Unicode
တစ်ရက် ကုန်ဆုံးသွားခဲ့ပြီ။
ရန်ကုန်ပြန်ရောက်တည်းက မေမေက သူ့အလုပ်တွေနဲ့မအား။ကိုယ့်ကိုလဲ ပိုက်ဆံပေးပြီး shopping ထွက် မုန့်စားတဲ့။ကိုယ်မှ လိုချင်တာမရှိတာ။စားချင်တာလဲ ယံ ချက်ပြုတ်ကျွေးတာပဲ စိတ်ကလွမ်းနေတာ။အိမ်ပြန်ရောက်တည်းက ယံကိုဖုန်းခေါ်နေတာ ဖုန်းမကိုင်။မအားလို့များလား ညဘက်တွေခေါ်ကြည့်တယ် power off တဲ့။ယံ ဘာဖြစ်ပြန်ပြီလဲ စိတ်ပူနေရတာ။မေမေကလဲ ကိစ္စရှိလို့ဆိုပြီး လာခေါ်တာ ဘာလဲ ခုထိမပြောသေး။မေမေ ပုံစံကြည့်ရတာလဲ ကိုယ့်ကိုလွမ်းလို့လိုက်ခေါ်တာနဲ့မတူ။အေးဆေးပဲ သူ့အလုပ်တွေနဲ့။မေမေက ပုသိမ်ကို မုန်းနေတာဆိုတော့ ကိုယ်ဟိုမှာနေပျော်သွားမှာကို စိုးရိမ်တာများလား။ဘာဖြစ်ဖြစ် ကိုယ်အိမ်ပြန်ရောက်တည်းက ညစာတော့အတူလာစားပေးတာမို့ ဒီညနေတော့မေးဖြစ်အောင်မေးရမည်။ကိုယ် ပြန်ချင်နေပြီ။ဒီမှာ မပျော်ဘူး။
ထမင်းဝိုင်းကို ငေးရင်း မေမေကိုစောင့်နေတာ။ဒီရက်ပိုင်း မေမေရုံးမသွားတာ သတိထားမိတယ်။အိမ်ကနေပဲ အလုပ်လုပ်နေတာ အခန်းထဲကမထွက်။နံရံက နာရီကို လှမ်းကြည့်လိုက်တယ်။၆ နာရီထိုးတော့မယ်။ဒါဆို မေမေ လာတော့မည်။မနေ့က ၆ နာရီတိတိမှာ မေမေနဲ့အတူ ညစာစားခဲ့တာ။ကိုယ်ကြီးပြင်းလာတဲ့ ဖြတ်သန်းမှုတစ်လျှောက်မှာ ပထမဆုံး ညစာအတူစားဖူးတာမို့ နွေနှောင်းနာရီကို မှတ်မှတ်ရရကြည့်ထားမိသည်။ကိုယ်နဲ့အနေဝေးသွားလို့များ စိတ်တွေပျော့ပျောင်းလာတာလား။သေချာတာတော့ မေမေ ထူးဆန်းနေသည် ကိုယ်အိမ်ရောက်တည်းက။
မကြာပါဘူး။မေမေ သူ့အခန်းထဲက ထွက်လာတော့ ကိုယ့်မှာပျော်လိုက်ရတာ။ထမင်းပါ အသင့်ခူးထည့်ထားပေးလိုက်တယ်။
ကိုယ်တို့ ထမင်းဝိုင်းလေးက ဇွန်းသံ ခရင်းသံသာ ကြားရသည်။စကားသံတွေက အရင်လိုတိတ်မြဲ ဆိတ်ငြိမ်လျက်။ငယ်ငယ်က တစ်ယောက်တည်းထမင်းစားရင်း ပျင်းတဲ့အခါတွေဆို လျှောက်တွေးမိတယ်။မေမေ ဘာလို့နောက်အိမ်ထောင်မပြုတော့တာလဲ။မွေးချင်း မောင်နှမ တစ်ယောက်လောက်ရှိရင် ကိုယ့်မှာ စကားပြောဖော်ရှိဦးမည်။ဘာလို့ အလုပ်တွေပဲ နင်းကန်လုပ်နေရတာလဲ မသိ။ညဘက်တွေတောင် အိပ်မှအိပ်ရဲ့လား။
YOU ARE READING
love sick girls [ Uni🔛 Zaw ]