(၃)

2.5K 315 96
                                    

[Unicode]

Disclaimer :
ဤဇာတ်လမ်း ဇာတ်ကောင်များနှင့် အချို့သော သမိုင်းအချက်အလက်များသည် စာရေးသူ၏ ဖန်တီးမှုသာ ဖြစ်ပါကြောင်း ။

Theme Song on Media :
SILENCE - Marshmello ft khalid

______________

(၃)

၁၉၇၅ခုနှစ်… မယ်ဆိုင်မြို့ ။

အေးမြသော မနက်စောစောအခါသမယဖြစ်သည် ။
ရာချီသော အစေခံများသည် မဟာမတ္တယဟော်နန်းတခုလုံးတွင် ပျားပန်းခတ်လှုပ်ရှားနေကြသည်။

ကောင်းသော ပျားပန်းခတ်ခြင်းတော့ မဟုတ်ချေ ။ သေအံ့မူးမူး အသက်တစ်ချောင်းကို ကယ်တင်ရန်အလို့ငှာ ပျားပန်းခတ်ပြေးလွှားနေကြရခြင်း ဖြစ်သည်။

ဟော်နန်း၏ အရှေ့ပန်းခြံထဲမှာ မြက်ခင်းပေါ်တွင် ကျောက်သားထိုင်ခုံတစ်ခုရှိသည် ။ ထိုထိုင်ခုံပေါ်တွင် မဟာဒေဝီစဝ်ခွန်းကြွယ် ရှိနေသည် ။ ရှပ်အင်္ကျီပွပွကို ရှမ်းဘောင်းဘီခပ်ပွပွထဲ ထည့်ဝတ်လေ့ရှိသောကိုယ်ခန္ဓာက ဒီကနေ့မှ ပို၍တင့္တယ္လှပနေသယောင်ရှိသည် ။ ငိုက်မြည်းနေသော ၇နှစ်အရွယ် မင်းသားလေး ရိုင် ကို လက်တစ်ဖက်ဖြင့် ပွေ့ချီကာ ကျန်တဖက်ဖြင့် ပြောင်းတိုသေနတ်တစ်လက်ကို ကိုင်စွဲထားသည့် သူ့ဟန်ပန်က နတ်ဒေဝါတစ်ပါး ဆင်းကြွလာသကဲ့သို့ပင်ထင်ရစေသည် ။

" အချိန်မရှိတော့တာသိမယ် ဆိုရင် ငါမေးတာကို ဖြေပေးကြ…  "

သူ့ အသံကတိတ်ဆိတ်နေသော မြက်ခင်းပြင်ကို လှုပ်နှိုးလိုက်သည်။ အစောင့်တစ်စု၏လက်ထဲမှအမဲလိုက်ရိုင်ဖယ်များက သူ့ရှေ့တွင် ဒူးထောက်နေသူ တစ်စုကို ချိန်ရွယ်ထားသည်။ လက်ပြန်ကြိုးတုတ်ခံထားရသော ဒူးထောက်သူတို့မှာ မဟာမတ္တယမင်းသမီးကြီး … သူမ၏သားတော် မင်းသားလေး နှင့် သူတို့ကိုယ်ပိုင်အစေခံတချို့ဖြစ်သည် ။

မနက်စာစားပွဲတွင် ခမ်း နှင့် သူ့ ဆန်ပြုတ်များကို တစုံတယောက်က အဆိပ်ခတ်ထားခဲ့သည် ။ သူက နေမကောင်းသော မင်းသားလေး ရိုင်ကို ပြုစုရန်သွားသဖြင့် ထိုမနက်စာကို စော်ဘွားတစ်ဦးတည်းသာ စားမိသွားသည်။
အဆိပ်ထည့်ထားသော အိတ်ခွံကို မရှင်းရသေးခင်တွင်ပင် မနက်စာပြင်သော အစေခံကို လက်ပူးလက်ကျပ်ဖမ်းမိသည် ။ အိမ်တော်မှ အစောင့်များနှင့်အတူ တာဝန်ရှိသူများကို သူကိုယ်တိုင် ခေါ်ထုတ်လာခဲ့သည် ။

SILENCE |[Completed]|Where stories live. Discover now