*181* မင်းရဲ့ဆရာတူအစ်ကိုကြီးနဲ့တွေ့ဖို့ခေါ်သွားပေးမယ်

6.6K 1.2K 40
                                    

ယင်ကျင်းရဲ့ သူ့အခန်းကိုအမြန်ပြန်သွားကြည့်လိုက်တဲ့အခါ ရုန်ယိရော ရုန်ယိခန္ဓာကိုယ်ပါ နှစ်ယောက်စလုံး အိပ်ရာပေါ်မှာ သတိမေ့နေကြတာတွေ့လိုက်ရတာကြောင့် ချက်ချင်းဘဲ မေးကြည့်လိုက်သည်။
"သူတို့ ဘာဖြစ်သွားကြတာလဲ"

ရန်ချိုးရွှမ်က သူ့ကို ဖြစ်စဥ်တစ်ခုလုံး ပြန်ပြောပြလိုက်သည်။

ယင်ကျင်းရဲ့မှာ နားမလည်နိုင်စွာပြန်မေးလိုက်မိ၏။
"ဒီတော့ ဆေးလုံးသောက်လိုက်တာတောင် ရုန်ယိ အိပ်ပျော်သွားမှာကို မတားလိုက်နိုင်ဘူးတဲ့လား"

"ဟုတ်တယ်"

ယင်ကျင်းရဲ့မှာ မျက်မှောင်တွေကြုတ်သွားရသည်။
"ရှောင်ယိရဲ့ ဝိညာဥ်တွေ သူ့ခန္ဓာကိုယ်ထဲ ပြန်ရောက်သွားပြီလား"

"ငါလည်းမသိဘူး.. ရှောင်ရုန်လည်း လွင့်ထွက်သွားပြီးတာနဲ့ တန်းပြီးသတိလစ်သွားတာဆိုတော့"

သူတို့တွေ ဒဏ်ရာရသွားလား သိရအောင် ယင်ကျင်းရဲ့က နှစ်ယောက်လုံးရဲ့ သွေးကြောကိုစမ်းသပ်ကြည့်လိုက်သည်။

ယင်ထောင်က ရန်ချိုးရွှမ်ရဲ့ အင်္ကျီစလေးကို ဆွဲပြီး
"ဘွားဘွား.... ဖေဖေက နေမကောင်းထပ်ဖြစ်ဦးမှာလားဟင်"

ရန်ချိုးရွှမ်က သူ့ကိုချီကာ တိတ်တဆိတ်မေးကြည့်လိုက်သည်။
"ချယ်ရီသီးလေးကရော နေကောင်းတဲ့ဖေဖေကိုသဘောကျလား.. နေမကောင်းတဲ့ဖေဖေကိုသဘောကျလား"

တစ်ကယ်တမ်းတော့လည်း သူမ မေးနေစရာတောင်မလိုပါဘူးလေ..။

"သားက နေမကောင်းမဖြစ်တဲ့ ဖေဖေ့ကို သဘောကျတာ"

ရန်ချိုးရွှမ်မှာ တိတ်တဆိတ်နဲ့ သက်ပြင်းသာချလိုက်မိတော့သည်။ သူမသားက ကလေးတွေနဲ့ ရင်းနှီးမှုတွေကို လုံးဝဖျက်ဆီးပစ်လိုက်ပြီးပြီဘဲ..။

"အာ..."
ရုန်ယိ နိုးလာ၏။

"ရှောင်ယိ.."
ယင်ကျင်းရဲ့က သူ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားပေမဲ့ ရုန်ယိတစ်ယောက် သူ့ရဲ့ ရီဝေနေတဲ့ မျက်ဝန်းတစ်စုံကို ဖွင့်ကြည့်လာတဲ့အခိုက်အတန့်မှာတော့ ချက်ချင်းလွှတ်ချလိုက်တော့သည်။ အကြောင်းကတော့ ဒီသူက သူ့ရဲ့ ရှောင်ယိမဟုတ်တာ သူခံစားလို့ရနေလေသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now