(၂)

1.9K 286 77
                                    

[Unicode]

Disclaimer :
ဤဇာတ်လမ်း ဇာတ်ကောင်များနှင့် အချို့သော သမိုင်းအချက်အလက်များသည် စာရေးသူ၏ ဖန်တီးမှုသာ ဖြစ်ပါကြောင်း ။

Theme Song on Media :
SILENCE - Marshmello ft khalid

______________

(၂)

၁၉၆၅ခုနှစ် … ကျိုင်းတုံမြို့ ။

အရှေ့ပိုင်းရှမ်းပြည် ။

" အဖေ…  ကျနော် လက်မခံနိုင် … "

" တိတ်စမ်း ! "

ဖြောင်းကနဲ အသံနှင့်အတူ သူ့မျက်နှာက တဖက်သို့ လည်ထွက်သွားသည်။ နုထွေးသောပါးပြင်က နီရဲတက်လာသည် ။

" စိုင်းဟန်က အထက်တန်းတက်ရတော့မယ်… အေးလောဝ်လေးက အခုမှ မူလတန်းရှိသေးတယ် … "

တံခါးအပြင်တွင် ရပ်နေသော စဝ်ခွန်းဟန် နှင့် စဝ်ခွန်းလောဝ် ကို ညွှန်ပြရင်း အဖေက ပြောသည် ။ ကလေးနှစ်ယောက်သည် အဖြစ်အပျက်အလုံးစုံကို တဆတ်ဆတ်တုန်အောင် ကြောက်ရွံ့စွာဖြင့် ငေးကြည့်နေရုံသာ တတ်နိုင်ရှာသည် ။

" ကျောင်းစရိတ်အတွက် ကျနော်က လက်ထပ်ကြေး ရှာပေးရမယ် ဆိုပါတော့  … "

စကားပြောလိုက်သည်နှင့် ခံစားလိုက်ရသော မချိမဆန့်နာကျင်မှုကြောင့် မျက်ရည်စများ စီးကျလာသည် ။ အဖေက တောက်တချက်ခေါက်ကာ စားပွဲပေါ်တွင် စီတင်ထားသော စာအုပ်များကို တွန်းဖြိုချလိုက်သည် ။

" တိတ်တိတ်နေ … အကြီးပီသစမ်းပါ စဝ်ခွန်းကြွယ် … "

ကလေးနှစ်ယောက်ကို ဆွဲကာ ထွက်ခွာသွားသော ဖခင်ကို ကြည့်ရင်း သူ ဟက်ကနဲသာ ရယ်လိုက်မိသည် ။

အကြီးပီသစမ်းပါ… တဲ့လေ… ။

………………………

၁၉၈၀… ပစ္စုပ္ပန် ။

" အဲ့တာ ကျိုင်းတုံမှာနေခဲ့ရတဲ့ နောက်ဆုံးနေ့ပဲ … "

တည်ကြည်သော ကြွယ်၏ မျက်နှာလေးပေါ်တွင် ဝမ်းနည်းရိပ်များကို ခပ်ရေးရေးမြင်ရသည် ။

"နောက်ရက်ကနေ စပြီး တာချီလိတ်ကို လာခဲ့ရတယ်… 
ထိုင်းစာ နဲ့ တော်ဝင်ထုံးတမ်းတွေ အားလုံးကို အချိန် ၉လအတွင်း ပြီးပြတ်သွားအောင် လေ့လာခဲ့ရတယ် …  "

SILENCE |[Completed]|Where stories live. Discover now