*197* သူပြန်လာပြီ

6.9K 1.2K 82
                                    

ဟိုင်ရှန်းမြို့ရဲ့ တုံမုလမ်းက အရင်လိုဘဲ သက်ဝင်လှုပ်ရှားဆဲဖြစ်ပေမဲ့ လူစည်ကားခဲ့တဲ့ အဝတ်အထည်ဆိုင်ကတော့ လုယူဓား​ြပတိုက်ခံလိုက်ရသလို ဘာဆိုဘာမှရှိမနေတော့။

ရုန်ယိ အပြင်ဘက်မှာရပ်ကာ အထဲကိုတစ်ချက်လှမ်းကြည့်ပြီး လှည့်ထွက်လာကာ အနီးနားက စျေးသည်ကိုမေးကြည့်လိုက်ပေမဲ့ တူညီတဲ့အဖြေကိုသာ ထပ်မံရရှိလာပြန်သည်။

"လူတွေအကုန် ဘယ်ရောက်သွားကြတာလဲ.. ငါသူတို့ကို ဘယ်နေရာမှာ သွားရှာရမှာလဲ။ ငါတစ်ကယ် တုံထျန်းမျှော်စင်ဖြစ်ဖြစ် ရွှမ်းယိခန်းမဖြစ်ဖြစ် သွားဖို့လိုနေပြီလား"
ရုန်ယိ ထိုဆိုင်ကနေထွက်လာကာ ဟိုးအဝေးက ကျိုရွှီဂိုဏ်းကို လှမ်းကြည့်လိုက်သည်။
"ပုချီများ ဂိုဏ်းထဲရှိနေသေးဦးမလား မသိဘူး"

မဟုတ်လည်း သူဆရာသခင်ယွမ်ရိကို သွားရှာလို့ရသည်။ ဒါပေမဲ့ ပုချီပြောသလိုဆိုရင် ယင်ကျင်းရဲ့က ကျိုရွှီဂိုဏ်းကို သွားတိုက်ခိုက်ဖျက်ဆီးထားတော့ ဆရာသခင်ယွမ်ရိက သူ့ကိုအခုချိန်တွေ့ချင်လောက်မှာမဟုတ်ပေ။ ဒါကြောင့် ဆရာသခင်ယွမ်ရိက သူ့ကို ယင်ကျင်းရဲ့နဲ့တစ်ခြားသူတွေအကြောင်း မပြောပြမှာ သူစိုးရိမ်သည်။

ဒါနဲ့ တစ်ခါ ရှန်းလွီ့က သူက ရှီကျင်းနယ်မြေက လွီ့မိသားစုကလို့ပြောဖူးသည်။ သူ့ကို အဲ့မှာ သွားရှာလိုက်သင့်လား။

ဒါပေမဲ့ သူရှီကျင်းနယ်မြေကိုသွားမယ်ဆိုရင်တောင်မှ ရှန်းလွီ့ကို ရှာတွေ့ဖို့ အချိန်အနည်းငယ်တော့လိုသေးသည်။ ရုန်ယိမှာ တစ်ကယ့်ကိုမစောင့်နိုင်တော့ဘဲ ယင်ကျင်းရဲ့တို့ကို တစ်ခါတည်းတွေ့ချင်နေလေပြီ။ ဒါကြောင့် အချိန်ဖြုန်းသလို မဖြစ်ရအောင် အရင်ဆုံး တုံထျန်းမျှော်စင် ဒါမှမဟုတ် ရွှမ်းယိခန်းမကိုသွားပြီးမှ ရှီကျင်းနယ်မြေကိုသွားကာ ရှန်းလွီ့ကိုသွားရှာဖို့ စီစဥ်လိုက်သည်။

သူ အနီးနားကဆိုင်မှာ တန်းစီစောင့်နေတဲ့ အသက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ကို မေးလိုကျသည်။
"အစ်မကြီး.. တုံထျန်းမျှော်စင်နဲ့ ရွှမ်းယိခန်းမတို့ကို ဘယ်လိုသွားရမလဲ သိလားခင်ဗျ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now