*3* ဘုရားမလို့ ပြားနေသေးတယ်

14.3K 2.2K 84
                                    

"သောက်လခွီးတဲ့မှ...ငါကကလေးမွေးရမှာလား...။ ချီးဘဲ!!! ရုန်ချီ....ငါဒီပုံရိပ်ယောင်ထဲကထွက်နိုင်တာနဲ့ မင်းရဲ့ သောက်သူငယ်ချင်းတွေကို အရေခွံခွာပစ်မယ်!!!....။" ရုန်ယိသူ့ရဲ့၈လကိုယ်ဝန်လောက်ရှိတဲ့ ကြီးမားလှတဲ့ဗိုက်ကိုကြည့်လိုက်၏။

သူမနည်းထထိုင်လိုက်ရပြီးနောက် ရှေးဆန်တဲ့အခန်းကိုလှည့်ပတ်ကြည့်လိုက်သည်။ များသောအားဖြင့်တော့ လူတစ်ယောက်က သူ့ကိုယ်သူပုံရိပ်ယောင်ထဲကျရောက်နေမှန်းသတိပြုမိသွားတဲ့အခါမှာ ပုံရိပ်ယောင်တွေက သူ့ဘာသာသူပျောက်သွားလေ့ရှိသည်။ ဒါပေမဲ့ ဒီပုံရိပ်ယောင်ကအခုထိ ဘာလို့ရှိနေသေးရတာလဲ..။ ဒီပုံရိပ်ယောင်ထဲကတာဝန်တွေကိုအရင်ဆုံးပြီးအောင်လုပ်ရမှာများလား...။

ရုန်ယိ စားပွဲနားကိုလျှောက်သွားပြီး သူ့လက်ချောင်းထိပ်ကိုကိုက်ကာ စားပွဲပေါ်မှာ အဆင့်၃ ပုံရိပ်ယောင်ချိုးဖျက်ခြင်းအစီအရင် ရေးဆွဲလိုက်သည်။ အစီအရင်ထဲကိုသူ့ဝိညာဥ်စွမ်းအားထည့်ဖို့ကြိုးစားတဲ့အချိန်မှာ သူ့ဝိညာဥ်စွမ်းအားက ကျင့်ကြံခြင်းရဲ့အစောဆုံးအဆင့် ချီစုဆောင်းခြင်းအဆင့်ထက်တောင်နိမ့်နေမှန်း ခံစားမိလိုက်သည်။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ..."

ရုန်ယိ ဖြစ်နေတာတွေကိုမယုံကြည်နိုင်စွာနဲ့သူ့လက်သူပြန်ကြည့်မိသည်။သူက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူ့ဝိညာဥ်စွမ်းအားတွေကအခုထက်ကိုအများကြီး စွမ်းအားကြီးသည်။ တစ်ယောက်ယောက်က သူ့မိသားစုထဲမှာ ဝိညာဥ်စွမ်းအားချိတ်ပိတ် အစီအရင်လုပ်ထားတာများလား...။

မဟုတ်သေးဘူး....ဒါလည်းမဖြစ်နိုင်ဘူး..။

သူတို့အိမ်တော်က လုံခြုံရေးအဝင်အထွက်ထိန်းချုပ်မှုတင်းကြပ်သည်။ အိမ်တော်ကိုလာသည့်လူတိုင်းက မိသားစုဝင်တွေနဲ့သိသည့်သူဖြစ်ပြီး ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးစစ်ဆေးမှုတွေပြုလုပ်ရသည်။ အစောင့်တွေက အဲ့ဒီသူနဲ့ သူပါလာတဲ့ပစ္စည်းတွေက အန္တရာယ်မရှိဘူးဆိုတာအတည်ပြုပေးမှ အိမ်ထဲဝင်ခွင့်ရှိသည်။

ဒါ့အပြင် ကျင့်ကြံဆင့်အမျိုးမျိုးကကင်းလှည့်အစောင့်တွေက အိမ်တော်ပတ်ပတ်လည် ကင်းစောင့်နေကြ၏။ အဆင့်မြင့်အကာအကွယ်အစီအရင်တွေ အဆင့်မြင့်အကြီးအကဲတွေပါပေါင်းလိုက်တဲ့အခါ မိသားစုဝင်တွေသတိမပြုမိဘဲနဲ့ ဝိညာဥ်စွမ်းအားချိတ်ပိတ်အစီအရင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now