အပိုင်း_၁၈

780 55 0
                                    

Unicode

"ဒီမှာပဲနေနော်...ဘယ်မှမသွားနဲ့..."

"အင်း..."

"ပြန်လာလို့မတွေ့ရင်အပြစ်ပေးမှာနော်..."

"ဘယ်လိုပေးမှာ..."

"အနမ်းနဲ့..."

"အမ်..."

ကိုယ်ကြောင်အမ်းအမ်းဖြစ်ရပေမယ့် နွေကတော့ တစ်ခစ်ခစ်ရယ်ကာ အဝေးရောက်သွားလေပြီ။

ဒီလိုအပြစ်ဒဏ်မျိုးဆို တစ်သက်လုံးကျေကျေနပ်နပ်ကြီး အပြစ်ကျခံချင်လိုက်တာ။ရှက်ပြုံးလေးနဲ့ ကိုယ့်ကိုရွှတ်နောက်ကာ ထွက်သွားတဲ့ နွေ ကျောပြင်ကိုငေးကြည့်ရင်း သူ့အခန်းလေးမှာ ထိုင်လျက်ကျန်ခဲ့သည်။။ရေချိုးခန်းသွားဖို့အရေး ထပ်ခါထပ်ခါမှာနေတာများ နေထွက်လာတာနဲ့ လွင့်ပျယ်သွားတတ်တဲ့ မြူတွေလို ချက်ချင်းကြီး ကိုယ်ပျောက်ကွယ်သွားမယ့်အတိုင်း။

တစ်ဘဝမှာ တစ်ခါသာဖြစ်ပေါ်တတ်တဲ့ မြတ်နိုးမှုနဲ့ချစ်ခြင်းတရား အလေးအနက်ထားရတဲ့ ဒီမေတ္တာစမ်းရေကြောကလေးသည် ကိုယ့်ပေါ်ပြန်လည်စီးဆင်းပေးတာလောက် ပျော်ရွှင်မှုမျိုးက ပြည်စုံခြင်းအတိ။စိတ်ငြိမ်းချမ်းကာ ရင်ဖိုကြည်နူးရသောကိုယ်သည် နွေနဲ့ဆုံစည်းခဲ့တာ ကံကောင်းတဲ့လူသားတစ်ယောက်ဟု ခံယူရမည်။

ပြတင်းတံခါးဆီ ခပ်ဖြည်းဖြည်းလျှောက်ခဲ့ပြီး ကြည်လင်နေတဲ့ သဘာဝကြီးကိုငေးမောမိသည်။ဟိုးဝေးဝေးမှာ ထင်ထင်ရှားရှားလှမ်းမြင်နေရတဲ့ ကြိုးတံတားကြီး။လွင့်မျောနေတဲ့ ဖြူလွလွတိမ်စိုင်တိမ်ခဲကြား ကောင်းကင်ပြာပြာအောက်မှာ လှနေလိုက်တာ။ကိုယ်မရောက်ဖြစ်တာကြာခဲ့ပြီ။အပေါ်စီးကနေ ငဝန်မြစ်ရဲ့ဘဝပန်းချီကို မခံစားရတာကြာခဲ့ပြီ လွမ်းမိသလိုလို ငေးမောမိတာပေါ့။အဆန်းအပြားတွေ သိပ်မရှိပါဘူး ကိုယ်တို့မြို့လေးက။လမ်းတွေ သိပ်မရှုပ်သလို လည်ပတ်စရာများများစားစား မရှိပါဘူး။ရန်ကုန်လို မြို့ကြီး ပြကြီးတွေလို ဂုဏ်သတင်းမကြီးပါဘူး။ဒါပေမယ့် နာမည်ကျော်တဲ့ ပုသိမ်ထီးကလေးအကြောင်း ကမ္ဘာ့ကအသိအမှတ်ပြု အံ့သြရတဲ့ တို့ရိုးရာ​လေးက ပုသိမ်မြို့လေးကို ထင်ရှားစေခဲ့တာ အမှန်။

love sick girls [ Uni🔛 Zaw ]Where stories live. Discover now