသည်။ သူ့မှာ ဘာလို့များ ဒီလိုအရှုံးသမား ဒုတိယအစ်ကို ရှိနေရတာလဲ...။

"အဲ့သောက်ကောင်က ဒီကမ္ဘာကြီးမှာကျန်တဲ့ တစ်ဦးတည်းသော ယောက်ျားမလို့လား....အစ်ကို့လောက်တောင်ကြည့်မကောင်းတဲ့ အစ်ကို့ထက်အဆင့်နိမ့်တဲ့သူအတွက်နဲ့ငိုနေတယ်...အစ်ကိုဘာဖြစ်နေတာလဲ..ဟမ်.."

ရုန်ချီ မတ်မတ်ထထိုင်လိုက်ပြီး ရုန်ယိရဲ့ရင်ဘက်ကိုလက်သီးတစ်ချက်ထိုးလိုက်သည်။ သူကဒီလောက်နာကျင်ခံစားနေရတဲ့အချိန်မှာတောင် သူ့ညီကသူ့ကိုဒီလိုတွေလာပြောနေသေးတယ်။
"ရှောင်ယိ...မင်းကတစ်ကယ်မကောင်းဆိုးဝါးဘဲ..ငါဒီလောက်ဝမ်းနည်းနေရတဲ့ဟာကို မင်းကမနှစ်သိမ့်ပေးတဲ့အပြင် လာအော်နေသေးတယ်....မင်းကအဆိုးဆုံးဘဲ....အီး..ဟီးးး.. မင်းကအရမ်းဆိုးတာဘဲ......"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now