အပိုင်း_၁၉

730 52 0
                                    

Unicode

ကိုယ်မအိပ်ဖြစ်တာကြာတဲ့ ကိုယ့်အိပ်ယာလေး။အိပ်ယာခင်းပြောင်းလိုက်လို့ ကိုယ့်အငွေ့သက်ပျောက်ကွယ်နေပေမယ့် ကိုယ့်ကိုမှတ်မိနေတန်းပဲ။ခေါင်းဦးနဲ့ခေါင်းထိကပ်လိုက်တာနဲ့ အိပ်ပျော်သွားစေတာ သောက်ထားတဲ့ဆေးတွေအရှိန်ကြောင့်ပဲလား ကုတင်လေးက ပိုင်ရှင်ကိုချစ်ခင်လွန်းလို့ပဲလား။နှစ်နှစ်ခြိုက်ခြိုက် ကိုယ်အိပ်ပျော်နေခဲ့တာ အချိန်တွေဘယ်လောက်ကုန်ခဲ့လဲမသိ။

ကိုယ်နိုးလာပြီး မျက်လုံးနှစ်လုံးဖွင့်ကြည့်တော့ အခန်းလေးကတိတ်ဆိတ်နေသည်။မအိပ်ခင်က ဘေးမှာစာဖတ်ပြနေတဲ့ နွေလဲ အနားမှာမရှိ။စားပွဲပေါ်က နာရီသေးသေးကို စောင်းငဲ့ကြည့်မိလိုက်သည်။

4 : 45 pm.
နေတောင်စောင်းလာပြီပဲ။ဆောင်းဆိုတော့ နေ့တာတိုပြီး နေလုံးကြီးကအဝင်မြန်တာ ဆက်အိပ်လို့မဖြစ်တော့။နေ့ခင်း နေ့လည်အိပ်နေကျအကျင့်မရှိတာဆိုတော့ ခေါင်းကမူးနောက်နောက်ရယ်။ဖြည်းဖြည်းချင်း ကုန်းထရသည်။လူတစ်ကိုယ်လုံးလဲ ဆေးနံ့တွေချည်း။

ရေချိုးခန်းဝင်ပြီး မျက်နှာသစ်သည်အထိ နွေရဲ့အရိပ်ရောင်မတွေ့။ကိုယ့်ကို ဘယ်မှမသွားနဲ့ဆိုပြီး သူကဘယ်တွေသွားနေတာလဲ။ကိုယ်အိပ်နေတုန်း သူလဲပျင်းတော့ အောက်ဆင်းသွားတာနေမှာပေါ့။ဖွင့်ချထားတဲ့ရေတွေ basin ဘောင်နီးနီးရောက်ခါနီးမှာ ရေဘားပိတ်လိုက်သည်။ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းပြီး basin ထဲမျက်နှာအပ်ကာ မျက်လုံးဖွင့်ထားလိုက်တယ် ခဏလောက်။ဒါကိုယ်လုပ်နေကျ။ခေါင်းမကြည်တိုင်း ရေပေါ်မျက်နှာအပ်ပြီး မျက်လုံးကစားနေကျ။မျက်စိအားကောင်းသလို  ခေါင်းရှင်းတာလဲမြန်သည်။ကိုယ်ရှာတွေ့ထားတာ။

တံဘက်ဖြူဖြူနဲ့ မျက်နှာကရေစတွေ တို့ထိတို့ထိကစားနေရင် ရေချိုးခန်းကထွက်တော့ အမိုးပေါ်ကတဒုန်းဒုန်းပြေးဆင်းလာတဲ့ ခြေသံကြားမိတာ လှည့်ကြည့်လိုက်တာ နွေ။မျက်နှာက ရွှင်လို့ လန်းလို့။ကိုယ့်ကိုမြင်တော့ ပြုံးပြတယ်။

"ယံ..နိုးနေပြီလား...မနိုးလဲ နွေ လာနိုးမလို့..."

"အင်း..ဘယ်လိုအိပ်ပျော်သွားမှန်းမသိလိုက်ဘူး..အတော်အိပ်ကောင်းတယ်..."

love sick girls [ Uni🔛 Zaw ]Where stories live. Discover now