Chapter - 10 (Zawgyi)

791 117 6
                                    

ရှန်းဝမ်ကျွမ်း ကြက်​သေ​သေသွားသည်။ ထို့နောက်သူ့ခန္ဓာကိုယ်က ​သွေး​ကြော​တွေထဲမှာ စီးဆင်း​နေတဲ့​သွေး​တွေအားလုံး သူ့မျက်နှာကိုပို့လိုက်သလို သူ့မျက်နှာတစ်ခုလုံးနီရဲသွားသည်။

သူ့​ပြောစကား​တွေအဆုံးမှာ ရှဲ့ဟန်က ​​ခေါင်းကို အသာငုံ​ထားခဲ့မိ​သော​ကြောင့် ရှန်းဝမ်ကျွမ်းရဲ့ အကြည့်​တွေကို မမြင်မိလိုက်​ချေ။ သူ ဘာမှမဖြစ်ခဲ့သလိုပဲ ဆက်ပြီးစား​နေခဲ့လိုက်၏။ ထိုအချိန်ခဏအတွင်း အခန်းထဲမှာ ကြားနိုင်သည့် တစ်ခုတည်း​သော အသံမှာ ​ကြွေပန်းကန်ပြားနှင့် ဇွန်း ထိခတ်သည့် ညင်သာသည့်အသံ တိုး​ဖျော့​ဖျော့သာရှိသည်။

တိတ်ဆိတ်မှုသည် မိနစ်ဝက်မျှကြာသွား​ချေသည်။

ရှန်းဝမ်ကျွမ်း သူ့နား​တွေ တဝီဝီ အူလာသလို ခံစားလိုက်ရသည်။ ဤဝန်ခံချက်ကြီးက ရာဇဝတ်သား​များ ရာဇဝတ်မှုအ​သေးစိတ်ကို ဝန်ခံ​နေသည်ထက် သူ့ကို ပို​ထိတ်လန့်​စေခဲ့သည်။

သူ တွေး​ခေါ်နိုင်စွမ်း လုံးဝ မဲ့​နေခဲ့၏။

ရှန်းဝမ်ကျွမ်းရဲ့နှလုံးသားတစ်ခုလုံးဟာ ပုံမှန်မဟုတ်သလို ပြင်းပြင်းထန်ထန်ခုန်​နေဆဲ။သူဟာ သံသယရှိသူများကို စစ်ဆေးမေးမြန်းနိုင်တဲ့ သူ့ရဲ့စွမ်းရည်အပေါ် အမြဲတမ်း အလွန်အမင်း ယုံကြည်မှုအပြည့်ရှိခဲ့သော်လည်း ယခုအချိန်တွင် မေးခွန်းတစ်ခုပင် မ​မေးနိုင်ခဲ့​ချေ။

ရှဲ့ဟန်က သူ့ကို လက်ထပ်ဖို့ စီစဉ်​ခဲ့တယ်?။ ဒါ...ဒါက အရမ်းထူးဆန်းတယ် မဟုတ်လား။ သူတို့က ​​ကျောင်းကစားကွင်းမှာ ​ပြေးလွှားဆော့ကစားတဲ့ အရွယ်ကတည်းက သူငယ်ချင်း​ကောင်း​တွေ ဖြစ်ခဲ့ကြတာ​လေ။ သူတို့က ညီအစ်ကို​တွေလိုပဲ​လေ။ သူတို့လက်ထပ်ရင်…သူတို့သာလက်ထပ်မယ်ဆိုရင်…

တကယ်တမ်း ဘာမှ​ဖြစ်မလာ​သေး​သော်လည်း ထိုအချိန်မှာ​တော့ ရှန်းဝမ်ကျွမ်း သူ့ကမ္ဘာကြီးတစ်ခုလုံး ​ဇောက်ထိုးဖြစ်သွားသလို ခံစား​နေခဲ့ရသည်။

ရှဲ့ဟန်က ထပ်ကာ စကားစလာပြန်သည်။ ဒါ​ပေမဲ့ သူ့စကား​​တွေက မ​ရေရာမှု​တွေနဲ့ ပြည့်​နေခဲ့သည်။

အိုမီဂါ ရေခဲပန်း​ပွင့်လေး (Completed)Where stories live. Discover now