*12* ပါးစပ်ကိုပိတ်ထားလိုက်စမ်း

12.1K 1.9K 78
                                    

ရုန်ယိ ပိလော့ခြံဝန်းအဝကိုရောက်လာသည်။ သူ့ရဲ့နာကျင်နေတဲ့ရင်ဘက်ကိုဖိထားလိုက်ပြီး မျက်ရည်ပူတွေကိုပွတ်သုတ်လိုက်ရသည်။
"ချီးဘဲ!!!"

ရုန်စုက သူ့ကို ဒီကိုယ်မူလပိုင်ရှင်ရဲ့အမေက သူ့ခွင့်ပြုချက်မယူဘဲ မျိုးစေ့တွေကို သူ့ကိုယ်ထဲထည့်ခဲ့တယ်လို့ပြောလိုက်တည်းက ဖော်မပြနိုင်လောက်အောင် စိတ်ဆင်းရမှုတွေကိုခံစားလိုက်ရပြီး စွန့်ပစ်ခံလိုက်ရသလိုမျိုး သူ့ရင်ထဲမှာနာလာရ၏။ ဝမ်းနည်းလွန်းလို့ ငိုပါချလိုက်ချင်သည်။ ဒါက ဒီကိုယ်ရဲ့မူလပိုင်ရှင်က သူ့အမေကို သူ့ကိုကိုယ်ဝန်လွယ်ရအောင်လုပ်ခဲ့ပြီး သူ့ဆရာတူအစ်ကိုကြီးနဲ့ အတူမရှိနိုင်တော့အောင်လုပ်ခဲ့တာကြောင့် အပြစ်တင်နေသောကြောင့် ဖြစ်မည်။

"သခင်လေး.." ရုန်ဟွမ်ကလေးလေးစားစား နှုတ်ဆက်လိုက်သည်။

ဒီတော့မှ ရုန်ယိသတိပြန်ဝင်လာပြီး မေးလိုက်သည်။
"မင်းတို့ သခင်ဘယ်မှာလဲ.."

"သခင် ပြန်ရောက်လာတာ သခင်လေးသိပြီးသွားပြီလား" ရုန်ဟွမ်အံ့အားကြီးစွာမေးလိုက်၏။

"အင်း"

ရုန်ဟွမ် မျက်တောင်ခတ်လိုက်မိပြီး ပြောလိုက်သည်။
"သခင်လေး ဒီလမ်းပါ "

သူက ရုန်ယိကို အနောက်ဘက်ဆုံးခြံဝန်းထဲက အတွင်းခန်းကို ညွှန်ပြလိုက်သည်။
"သခင်က အထဲမှာပါ.."

ပြီးနောက် ရုန်ဟွမ်က လှည့်ပြန်သွားသည်။

ရုန်ယိ ခြံဝန်းအဝမှာရပ်နေရင်းနဲ့ သူအရမ်းကိုအလျှင်လိုနေမိလားဟု တွေးနေမိသည်။

ရုန်ဟွမ် ဒါမှမဟုတ် ရုန်စုက သူတို့ကို မိတ်ဆက်ပေးလာတဲ့အထိ စောင့်လိုက်သင့်လား..။ သူက ဒီကို မဖိတ်ခေါ်ထားဘဲ ရောက်လာတာဖြစ်တာကြောင့် သူ ယင်းကျင်းရဲ့ကိုဘာပြောသင့်လဲ ဒါမှမဟုတ် ဘယ်လိုမိတ်ဆက်လိုက်ရမလဲဆိုတာ မသိပေ။

ဒါပေမဲ့လည်း သူရောက်နေပြီဆိုမှတော့ ထွက်သွားဖို့အကြောင်းပြချက်လည်းမရှိပေ..။

သူတံခါးခေါက်တော့မဲ့အချိန်မှာဘဲ အခန်းထဲကနေ ရေကျသံတွေကြားလိုက်ရ၏။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now