*4* ဒါကြီးကဘီယာဗိုက်ဘဲဖြစ်မယ်

13.6K 2.1K 105
                                    

"အ!!..အာ့!!"   ရုန်ယိဖြေးညင်းစွာထိုင်ချလိုက်ပြီး နာကျင်နေတဲ့ဗိုက်ကိုကိုင်ထားလိုက်သည်။
"သောက်လခွီးတဲ့မှ...ငါတစ်ကယ်ကိုယ်ဝန်ရှိနေတာလားဟ...ငါ့ကို သောက်ကျိုးနည်းအောင်လာနောက်နေတာလား..ယောက်ျားတစ်ယောက်ကဘယ်လိုလုပ်ပြီးကိုယ်ဝန်ရနိုင်မှာလဲ...မဖြစ်နိုင်တာ..ဒါကြီးက ဘီယာဗိုက်ဘဲဖြစ်ရမယ်..."

သူ့ကိုယ်သူနှစ်သိမ့်နေတဲ့စကားတွေကို သူကိုယ်တိုင်တောင်မှမယုံနိုင်ဘူး..။အကြောင်းက တစ်ခုခုက အတွင်းကနေကန်နေတာကို သူရှင်းရှင်းလင်းလင်းကိုခံစားနေရ၏။

"ကျွန်တော်ပြန်ရောက်ပြီ...သခင်လေး.."
အဖြူရောင်ဝတ်စုံနဲ့လူငယ်လေးတစ်ယောက်လမ်းလျှောက်ဝင်လာပြီး ရုန်ယိ ကြမ်းပြင်မှာနာကျင်ဖြူဖျော့နေတဲ့မျက်နှာနဲ့ထိုင်နေတာကိုတွေ့တာတောင် တုံ့ဆိုင်းမသွားဘဲ ဖြေးညင်းစွာပြောလာသည်။
"နောက်ထပ် ဗိုက်နာနေပြန်ပြီလား"

ရုန်ဟွမ်က ဒူးတစ်ဖက်ထောက်ကာထိုင်ချလိုက်ပြီး ရုန်ယိရဲ့သွေးကြောကိုစမ်းလိုက်သည်။တော်တော်ကြာတဲ့ထိ ဘာမှပြောမလာပေ။

ရုန်ယိမနေနိုင်တော့ဘဲ နာကျင်နေတဲ့ကြားကပြောလိုက်၏။
"တစ်ခုခုပြောဦးလေ.."

"သခင်လေး မစိုးရိမ်ပါနဲ့..။ သခင်ငယ်လေးကအဆင်ပြေပါတယ်...။" ရုန်ဟွမ်ကသူ့လက်ကိုလွှတ်ပေးလိုက်သည်။

"ငါကြားချင်တာ အဲ့သောက်အကြောင်းမဟုတ်ဘူး!!!!. "ရုန်ယိထအော်လိုက်သည်။

သူက သူအစားတစ်ခုခုမှားစားမိလို့ ဒီလိုဗိုက်ကြီးပူနေရတာလို့ ကြားချင်ခဲ့တာ...။

ရုန်ဟွမ်အတွက် သခင်လေး ဒီလိုကြမ်းကြမ်းတမ်းတမ်းစကားပြောတာကြားရတာ ပထမဆုံးဖြစ်သည်။ဒါကြောင့် သူအနည်းငယ်လန့်သွား၏။
"သခင်လေးရဲ့လက်ရှိအခြေအနေအရဆိုရင်တော့ မွေးဖွားဖို့အနည်းဆုံး ၂နှစ်လောက်စောင့်ရဦးမယ်."

သူ့ကိုယ်ဝန်က နီကျားနဲ့ရတာများလား....

"သခင်လေး ကျွန်တော်ပြန်လာပြီ.."
ရုန်စုက လက်သည်တစ်ယောက်ကိုလက်မောင်းထဲမှာပွေ့ချီကာ အခန်းထဲပြေးဝင်လာပြီးနောက် သူမကိုအောက်ချပေးလိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်တော်တို့သခင်လေးကိုစမ်းသပ်ကြည့်ပေးပါဦး..ကျွန်တော်ရေနွေးသွားယူလိုက်မယ်...။"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now