အပိုင်း_၁၁

957 61 0
                                    

Unicode

နေ့လည်စာ စားချိန် ကိုယ်တို့ငွေဆောင်ကမ်းခြေ ရောက်သည်။ထမင်းစားပြီး သူမတစ်ရေးတမော အိပ်နေတုန်း ကိုယ့်အလုပ်လုပ်ဖို့ ထွက်လာလိုက်သည်။

သူမ နိုးလာရင် ကမ်းခြေမှာ ရေကစားချင်သည်တဲ့။ကြိုပြောထားသေးတာ ကိုယ့်မှာခေါင်းညိတ်ပေးခဲ့ရသည်။

အရင်ဦးဆုံး စားဖိုဆောင်က အစားစာတွေဝင်ကြည့်ပြီး ဝယ်ခြမ်းဖို့လိုတာတွေ မှားခိုင်းလိုက်သည်။တိမ်ယံတို့ ဟိုတယ်က အစားစာ Buffet စီစဥ်ပေးတာဆိုတော့ stocks အဆက်ပြတ်လို့မရ။ဧည့်သည်အများဆုံး သုံးဆောင်တတ်တဲ့ မီနူးတွေ၊ကြိုက်တတ်တဲ့ အစားစာတွေ ကိုသန့်ရှင်းမှုရှိစေဖို့ မှာကြားခဲ့ပြီ စားပွဲအခင်းအကျင်းတွေ check in လုပ်ဖို့ စားသောက်ခန်းကိုဝင်လိုက်သည်။

ပန်းကန်စီတာတွေ၊အစားစာခင်းကျင်းတာတွေ၊ဘားခုံမှာ ဝိုင်ခွက်တွေ စီတန်းတာကအစသေသေချာချာ စစ်ဆေးရသည်။staff တိုင်းက သူ့နေရာနှင့်သူ pro ဆန်ကြသူဆိုတော့ စိတ်တိုင်းကျပါသည်။ဘာမှ ပြောစရာမလို။

"ဟေး...တိမ်ယံ..ရောက်နေတာကြာပြီလား..."အသံနဲ့အတူ ကိုယ့်ရှေ့ကို အပြေးတစ်ပိုင်းရောက်လာတဲ့ ကိုယ့် boss ဥက္ကာမောင်။

သူဌေးဆိုသော်လည်း အသက်ကကိုယ်နဲ့မတိမ်းမယိမ်းပါပဲ။ကိုယ်စင်္ကာပူမှာ ကျောင်းတက်တုန်းက သူနဲ့သိခဲ့တာ။သူက ရန်ကုန်မှာအနေများတာ အပန်းဖြေဖို့ လာတာဖြစ်မယ်။

သူ့အဖေက ဟိုတယ်ကို ဦးစီးခိုင်းတော့ ကိုယ်နဲ့လက်တွဲလုပ်ဖို့ကမ်းလှမ်းလာတာနဲ့ အတူတူတွဲလုပ်ဖြစ်လာတယ်။သူက တည်းခိုပိုင်းတာဝန်ယူပြီး ကိုယ်ကအစားစာပိုင်းတာဝန်ယူကြတယ်။

"နေ့လည်လောက်က..မင်းရောရောက်တာကြာပြီလား..."

"last night..."

"relaxes...?"

"အင်း..."

"တစ်ယောက်တည်းလား..."

"အင်းကွာ..ကိုယ်စိတ်ညစ်လို့တစ်ယောက်တည်းထွက်လာတာ..."

ကြားသားမိုးကြိုး။ရွှေဘုံစံနေတဲ့ တစ်ဦးတည်းသောသူဌေးသားက စိတ်ညစ်လို့တဲ့။အဖိုးအဘွားရော မိဘတွေပါ တုန်နေအောင်ချစ်ခံရတဲ့သူက စိတ်ညစ်နေတယ်ဆိုတော့ တိမ်ယံ ဘာမှဆက်မမေးမိတော့။သူလဲ သူ့အပူနဲ့သူရှိမှာပဲလေ လူသားပဲကိုး။

love sick girls [ Uni🔛 Zaw ]Where stories live. Discover now